ရှေ့သို့
Image

ပီအက်စ်ဂျီပစ်မှတ် ဒမ်ဘီလီအား ဆော်ဒီကလပ်ကို ရောင်းချရန် ကြံလာတဲ့ ဘာစီလိုနာ

4:45 PM, 7 August

ပီအက်စ်ဂျီအသင်းက ပြည်တွင်းလိဂ်ပြိုင်ပွဲအတွင်း အမှတ်ပေးချန်ပီယံဆုကို ဆက်တိုက် ဆိုသလို ရယူထားနိုင်ပေမဲ့ အဓိက ရည်မှန်းချက်ဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရအပြီးမှာ ကလပ်အသင်းပြောင်းရွှေ့ ကစားရန် တာစူနေတဲ့ အမ်ဘာကို အရန်ခုံပို့ထားခဲ့ပြီး ဒမ်ဘီလီကို ခေါ်ယူနိုင်ရန် နီးစပ်နေချိန်မှာ ကတ္တလန်ကလပ်က ဆော်ဒီလိဂ်ကို ရောင်းချရန် စီစဉ်နေတာပဲ ဖြစ်ပါတယ်။

ပြင်သစ်လီဂူဝမ်းချန်ပီယံအသင်းနဲ့ ဘာပေရဲ့ စာချုပ်က လာမယ့် ၂၀၂၄ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် စာချုပ်သက်တမ်းကုန်မှာ ဖြစ်ပြီး ကစားသမားက စာချူပ်သက်တမ်း ထပ်တိုးရန် ဆန္ဒမရှိနေတာကြောင့် ဘာစီလိုနာအသင်းရဲ့ တိုက်စစ်တောင်ပံတွင် အားထားနေရတဲ့ အူဆူမန်ဒမ်ဘီလီကို စာချုပ်ပါ အတိုင်း စာချုပ် လျော်ကြေးယူရိုသန်း ၅၀ဖြင့် ခေါ်ယူရန် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

စပိန်ဝါရင့်နည်းပြ လူးဝစ်အန်းနရစ်ရဲ့ ပီအက်စ်ဂျီအသင်းက ယခုအချိန်မှာ ရာသီကြိုခြေစမ်းခရီးစဉ်အဖြစ် အာရှတိုက်တွင် ရောက်နေပြီး အမ်ဘာပေအနေဖြင့်လည်း အစောပိုင်းတွင် လိုက်ပါပူးပေါင်းခဲ့ပေမဲ့ ပွဲထွက်ကစားခွင့်မရခဲ့ဘဲ ယခုအချိန်မှာ ပဲရစ်မြို့ကို ပြန်လာပြီး ရာသီကြိုခြေစမ်းခရီးစဉ်မှာ မပါတဲ့ ကစားဖော်တွေနဲ့အတူ ပြန်လည် လေ့ကျင့်နေတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းက အမ်ဘာပေရဲ့ နေရာအတွင်း ဒမ်ဘီလီကို ခေါ်ယူရေး အားစိုက်လုပ်ဆောင်နေပြီး ကစားသမားက ပဲရစ်မြို့တွင် ရောက်နေချိန် ဆေးစစ်ရန် စီစဉ်နေပေမဲ့ ဘာစီလိုနာအသင်းဘက်က တရားဝင် စာမပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ ဆော်ဒီလိဂ်ရဲ့ ထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်တဲ့ အယ်အာလီအသင်းက ဘာစီလိုနာအသင်းရဲ့ ပြင်သစ်တောင်ပံကစားသမားအတွက် ပြောင်းရွှေ့ကြေး ပိုမို မြင့်မားစွာပေးချေမှာ ဖြစ်သလို ကစားသမားအတွက်လည်း တစ်နှစ်လုပ်ခ ယူရိုသန်း ၁၀၀ ဖြင့် ကမ်းလှမ်းရန် စီစဉ်နေပေမဲ့ ကစားသမားက ပဲရစ်ကလပ်တွင်သာ သွားရောက်ကစားရန် စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။

နည်းပြ ဇာဗီရဲ့ ဘာစီလိုနာအသင်းက ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ကစားရန် စိတ်အားထက်သန်နေတဲ့ ဒမ်ဘီလီအား ရောင်းချရန် တုံ့ဆိုင်းနေပြီး ကစားသမားကို ဘာစီလိုနာအသင်းဖော်တွေနဲ့အတူ ပြန်လည် ပူးတွဲလေ့ကျင့်နေစေတာပဲ ဖြစ်ပါတယ်။

#ဘာစီလိုနာ #ပီအက်စ်ဂျီ #အပြောင်းအရွှေ့ #ဒမ်ဘီလီ