ရှေ့သို့
Image

ကင်မရွန်းအသင်း လူစာရင်းမှာ ပြန်လည်ပါဝင်လာတဲ့ ယူနိုက်တက်စတား အိုနာနာ

9:20 AM, 31 August

ကင်မရွန်းအသင်းနည်းပြ ရီဂိုးဘတ်ဆောင်းကတော့ ကင်မရွန်းအသင်းလူစာရင်းမှာ ယူနိုက်တက်ဂိုးသမား အိုနာနာကို ပြန်လည်ခေါ်ယူခဲ့တဲ့ ဆုံးဖြတ်ချက်ကို ရှင်းပြလိုက်ပါတယ်။ ယူနိုက်တက်ဂိုးသမားဟာ ၂၀၂၂ ကမ္ဘာ့ဖလား အလယ်တုန်းက ကင်မရွန်းနည်းပြကို နည်းစနစ်ပိုင်း ဝေဖန်ခဲ့ပြီးနောက် အိမ်ကိုပြန်ခဲ့တာဖြစ်ပါတယ်။

ဆောင်းက အိုနာနာတစ်ယောက် အနားယူဖို့ မကြေညာခင် အုပ်စုနောက်ဆုံးပွဲစဉ် ၂ ပွဲဖြစ်တဲ့ ဆားဘီးယား၊ ဘရာဇီးတို့နဲ့ပွဲတွေမှာ မထည့်ဖို့ တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အိုနာနာက အခုချိန်မှာတော့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

သတင်းထောက်တွေကို ပြောကြားရာမှာတော့ “အဲ့တာက သူ့ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်။ သူဘာလုပ်ရမလဲဆိုတာ သူသိပါတယ်။ တကယ်လို့ သူ့အသင်း လူစာရင်းထဲမှာ ပါဝင်မယ်ဆိုရင် သူမှန်တာကို  လုပ်ခဲ့တာလို့ ထင်ပါတယ်။ သူက အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးပါ။ သူ့အတွက်ဆို အမြဲတမ်းတံခါးဖွင့်ထားပါတယ်။ အိုနာနာနဲ့ ကျွန်တော်နဲ့ကြားမှာ ဘာပြဿနာမှ မရှိပါဘူး။ ဒီနေ့မှာတော့ သူအသင်းနဲ့ပြန်လည် ပေါင်းဆုံခဲ့လို့ ကျေနပ်မိပါတယ်”လို့ ဆောင်းက ပြောကြားခဲ့ပါတယ်။

အိုနာနာဟာ ကမ္ဘာ့ဖလားအပြီးကတည်းက စွမ်းဆောင်ရည်ကောင်းတွေ ပြသနေပြီး အင်တာမီလန်နဲ့ အတူ ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အဆိုပါအနေအထားကြောင့်ပဲ ယူနိုက်တက်က ဒီဂီယာနေရာကို အစားထိုးဖို့ အိုနာနာကို ပေါင် ၄၈ သန်း ပေးချေခေါ်ယူခဲ့တာဖြစ်ပါတယ်။

အိုနာနာဟာ နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် အာဆင်နယ်အသင်းနဲ့ ပွဲမှာလည်း လက်စွမ်းကောင်းပြသနိုင်ဖို့ ကြိုးပမ်းဖွယ်ရှိနေပါတယ်။ အဲ့နောက် အိုနာနာတစ်ယောက် ကင်မရွန်းအသင်းနဲ့အတူ ပူးပေါင်းဖွယ်ရှိနေပြီး စက်တင်ဘာ ၁၂ ရက်နေ့မှာ အာဖရိကနေးရှင်းဖလားခြေစစ်ပွဲအဖြစ် ဘူရန်ဒီအသင်းနဲ့ ကစားဖွယ်ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #အိုနာနာ #ကင်မရွန်း