ရှေ့သို့
Image

ဒမ်ဘီလီအပြောင်းအရွှေ့က ၉၉% ပြီးစီးနေပြီလို့ ပီအက်စ်ဂျီနည်းပြ အင်းနရစ်ပြောကြား

9:28 AM, 12 August

ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်က ဒမ်ဘီလီရဲ့အပြောင်းအရွှေ့ဟာ ၉၉% ပြီးစီးနေပြီဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

အသက် ၂၆ နှစ်သားဟာ ၂၀၁၈ ကမ္ဘာ့ဖလားရရှိခဲ့တုန်းက ပြင်သစ်အသင်းလူစာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပြီး လိုရီယန့်နဲ့ပွဲမှာတော့ ပါဝင်နိုင်မှာမဟုတ်တာဖြစ်ပါတယ်။ အင်္ဂါနေ့တုန်းက ဘာစီလိုနာနည်းပြ ဇာဗီက ဒမ်ဘီလီတစ်ယောက် အသင်းကနေ ထွက်ခွာတာကို အတည်ပြုခဲ့ပြီး ပီအက်စ်ဂျီအတွက်တော့ စကင်နီရာ ၊ လူးကပ်ဟာနန်ဒက်ဇ် ၊ ယူဂါတီ ၊ အန်ဒေါ ၊ အဆန်စီရို ၊ လီကောင်အင်း ၊ ရာမို့စ် နဲ့ ဂိုးသမား တီနက်စ်တို့ပြီးနောက်  ၉ ယောက်မြောက် ခေါ်ယူမှုဖြစ်လာခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ နေမာ နဲ့ ဘာပေတို့အခြေအနေမသေချာတာကြောင့် တိုက်စစ်ပိုင်းကိုလည်း အားဖြည့်ဖို့ ပြင်ဆင်နေပါတယ်။ နေမာနဲ့ ဘာပေတို့ ၂ ဦးစလုံး သောကြာနေ့တုန်းက လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့ပါတယ်။

ဘာစီလိုနာနဲ့ စပိန်နည်းပြဟောင်း အင်းနရစ်ဟာ ဂေတီယာနေရာကို အစားဝင်လာခဲ့တာဖြစ်ပြီး ပထမဆုံးရာသီကို စတင်ကိုင်တွယ်မှာဖြစ်ပါတယ်။

#ပီအက်စ်ဂျီ #အပြောင်းအရွှေ့ #ဒမ်ဘီလီ #အင်းနရစ်