ရှေ့သို့
Image

စပိန်လက်ရွေးစင် အသင်းကနေ အနားယူလိုက်တဲ့ အင်တာမီယာမီစတား ဂျော်ဒီအယ်လ်ဘာ

10:26 AM, 30 August

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ ဂန္ဓဝင်ကစားသမား ဒေးဗစ်ဘက်ခမ်း ပိုင်ဆိုင်တဲ့ အင်တာမီယာမီအသင်းက ရွှေဘောလုံး ၇ဆုရှင် မက်ဆီကို ခေါ်ယူနိုင်ခဲ့တဲ့အပြင် ဘက်စ်ကွက်နဲ့ အယ်လ်ဘာတို့ကိုပါ ခေါ်ယူထားခဲ့တာဖြစ်ပြီး အယ်လ်ဘာက မေဂျာလိဂ်ကို ပြောင်းရွှေ့လာခဲ့အပြီးမှာ စပိန်လက်ရွေးစင်အသင်းကနေ အနားယူလိုက်တာပဲ ဖြစ်ပါတယ်။

ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်ထားတဲ့ အင်တာမီယာမီအသင်းက ဘာစီလိုနာအသင်းရဲ့ နာမည်ကျော် ကစားသမားအစုဖွဲ့ကို အမေရိကန်မြေမှာ ပြန်လည်ပုံဖော်ရန် အားထုတ်နေပြီး မက်ဆီအပါအဝင် ကစားသမား ၃ဦးအထိကို စုစည်းထားနိုင်ခဲ့တဲ့အပြင် အင်နီယေစတာနဲ့ ဆွာရက်ဇ်တို့ကိုပါ ချိတ်ဆက်ခဲ့သေးတာလည်း ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ဂန္ဓဝင်ကစားသမားတွေနဲ့ စုဖွဲ့ရန်ပြင်ဆင်လာတဲ့ အင်တာမီယာမီအသင်းက လာလီဂါကလပ်ရဲ့ သက်တမ်းရှည်ကစားသမား ဂျော်ဒီအယ်လ်ဘာကို ၁နှစ်စာချုပ်ဖြင့် ခေါ်ယူထားခဲ့ပြီး ၁နှစ်သက်တမ်းတိုးခွင့်ပါ ထည့်သွင်းချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

ဂျော်ဒီအယ်လ်ဘာက ဘာစီလိုနာအသင်းအတွက် ၂၀၁၂ခုနှစ်ကနေ ၂၀၂၃ခုနှစ်အထိ ဆယ်စုနှစ် ၁ခုအထက်တွင် ကစားပေးခဲ့ပြီး ချန်ပီယံလိဂ်ဖလားအပါအဝင် လာလီဂါ အမှတ်ပေးဖလား ၆ကြိမ်အပြင် စပိန်လက်ရွေးစင်အသင်းနဲ့အတူ ယူရို ၂၀၁၂ပြိုင်ပွဲအတွင်း ခြေစွမ်းပြကာ ချန်ပီယံဆုရထားခဲ့တာကြောင့် ကစားသမားဘဝတွင် အတိုင်းအတာတစ်ခုအထိ အောင်မြင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂျောဒီအယ်လ်ဘာအနေဖြင့် ဘာစီလိုနာအသင်းတွင် အတူတကွကစားခဲ့ဖူးတဲ့ မက်ဆီ၊ ဘက်စ်ကွက်တို့နဲ့အတူ အင်တာမီယာမီအသင်းမှာ ခြေစွမ်းပြ ကစားရင်း လိဂ်ဖလားပြိုင်ပွဲတွင်ပါ ပူပူနွေးနွေး ချန်ပီယံဖြစ်ထားခဲ့တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဂျော်ဒီ အယ်လ်ဘာ #အင်တာမီယာမီ