ရှေ့သို့
Image

ပါဗက်အတွက် ဘိုင်ယန်မြူးနစ်နဲ့ သဘောတူညီမှု ရရှိခဲ့တဲ့ အင်တာမီလန်

2:33 PM, 22 August

ဘိုင်ယန်မြူးနစ်နဲ့ အင်တာမီလန်အသင်းတို့က ပြင်သစ်လက်ရွေးစင်နောက်ခံလူ ပါဗက်အတွက် ပြောင်းရွှေ့ကြေးယူရိုသန်း ၃၀ အပြင် အပိုထပ်ဆောင်းဆုကြေးယူရို ၂ သန်းဖြင့် အရောင်းအဝယ်ပြုလုပ်ဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ Sky Sport Italia သတင်းဌာနရဲ့အဆိုအရ သိရပါတယ်။

ဂျာမန်အခြေစိုက်သတင်းဌာနတွေက ဘွန်ဒက်စ်လီဂါကလပ်ဟာ ပါဗက်ရဲ့အပြောင်းအရွှေ့ကို ပိတ်ပင်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဖော်ပြခဲ့ပြီးနောက် ရက်ပိုင်းတွေအတွင်း ကလပ်အသင်းနှစ်ခုအကြား အပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှိဖို့ ပိုမိုနီးစပ်လာခဲ့ပါတယ်။

အခုဘောလုံးရာသီကုန်မှာပဲ ဘိုင်ယန်မြူးနစ်နဲ့စာချုပ်သက်တမ်းကုန်ဆုံးမယ့် ပြင်သစ်လက်ရွေးစင်ရဲ့ အင်တာမီလန်ဆီ ပြောင်းရွှေ့လိုနေတဲ့ စိတ်ဆန္ဒက အခုအပြောင်းအရွှေ့အတွက် အဓိက အရေးပါတဲ့ အချက်ဖြစ်ခဲ့ပါတယ်။ Sky Sport Italia ရဲ့အဆိုအရ အပြောင်းအရွှေ့အတွက် နောက်ဆုံး သဘောတူညီချက်မှာ ပြောင်းရွှေ့ကြေးယူရိုသန်း ၃၀ အပြင် အပိုထပ်ဆောင်းဆုကြေးယူရို ၂ သန်းဖြစ်တယ်လို့ သိရပါတယ်။

အင်တာမီလန်ရဲ့ကနဦးကမ်းလှမ်းမှုက ပြောင်းရွှေ့ကြေးယူရို ၂၅ သန်းအပြင် အပိုထပ်ဆောင်းဆုကြေးပေါင်းထည့်မှုတွေအရ ယူရိုသန်း ၃၀ အထိ ရောက်ရှိလာစေဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် အဓိကပြဿနာဖြစ်ခဲ့တာကတော့ ဘိုင်ယန်မြူးနစ်အနေဖြင့် အစားထိုးကစားသမားမရမချင်း ပါဗက်ကို လက်မလွှတ်လိုခဲ့တဲ့အချက်ပဲ ဖြစ်ပါတယ်။

အင်တာဘက်ကတော့ ပါဗက်ကို ဗဟိုခံစစ်ပိုင်းအတွက် ခေါ်ယူခဲ့တာဖြစ်ပြီး ဂျာမန်ချန်ပီယံတွေကတော့ လတ်တလောမှာ ညာနောက်ခံလူတစ်ဦးခေါ်ယူဖို့ ကြိုးစားရပါလိမ့်မယ်။

#အင်တာမီလန် #အပြောင်းအရွှေ့ #ဘိုင်ယန်မြူးနစ် #ပါဗက်