ရှေ့သို့
Image

ဂျူဗင်တပ်ကနေ ထွက်ခွာသွားနိုင်တယ်လို့ မာတူဒီ ပြောကြား

10:41 AM, 22 July

ဂျူဗင်တပ်အသင်းရဲ့ များပြားလှတဲ့ အပြောင်းအရွေ့တွေဟာ ကစားသမားအသစ်များရောက်ရှိမှုသာ ရှိခဲ့ပြီး အသင်းရဲ့ အားကစားဒါရိုက်တာ ဖေဘီယို ပါရာတ်ီချီကတော့ အသင်းမှာ ပိုနေတဲ့ကစားသမားတွေကို ရောင်းချချင်နေတာဖြစ်ပါတယ်။

အေဂျက်အသင်းရဲ့ ကစားသမားဟောင်း ဒီလစ်ကတော့ ဂျူဗင်တပ်အသင်းရဲ့ ၀ယ်ယူမှုမှာ ထိပ်ဆုံးတွင်ရှိခဲ့ပြီး ရမ်ဆေး၊ ရာဘီးယော့ နှင့် အသင်းရဲ့ ကန္တ၀င်ကစားသမား ဘူဖွန်တို့ကို အသင်းလွတ်ပြောင်းရွေ့ကြေးဖြင့် ခေါ်ယူခဲ့တာဖြစ်ပါတယ်။

လူငယ်ကစားသမားများဖြစ်တဲ့ ခရစ္စတီယာနို ရိုမီယို၊ လူကာ ပယ်လီဂရီနီ နှင့် ဒီမီရယ် တို့ကို အသင်းရဲ့ အနာဂတ် အတွက်ဝယ်ယူခဲ့ပြီး လက်ရှိမှာတော့ စီးရီးအေချန်ပီယံဟာ ပေါင် ၁၃၆ သန်း အသုံးပြုထားတာဖြစ်ပါတယ်။

ရင်နှီးငွေများကိုပြန်လည်ရရှိနိုင်ဖို့အတွက် လီယိုနာဒို စပင်နာဇိုလာ၊ အီမီလ်အော်ဒီရို၊ စတီဖန်နိုစတူရာရို နှင့် အခြားသောကစားသမားများကို ရောင်းချခဲ့ပြီး ပါရာတီချီကတော့ နောက်ထပ်ဝင်ငွေရရှိရန်အတွက် လုပ်ဆောင် လိုနေကာ နွေရာသီတွင် မာတူဒီကိုရောင်းချမယ်လို့လည်း Goal က ဖော်ပြထားပါတယ်။

အဆိုပါ ကွင်းလယ်ကစားသမားကို မိုနာကို အသင်းက ခေါ်ယူဖို့် စိတ်ဝင်စားနေပြီး ကမ္ဘာ့ဖလားဆုရှင်ကလည်း သူ့ရဲ့ မွေးရပ်မြေပြင်သစ်သို့ ပြန်မယ်လို့လည်း ပြောဆိုထားပါတယ်။

လက်ရှိမှာတော့ နှစ်ဖက်စလုံးက အလျှင်စလိုမဆုံးဖြတ်ကြသေးပေမယ့် မာတူဒီဟာ အသက် ၃၂ နှစ် အရွယ် ရှိနေ ပြီဖြစ်တဲ့အတွက်ကြောင့် တူရင်မှာတော့ အကန့်အသတ်ဖြင့်သာ ပွဲထွက်ရဖို့ရှိနေပါတယ်။

နောက်ထပ် စဉ်းစားရမှာတစ်ခုကတော့ ပြင်သစ်နိုင်ငံသားဟာ နည်းပြသစ်ဆာရီရဲ့ ကစားကွက်မှာ အံဝင်မှာလား ဆိုတာပါပဲ။

နည်းပြကလည်း မာတူဒီဟာ သူ့ရဲ့ ကစားကွက်မှာ အဓိက ကစားသမားအဖြစ် မပါဝင်ဘူးလို့ ပြောဆို ထားတဲ့အတွက်ကြောင့် ကလပ်ကလည်း ရောင်းချလိုနေတာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လတွင် ပီအက်စ်ဂျီအသင်းကနေ ယူရိုသန်း ၂၀ အပြင် အပိုဆုကြေးအဖြစ် ယူရို ၁၀.၅ သန်း  ပေးကာခေါ်ယူခဲ့ပြီး ဂျူဗင်တပ်စ်ကတော့ ကစားသမားကို စိတ်ဝင်စားနေတဲ့ အသင်းများထံမှ အနည်းဆုံး ယူရို ၂၅ သန်း အလိုရှိနေတာဖြစ်ပါတယ်။

ကစားသမားရဲ့ စာချုပ်ဟာလည်း နောက်ဆုံးနှစ်သို့ရောက်ရှိလာပြီဖြစ်တဲ့အတွက်ကြောင့် လိဂ်ဂူးဝမ်းကို ၄ ကြိမ် ရရှိထားတဲ့ ကစားသမားနှင့်ပတ်သတ်ပြီး ဂျူဗင်တပ်က ဆွေးနွေးဖို့က ဖြစ်နိုင်ပါတယ်။    

အသင်းအတွက် ၈၈ ပွဲ ကစားထားကာ ၇ ဂိုး သွင်းယူပေးထားတဲ့ ကစားသမားကို ဂျူဗင်တပ်စ်ကအသင်းက ရောင်းချဖို့အတွက် ပြင်ဆင်နေပါတယ်။

သြဂုတ်လ ၂၄ ရက်နေ့မှာ စတင်မယ့် စီးရီအေပွဲစဉ်မတိုင် ရာသီကြိုပြင်ဆင်မှုအနေနဲ့ ဂျူဗင်တပ်စ်အသင်းဟာ ICC ပွဲစဉ်တွင် စပါး၊ အင်တာ၊ အေတီကိုတို့နှင့် ကစားသွားမှာဖြစ်ပါတယ်။

#စီးရီးအေ #မာတူဒီ