ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ်နဲ့ အန်ဆုဖာတီရဲ့ သတင်းတွေကို ဖြေရှင်းခဲ့တဲ့ ဘာစီလိုနာနည်းပြ ဇာဗီ

12:00 PM, 19 August

ဘာစီလိုနာအသင်းမှာ အန်ဆုဖာတီရဲ့အနာဂတ်အပေါ် မသေချာမရေရာမှုတွေ ဆက်လက်ကြီးထွားလာတာကြောင့် ပရီးမီးယားလိဂ်အသင်းတော်တော်များများနဲ့ ချိတ်ဆက်မှုတွေရှိခဲ့ပြီး ပြိုင်ဘက်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ချေရှိတဲ့အကြောင်း စပိန်မီဒီယာတွေမှာ ကောလာဟာလတွေ ထွက်ပေါ်နေပါတယ်။

ဘာစီလိုနာအသင်းနည်းပြဖြစ်သူ ဇာဗီက အဆိုပါတိုက်စစ်မှူးသည် ရီးရဲလ်မက်ဒရစ်သို့ မပြောင်းရွှေ့ကြောင်း ရယ်မောကာ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ ဇာဗီက အန်ဆုဖာတီသည် ကလပ်၏ အနာဂတ်အတွက် အရေးကြီးသော ကစားသမားဖြစ်သောကြောင့် ဘာစီလိုနာတွင် ရှိနေမည်ဖြစ်ကြောင်းဟု အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ဇာဗီက "ဒါဟာ ဟာသပဲမဟုတ်လား အန်ဆုဖာတီ နဲ့ပတ်သတ်ပြီး ကျွန်တော်တော်တော်လေး ဝေခွဲမရဖြစ်ခဲ့ဖူးပါတယ်။ အဓိပ္ပါယ်မဲ့တဲ့ အငြင်းအခုန်တွေဖြစ်လာပါတယ်။ သူဟာ လက်ရှိအချိန်ရော ကလပ်ရဲ့အနာဂါတ်အတွက်မှာပါ အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းမှာဆက်ရှိနေမှာပါ "လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဘာစီလိုနာအသင်းနှင့် ဂီတာဖေးအသင်းတို့ ကစားခဲ့တဲ့ လာလီဂါအဖွင့် ပွဲစဉ်မှာ ဇာဗီဟာ အန်ဆုဖာတီကို လူစားထိုးအဖြစ်သာ အသုံးပြုခဲ့ပြီး ၁၁ မိနစ်သာ ပါဝင်ကစားစေခဲ့တာကြောင့် အဆိုပါကောလာဟလတွေကို ပိုမိုကြီးထွားစေခဲ့ပါတယ်။ ထို့အပြင်၊ ကလပ်အသင်း၏ဘဏ္ဍာရေးအခက်အခဲများကြောင့် အန်ဆုဖာတီကို တန်ကြေး ယူရို သန်း ၅၀ (ပေါင် ၄၃ သန်း/ $ ၅၄ သန်း) ဖြင့်ရောင်းချနိုင်သည်ဟူသော ဝေဖန်ချက်များကိုလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။

ဘာစီလိုနာက တနင်္ဂနွေနေ့မှာ ကာဒစ်ဇ်အသင်းကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့အခါ ဇာဗီက သူ့စကားအတိုင်း အန်ဆုဖာတီကို ပိုသိသာထင်ရှားတဲ့ ပွဲထွက်ခွင့်ကို ပေးမလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဇာဗီ #ရီးရဲလ်မက်ဒရစ် #ဖာတီ