ရှေ့သို့
Image

ရိုဒရီသွင်းဂိုးနဲ့အတူ အဖိုးတန်အဝေးကွင်းနိုင်ပွဲရှာဖွေနိုင်ခဲ့တဲ့ မန်စီးတီး

9:37 PM, 27 August

ရှက်ဖီးယူနိုက်တက် ၁-၂ မန်စီးတီး (ပွဲပြီးရလဒ်)

ဟာလန်း ၆၃ မိနစ်

ဘိုဂလီ ၈၅ မိနစ်

ရိုဒရီ ၈၈ မိနစ်


ပထမပိုင်းပွဲချိန်မှာ ပယ်နယ်တီအခွင့်အရေးလွဲချော်ခဲ့တဲ့ ဟာလန်းက ဒုတိယပိုင်းပွဲချိန်အတွင်းမှာတော့ အသင်းအတွက်ဦးဆောင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။ ဦးဆောင်ဂိုးခွင့်ပြုပေးခဲ့ရပြီးနောက် ရှက်ဖီးယူနိုက်တက်တို့ တိုက်စစ်ဖွင့်ကစားခဲ့ပြီး အခွင့်အရေးအချို့လည်း ရရှိခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာ ဘိုဂလီက အိမ်ရှင်တို့အတွက် ချေပဂိုးသွင်းယူပေးခဲ့လို့ ပရီးမီးယားလိဂ်ချန်ပီယံတွေဆီမှ အမှတ်ခွဲဝေယူနိုင်တော့မယ်လို့ ယူဆနေချိန်မှာပဲ မန်စီးတီးရဲ့ကွင်းလယ်အင်ဂျင်ကြီးရိုဒရီရဲ့အဝေးကန်ချက်နဲ့အတူ ပက်ဂွါဒီယိုလာရဲ့အသင်းအတွက် သုံးမှတ်တန်နိုင်ပွဲ ဖြစ်တည်လာခဲ့ပါတယ်။ အခုပွဲစဉ်အနိုင်ရလဒ်ကြောင့် မန်စီးတီးဟာ သုံးပွဲကစား၊ သုံးပွဲနိုင်၊ ရမှတ်ကိုးမှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ တက်လှမ်းလာနိုင်ခဲ့ပါတယ်။

#မန်စီးတီး #ရှက်ဖီးလ်ယူနိုက်တက် #ပရီးမီးယားလိဂ်