ရှေ့သို့
Image

တင်ဘား ဒဏ်ရာရရှိခဲ့တာကြောင့် ယူနိုက်တက်ပစ်မှတ် ပါဗက်ကို ခေါ်ယူဖို့ စဉ်းစားနေတဲ့ အာဆင်နယ်

11:32 AM, 18 August

အာဆင်နယ်အသင်းနောက်ခံလူ တင်ဘား၏ ဒူးကို ခွဲစိတ်ကုသရန် လိုအပ်သည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် အာဆင်နယ်အသင်းသည် ယူနိုက်တက်ပစ်မှတ် ဘိုင်ယန်မြူးနစ်နောက်ခံလူ ပါဗက်ကို ခေါ်ယူရန်စဉ်းစားနေကြောင်းသိရပါတယ်။

နယ်သာလန်သားနောက်ခံလူ တင်ဘား သည် ပြီးခဲ့သည့် တစ်ပတ်က နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရခဲ့သောပွဲတွင် ဒူးအရွတ်အရွတ်ဒဏ်ရာ ရရှိသွားပြီးနောက် အနည်းဆုံးခြောက်လခန့် အနားယူရဖွယ်ရှိနေပါတယ်။ အေဂျက်စ်အသင်းမှ ပေါင် ၃၉ သန်းဖြင့် ပြောင်းရွှေ့လာသော တင်ဘားသည် အာဆင်နယ်အသင်း အတွက် ပထမဆုံးပွဲဦးထွက်မှာပဲ ဒူးဒဏ်ရာ ရရှိခဲ့တာကြောင့် နည်းပြ အာတီတာ၏ အစီအစဉ်များသည် အခြေအနေနှင့်လိုက်လျောညီထွေ ပြောင်းလဲရဖွယ်ရှိနေပါတယ်။

တင်ဘားကို နောက်ခံလူနေရာ နှစ်နေရာခန့်ကစားနိုင်သောကြောင့် ဝယ်ယူခဲ့ခြင်းဖြစ်သော်လည်း လက်ရှိအခြေအနေကြောင့် နည်းပြဖြစ်သူ အာတီတာသည် အပြောင်းအရွှေ့ဈေးကွက်သို့ ပြန်လည်ဝင်ရောက်ရန် စဉ်းစားနေကြောင်းသိရပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘိုင်ယန်မြူးနစ် နောက်ခံလူ ပါဗက်သည် ယခုလအစောပိုင်းတွင် ယူနိုက်တက်အသင်းနှင့် ပုဂ္ဂိုလ်ရေးအရ သဘောတူညီခဲ့သော်လည်း ဘိုင်ယန်မြူးနစ်မှ အဆိုပါ ပြင်သစ်သားအတွက် ယူနိုက်တက်၏ အဖွင့်ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

ယူနိုက်တက်သည် ဝက်စ်ဟမ်းမှ မက်ဂွာရီကို ခေါ်ယူရန် ကမ်းလှမ်းမှုကို လက်ခံပြီးနောက် အဆိုပါ ကမ်းလှမ်းမှု ရောက်ရှိလာသော်လည်း နောက်ခံလူသည် ဝက်စ်ဟမ်းသို့ ပြောင်းရွှေ့ရန် ငြင်းဆိုခဲ့ကြောင်းသိရပါတယ်။ ဂန်းနားတွေက ပါဗက်ကို တင်ဘား၏ နေရာမှာ အစားထိုးဖို့ စဉ်းစားနေတာကြောင့် အာဆင်နယ်အတွက် အခြေအနေကောင်းနိုင်ကြောင်း ရိုမာနိုက ပြောခဲ့ပါတယ်။

အဆိုပါပြင်သစ်သားဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့တာကြောင့် အသင်းမှ ထွက်ခွာချင်နေတာဖြစ်ပါတယ်။ ၎င်းသည် ဘိုင်ယန်မြူးနစ်တွင် ၎င်း၏ အချိန်အများစုကို ညာနောက်ခံလူအဖြစ် ကစားခဲ့ရသော်လည်း ၎င်း၏ဦးစားပေး ကစားလိုသည့်နေရာမှာ ဗဟိုခံစစ်ဖြစ်ပါတယ်။ ၎င်းသည် အာတီတာရှာဖွေနေသော နောက်တန်း နှစ်နေရာကစားနိုင်သည့် အဓိက ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

#အာဆင်နယ် #အပြောင်းအရွှေ့ #ဘိုင်ယန်မြူးနစ် #ပါဗက် #တင်ဘား