ရှေ့သို့
Image

အသင်းသစ် ထပ်မံရှာဖွေရတော့မယ့် ဝက်ဂ်ဟော့

9:16 AM, 9 August

တိုက်စစ်မှူး ဝက်ဂ်ဟော့ဟာ ဘန်လေကနေ ဟော့ဖန်ဟိမ်းသို့ အငှားဖြင့် ပြောင်းရွှေ့ရတော့မယ်လို့ သိရှိရပါတယ်။

လွန်ခဲ့တဲ့ ၁၂ လ ဘက်ဆစ်တပ်သို့ သွားရောက်ခဲ့ပြီးနောက် တိုက်စစ်မှူးဟာ ဘန်လေကနေ တတိယအကြိမ်မြောက် ထွက်ခွာရမှာဖြစ်ပါတယ်။ တူရကီတွင် ၆ လတာ ကစားခဲ့ပြီးနောက် ဇန်နဝါရီလတွင် ယူနိုက်တက်သို့ရောက်လာခဲ့သော်လည်း အိုးထရက်ဖို့ဒ်တွင် အကောင်းဆုံးခြေစွမ်းမပြသနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ ရာသီကြိုတွင် ဘန်လေသို့မသွားရောက်မီ တန်ဟက်ရဲ့အသင်းအတွက် ၃၁ ပွဲကစားပေးခဲ့ပြီး ၂ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီတစ်ပတ်တွင် ပရီးမီးယားလိဂ်ပွဲစဉ်များ စတင်တော့မှာဖြစ်တာကြောင့် ဝက်ဂ်ဟော့အနေနဲ့ ဘန်လေကနေ နောက်ထပ် အငှားထွက်ကစားရတော့မှာဖြစ်ပါတယ်။

အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမန်နိုရဲ့ ဖော်ပြချက်အရ ဟော့ဖန်ဟိန်းဟာ ၂၀၂၃-၂၄ ရာသီအတွက် ဝက်ဂ်ဟော့ကို အငှားဖြင့် ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါကလပ်သို့ သွားရောက်ဖို့အတွက် တိုက်စစ်မှုးဟာ ယနေ့တွင် ဆေးစစ်မှုခံယူသွားမှာဖြစ်ပါတယ်။ ဘန်လေသို့ မပြောင်းရွေ့မီ ဝုဖ်ဘတ်တွင် ကစားခဲ့ဖူးတာဖြစ်ပြီးနယ်သာလန်နိုင်ငံသားဟာ ဂျာမနီသို့သွားရောက်တော့မှာဖြစ်ပါတယ်။

ဝက်ဂ်ဟော့ဟာ ၂၀၂၂ခုနှစ်တုန်းက တိုက်စစ်မှူးခရစ္စဝုဒ်ရဲ့နေရာမှာ အစားဝင်ရောက်ဖို့အတွက် ဘန်လေသို့ ရောက်လာခဲ့တာဖြစ်ပါတယ်။ ပွဲ ၂၀ ကစားခဲ့ရာတွင် ဝက်ဂ်ဟော့ဟာ ၂ ဂိုးသာ သွင်းနိုင်ခဲ့ပြီး သူ့ရဲ့အသင်းကလည်း ချန်ပီယံရှစ်သို့ တန်းဆင်းသွားခဲ့ရပါတယ်။ ဒုတိယရာသီတွင် ဘန်လေတွင် ဆက်မနေဘဲ အငှား ၂ ကြိမ် ထွက် ကစားခဲ့ပါတယ်။ ဟော့ဖန်ဟိမ်းသို့ ပြောင်းရွှေ့ချိန်မှာ ဘန်လေနှင့် သူ့ရဲ့စာချုပ်က ၂ နှစ်ကျန်ရှိနေပါတယ်။
#ဘန်လေ #ဟော့ဖန်ဟိမ်း #အပြောင်းအရွှေ့ #ဝက်ဂ်ဟော့စ်