ရှေ့သို့
Image

ဘာစီလိုနာ နောက်ခံလူ ဂျော်ဒီအယ်လ်ဘာကို ချိတ်ဆက်နေတဲ့ အင်တာမီယာမီ

1:25 PM, 14 June

သတင်းတွေအရ အင်တာမီယာမီအသင်းဟာ ဘာစီလိုနောက်ခံလူ ဂျော်ဒီအယ်လ်ဘာကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပြီး တီကို ၊ အင်တာနဲ့ ဆော်ဒီကလပ်တွေကလည်း အလိုရှိနေပါတယ်။

အသက် ၃၄ နှစ်သားဟာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အခုနွေရာသီမှာ အသင်းသစ်ရှာဖွေနေတာ ဖြစ်ပါတယ်။ အယ်လ်ဘာက ဘယ်အသင်းမဆို တံခါးဖွင့်ထားဆဲဖြစ်ကာ လက်ရှိအချိန်မှာတော့ စပိန်အသင်းနဲ့အတူ နိုင်ငံပွဲကစားနေတာဖြစ်ပါတယ်။

မက်ဆီကတော့ အင်တာမီယာမီကိုပြောင်းရွှေ့မှာဖြစ်ပြီး အင်တာမိုင်ယာမီ အသင်းက အယ်လ်ဘာအပြင် ဘာစီလိုနာကွင်းလယ်လူဟောင်း ဘက်စ်ကွက်ကိုလည်း ခေါ်ယူချင်နေပါတယ်။ ကနဦးဆွေးနွေးမှု မရှိသလို ကမ်းလှမ်းမှုလည်းမရှိသေးတဲ့ အနေအထားမှာ မီယာမီက မက်ဆီအပြင် အခြားဘာစီလိုနာကစားသမားဟောင်းတွေကိုပါ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

ကစားသမားကိုယ်တိုင်ကလည်း ဇနီးသည်နဲ့ ကလေးအနေအထားကြောင့် ဥရောပမြေမှာပဲ ဆက်နေချင်နေပါတယ်။ တီကိုနဲ့ အင်တာမီလန်တို့ကလည်း အယ်လ်ဘာကို စိတ်ဝင်စားနေကြပြီး ဆော်ဒီကလပ်တွေကလည်း ကမ်းလှမ်းထားပါတယ်။

#ဘာစီလိုနာ #အပြောင်းအရွှေ့ #ဂျော်ဒီ အယ်လ်ဘာ #အင်တာမီယာမီ