ရှေ့သို့
Image

ဒမ်ဘီလီအပြင် အန်ဆူဖာတီကိုပါ ချိန်ရွယ်လာတဲ့ ပီအက်စ်ဂျီ

3:56 PM, 7 August

ပီအက်စ်ဂျီအသင်းက ပြည်တွင်းလိဂ်ပြိုင်ပွဲအတွင်း အမှတ်ပေးချန်ပီယံဆုကို ဆက်တိုက်ဆိုသလို ရယူထားနိုင်ပေမဲ့ အဓိက ရည်မှန်းချက်ဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရအပြီးမှာ ကလပ်အသင်းပြောင်းရွှေ့ ကစားရန် တာစူနေတဲ့ အမ်ဘာကို အရန်ခုံပို့ထားခဲ့ပြီး ဒမ်ဘီလီကို ခေါ်ယူရန် လုပ်ဆောင်နေသလို တစ်ဆက်တည်းမှာ အန်ဆူဖာတီကိုပါ ချိန်ရွယ်နေတာပဲ ဖြစ်ပါတယ်။

ပြင်သစ်လီဂူဝမ်းချန်ပီယံအသင်းနဲ့ ဘာပေရဲ့ စာချူပ်က လာမယ့် ၂၀၂၄ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် စာချူပ်သက်တမ်းကုန်မှာ ဖြစ်ပြီး ကစားသမားက စာချူပ်သက်တမ်းထပ်တိုးရန် ဆန္ဒမရှိတာလည်း ဖြစ်ပါတယ်။ အဓိက တိုက်စစ်ကစားသမား အမ်ဘာပေရဲ့ နေရာအတွက် ကစားသမားဖြည့်တင်းရန် ပြင်ဆင်နေပြီး ပြင်သစ်တောင်ပံတိုက်စစ်ကစားသမား ဒမ်ဘီလီကို ခေါ်ယူရေး လုံးပမ်းနေချိန် ဆော်ဒီကလပ် အယ်ဟီလယ်လ်အသင်းကလည်း ကြားဝင် ကမ်းလှမ်းမှု ပြုလုပ်ထားတာ ဖြစ်ပါတယ်။

နည်းပြ လူးဝစ်အန်းနရစ်ရဲ့ ပီအက်စ်ဂျီအသင်းက အမ်ဘီလီကို ခေါ်ယူရေး ကြိုပမ်းနေသလို မက်ဆီအငယ်စားလေးလို့ နာမည်ကြီးခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ လာမာစီယာအကယ်ဒမီထွက် ကစားသမားဘက်ကိုပါ ဦးလှည့်နေတာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းတွင် ပြောင်းရွှေ့ကစားရန် သတင်းပြေးနေတဲ့ အမ်ဘာပေ ပါဝင်လာတာကြောင့် ပီအက်စ်ဂျီ အသင်းရဲ့ အပယ်ခံကစားသမားအစုဖွဲ့တွင် ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်လက်ရွေးစင်ကစားသမားတွေဖြစ်တဲ့ အမ်ဘာပေ၊ ဂျူလီယန်ဒရက်ဇ်လာ၊ ပါရီဒက်စ် တို့အပြင် ဝင်နယ်လ်ဒန်အပါအဝင် ကစားသမား ၁၅ဦးအထိပါဝင်လာခဲ့ပြီး အတူပူးပေါင်း လေ့ကျင့်နေကြတာပဲ ဖြစ်ပါတယ်။

အန်ဆူဖာတီက ဘာစီလိုနာအသင်းရဲ့ အားထားရတဲ့ တိုက်စစ်ကစားသမားတစ်ဦးဖြစ်တာကြောင့် ကျောနံပါတ် ၁၀ကို ဝတ်ဆင်ကစားခွင့် ရခဲ့ပေမဲ့ ပြီးခဲ့တဲ့ ရာသီတွင် နည်းပြ ဇာဗီရဲ့ လက်ထက်မှာ ပုံမှန် ပွဲထွက်ကစားခွင့် အနည်းငယ် ပျောက်ဆုံးနေခဲ့တာပဲ ဖြစ်ပါတယ်။

#ပီအက်စ်ဂျီ #အပြောင်းအရွှေ့ #ဒမ်ဘီလီ #ဖာတီ