ရှေ့သို့
Image

အိုနာနာရဲ့ နေရာမှာ အစားဝင်ပြီး လက်စွမ်းပြသဖို့ အခွင့်အရေး ရရှိတော့မယ့် ဘယင်ဒါ

12:55 PM, 28 January

ဖီနာဘာချီမှ ပေါင် ၄.၇ သန်းဖြင့် ပြောင်းရွှေ့ခဲ့တဲ့ တူရကီဂိုးသမားဟာ အိုနာနာကစားခဲ့တဲ့ ၂၉ ပွဲစလုံးမှာ အရန်ဂိုးသမားအဖြစ် ရှိနေခဲ့ရတာဖြစ်ပါတယ်။

သို့သော်လည်း ကင်မရွန်းနိုင်ငံသား အိုနာနာဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်သို့ ရောက်ရှိခဲ့ပြီးနောက် နောက်ဆုံးတွင် ဘယင်ဒါဟာ အက်ဖ်အေဖလားစတုတ္ထအဆင့်အဖြစ် နယူးပို့ကောင်တီနှင့်ပွဲမှာ ပထမဆုံး ပွဲထွက်ခွင့်ရရှိတော့မှာဖြစ်ပါတယ်။


တန်ဟက်ရဲ့အသင်းဟာ လက်ရှိရာသီတွင် အသင်းရဲ့ဂိုးသမားတွေကို အလှည့်ကျအသုံးပြုတဲ့ ပရီးမီးယားလိဂ် ကလပ်များအနက် နောက်ဆုံးဖြစ်ပါတယ်။ ဒါကြောင့် ဘယင်ဒါရဲ့ အရည်အသွေးတွေကို နည်းနည်းလေးမှ လျော့တွက်လို့မရပါဘူး။ သို့သော် နယ်သာလန်နိုင်ငံသားနည်းပြရဲ့ အိုနာနာကို ထောက်ခံပေးခဲ့တာကိုလည်း လက်ခံရမှာဖြစ်ပါတယ်။


ဒါပေမယ့် အခုအချိန်မှာတော့ ဘယင်ဒါရဲ့အချိန်ကိုရောက်လာပြီဖြစ်ပြီး တူရကီရဲ့တတိယတန်းတွင် အသက် ၁၇ နှစ် အရွယ်တွင် ပထမဆုံးပွဲဦးထွက်ခဲ့ပြီးနောက် သူအိပ်မက်မက်ခဲ့တဲ့ အခွင့်အရေးကို ရလာပြီဖြစ်ပါတယ်။


အသက် ၁၅ နှစ်မှာ အိမ်မှထွက်ခွာခဲ့ပြီးနောက် ဘယင်ဒါဟာ တူရကီနိုင်ငံရဲ့မြို့တော် အန်ကာရာသို့ ပြောင်းရွှေ့ခဲ့ပါတယ်။ တတိယတန်းကလပ် အန်ကာရာဂူကျူသို့ရောက်ခဲ့ပြီး မကြာခင်တွင် ပွဲဦးထွက်နိုင်ခဲ့ပါတယ်။


အကယ်ဒမီတွင် သုံးနှစ်နေခဲ့ပြီး အသက် ၁၇ နှစ်တွင် ပွဲဦးထွက်ပြီး အရှိန်အဟုန်ဖြင့် တွန်းအားပေးလုပ်ဆောင်ခဲ့ပြီးနောက် တစ်နှစ်အကြာတွင် ကလပ်အသင်းခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။


အန်ကာရာဂူကျဟာ စူပါလိဂ်သို့ နှစ်ကြိမ်ဆက်တန်းနိုင်ခဲ့ပြီးနောက် တူရကီရဲ့အကြီးကလပ်တွေက မကြာမီမှာ သူ့ကို ခေါ်ယူလာပါတော့တယ်။ ၂၀၁၉ ခုနှစ်တွင် ဖီနာဘာချီသို့ ပြောင်းရွှေ့ခဲ့ပြီး လျင်မြန်စွာပဲ ပထမဦးစားပေးဂိုးသမားဖြစ်လာခဲ့ပါတယ်။


ဒုတိယရာသီမတိုင်မီ အသက် ၂၀ သာရှိသေးတဲ့ ဘယင်ဒါဟာ အသင်းခေါင်းဆောင်တွေထဲကတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ရာသီကုန်တွင် စီနီယာလက်ရွေးစင်အသင်းနှင့်အတူ ပွဲဦးထွက်ပြီးနောက် ဘိုင်ဒီယာဟာ ကလပ်ရဲ့မြင့်တက်လာမယ့် အလားအလာရှိကစားသမားတွေထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။


အဲ့ဒီထဲမှာ ဒဏ်ရာကိစ္စတွေပါဝင်နေပြီး သူ့ရဲ့ ပုခုံးဒဏ်ရာနှင့် အူလမ်းကြောင်းရောဂါ နှစ်ခုစလုံးကြောင့် နောက်ပိုင်းတွင် ပုံစံပျက်သွားခဲ့ရပါတယ်။ ဘိုင်ဒီယာဟာ ဖီနာဘာချီအသင်းတွင် အဓိကကစားသမားအဖြစ် ဆက်လက်ရှိနေသော်လည်း ပရိသတ်တွေကတော့ ၂၀၁၄ ခုနှစ်တွင်တူရကီလိဂ်ချန်ပီယံဆုကိုနောက်ဆုံးအကြိမ်ရရှိပြီးနောက် ထပ်မံရရှိဖို့ စောင့်ဆိုင်းနေကြပါတယ်။


ဘယင်ဒါရဲ့ပုံစံတွေကြောင့် နိုင်င့်လက်ရွေးစင်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး နံပါတ် ၂ ဖြစ်ပေမယ့် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ချိန်ဖို့ အခွင့်အရေးရောက်ရှိလာချိန်မှာတော့ အကောင်းဆုံးလို့ ယူဆထားတာကြောင့် အသက် ၂၅ နှစ်ရွယ် ဂိုးသမားက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


ယူနိုက်တက်မှာ ဘယင်ဒါက ပွဲထွက်ဖို့အတွက် စောင့်ဆိုင်းနေခဲ့ပါတယ်။


"တူရကီကနေလာတဲ့တာကြောင့် ခက်ခဲတဲ့ ပရီးမီးယားလိဂ်နဲ့ရင်းနှီးပြီးသားပါ" လို့ တန်ဟက်က ပြီးခဲ့တဲ့ နိုဝင်ဘာလက ပြောကြားခဲ့ပါတယ်၊


"‘သူ့ရဲ့တိုးတက်မှုအတွက် ကျွန်တော်တို့ အရမ်းကျေနပ်ပါတယ်။ သူက အရမ်းကြိုးစားပြီးလုပ်နေပါတယ်။ သူက စိတ်ရှည်ရမယ်၊ ဒါပေမယ့် ကောင်းကောင်းလုပ်ရင် အခွင့်အရေးကို ရပါလိမ့်မယ် ပြီးတော့ ဒါကို သူ ရယူရမယ်" လို့ ပြောပါတယ်။


ဒါပေမယ့် သူက အဲ့ဒီအချိန်ကို ကောင်းကောင်းအသုံးချခဲ့ပါတယ်။ ဘိုင်ဒီယာဟာ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာပြောဆိုနိုင်ပြီး အသင်းဖော်များနှင့်လည်း ပိုမိုကောင်းမွန်စွာ ပြောဆိုဆက်ဆံနိုင်စေရန် လုပ်ဆောင်နေစဉ်မှာ ကြံ့ခိုင်မှုကို မြှင့်တင်ရန် သီးသန့် အာဟာရပညာရှင်နှင့် စွမ်းဆောင်ရည် နည်းပြတစ်ဦးကို ခေါ်ယူထားကြောင်း သိရပါတယ်။


ဘယင်ဒါဟာ ပရိသတ် ၈၇၀၀ ဆံ့တဲ့ လိဂ် ၂ ကလပ် နယူးပေါ့ကောင်တီရဲ့ကွင်းမှာ သူ့ရဲ့ ပထမဆုံး ယူနိုက်တက်ပွဲထွက်မှုကို မျှော်လင့်မထားသော်လည်း အဆိုပါအခွင့်အရေးကို ရယူရန် အဆင်သင့်ဖြစ်နေရမှာဖြစ်ပါတယ်။


အိုနာနာရဲ့ကင်မရွန်းဟာ အာဖရိကနိုင်ငံများဖလားကွာတားဖိုင်နယ်သို့ရောက်ရှိပါက ဝုဗ်၊ ဝက်စ်ဟမ်းတို့နှင့်ကစားမယ့် ပရီးမီးယားလိဂ်ပွဲများကိုပါ ဘယင်ဒါက ပါဝင်နိုင်မှာဖြစ်ပါတယ်။


#ဖီနာဘာခ်ီ #အိုနာနာ #ဘယင်ဒါ