ရှေ့သို့
Image

ပီအက်စ်ဂျီအသင်ထံပြောင်း‌ရွှေ့ဖို့ သဘောတူခဲ့တဲ့ ဖရန့်ဖတ်တိုက်စစ်မှူး မူအာနီ

4:09 PM, 6 August

ဖရန့်ဖတ်တိုက်စစ်မှူးဖြစ်သူ မူအာနီသည် ပီအက်စ်ဂျီအသင်းထံသို့ ပြောင်းရွှေ့ရန် သဘောတူခဲ့ပြီး ဘွန်ဒက်လီဂါကလပ်က အဆိုပါ တိုက်စစ်မှူးအားခဲ့သည့် နှစ်က အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူခဲ့သော်လည်း ယခုအခါ ပီအက်စ်ဂျီအသင်း ကို ပြောင်းရွှေ့ကြေး ပေါင် ၈၆ သန်းတောင်းဆိုခဲ့ကြောင်းသိရပါတယ်။


လက်ရှိအချိန်မှာတော့ ပီအက်စ်ဂျီဟာ မူအာနီ ကို ခေါ်ယူရန် ကြိုးပမ်းမှုတွင် သိသာထင်ရှားသော တိုးတက်မှုတစ်ခု ရရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိနေပါတယ်။


ပြင်သစ်တိုက်စစ်မှူးသည် ဘွန်ဒက်စ်လီဂါတွင် ရလဒ်ကောင်းများရရှိကာ ၃၂ ပွဲကစား ၁၅ ဂိုးသွင်းကာ အသင်းကို တတိယနေရာသို့ရောက်ရှိအောင် ကူညီပေးခဲ့သူဖြစ်ပါတယ်။


ဒါပေမယ့်လည်း အသက် ၂၄ နှစ်အရွယ် ကစားသမားရဲ့ စျေးနှုန်းကြောင့် အပြောင်းအရွှေ့အဆုံးသတ်ဖို့ လိုအပ်နေပြီး ဖရန့်ဖတ်အနေဖြင့် ၎င်းတို့တောင်းဆိုသော ပေါင် ၈၆ သန်း မရပါက ရောင်းချမှာမဟုတ်ကြောင်း ဖရန့်ဖတ်အားကစားဒါရိုက်တာ က ဆုံးဖြတ်ခဲ့ပါတယ်။


မူအာနီသည် ပြီးခဲ့သည့်နွေရာသီက နန့်တက်စ်အသင်း မှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဖရန့်ဖတ်သို့ပြောင်းရွှေ့ခဲ့ပြီး ၎င်း၏ပထမဆုံးနိုင်ငံတကာလက်ရွေးစင်ဘဝသို့ လျင်မြန်စွာရောက်ရှိခဲ့ပါတယ်။


ပြင်သစ်နည်းပြဖြစ်သူ ဒက်စ်ချမ့် သည် မူအာနီကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းအတွက် ခေါ်ယူခဲ့ပြီး အဆိုပါတိုက်စစ်မှူးသည် မော်ရိုကိုနှင့် ကစားခဲ့သော ဆီမီးဖိုင်နယ်တွင်ဂိုးသွင်းယူနိုင်ခဲ့တဲ့ အပြင် အာဂျင်တီးနားနှင့် ကစားခဲ့သော ဖိုင်နယ်နောက်ဆုံးမိနစ်တွင်လည်း ဂိုးရဖို့ အခွင့်အရေးနီးစပ်ခဲ့ပြီး အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်၏ အံ့မခန်း ကာကွယ်မှုကြောင့်သာ နစ်နာခဲ့ရတာဖြစ်ပါတယ်။


ပြီးခဲ့သည့်ရာသီက မူအာနီ ၏တည်ငြိမ်သောပုံစံသည် ယူနိုက်တက်နည်းပြ တန်ဟက်၏ အာရုံကိုဖမ်းစားခဲ့ပြီး ယူနိုက်တက်သည်ဒိန်းမတ်တိုက်စစ်မှူး ဟွိုက်လန်းအား မခေါ်ယူခင် ၎င်းကို ခေါ်ယူရန်စဉ်းစားခဲ့ဖူးပါတယ်။


ပီအက်စ်ဂျီ သည် နွေရာသီတွင် တိုက်စစ်မှူး မက်ဆီထွက်ခွာသွားခြင်းနှင့် အသင်း၌ စာချုပ်သက်တမ်း ဆယ့်နှစ်လသာ ကျန်ရှိတော့သည့် အမ်ဘာပေတို့ ၏နေရာတွင် အစားထိုးရန် စီစဉ်နေတာဖြစ်ပါတယ်။


ယခင်က ပီအက်စ်ဂျီ သည် နာပိုလီကြယ်ပွင့် အိုစီဟင်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများထွက်ပေါ်နေပြီး လီဂူး-၁ ချန်ပီယံများသည် နာပိုလီ၏ ကြယ်ပွင့်တိုက်စစ်မှူးအတွက် တောင်းဆိုသည့်စျေးနှုန်းကို ပေးချေရန် ဆန္ဒမရှိခြင်းကြောင့် မူအာနီကို အာရုံစိုက်လာကြောင်းသိရပါတယ်။

#ပီအက်စ်ဂျီ #အပြောင်းအရွှေ့ #လီဂူးဝမ်း #ဘွန်ဒက်စ်လီဂါ #ဖရန့်ဖတ် မူအာနီ