ရှေ့သို့
Image

အလွတ်ရထားတဲ့ ကက်ဆီကို ယူရို ၁၅သန်းကျော်နဲ့ ဆော်ဒီကို ရောင်းချတော့မယ့် ဘာစီလိုနာ

1:14 PM, 4 August

နည်းပြ ဇာဗီရဲ့ ပွဲဦးထွက်ရာသီမှာ ပုံစံကောင်းပြသကာ အဓိကပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းကို နောက်ကောက်ချပြီး လာလီဂါအမှတ်ပေးဖလားကို ဆွတ်ခူးထားနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းက ချန်ပီယံဆု ကာကွယ်နိုင်ရေးအတွက် ကစားသမားဖြည့်တင်းမှုပြုလုပ်ထားခဲ့သလို ရောင်းချမှုတွေလည်း ပြုလုပ်နေပြီး ကက်ဆီအား ယူရို ၁၅သန်းကျော်ဖြင့် ဆော်ဒီပရိုလိဂ်ကို ရောင်းချသွားမှာပဲ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက မကြာသေးမီအတောအတွင်းမှာ မီဒီယာကုမ္ပဏီ၂ ခုဖြစ်တဲ့ အိုဖီးယက်စ်မီဒီယာ၊ ဆိုစီးယော့ဒေါ့ကွန်း တို့နဲ့ ယူရိုသန်း ၁၀၀တန် စာချုပ်တစ်ခု ချုပ်ဆိုင်ရန် သဘောတူညီမှု ရယူနိုင်ခဲ့တာကြောင့် ဘဏ္ဍာရေးအခက်အခဲဖြစ်နေတဲ့ ဘာစီလိုနာအသင်းအတွက် တစ်ဖက်တစ်လမ်းမှ သက်သာရာရစေခဲ့ပေမဲ့ ကက်ဆီကို ရောင်းချရန် စီစဉ်လာတာလည်း ဖြစ်ပါတယ်။

ကတ္တလန်ကလပ်အသင်းအနေဖြင့် ရိုမီယူကို ခေါ်ယူနိုင်ခဲ့တဲ့တာကြောင့် ယခု ရာသီကြို အပြောင်းအရွှေ့ကာလအတွင်း ၄ဦးမြောက် ကစားသမားခေါ်ယူခဲ့တာဖြစ်ပြီး လာမာစီယာအကယ်ဒမီထွက် ရိုမီယူမတိုင်မီ ဂန်ဒိုဂန်၊ ဗစ်တာရိုကွီနဲ့ အင်နီဂို မာတီနက်ဇ် တို့အား ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ အခြားတစ်ဖက်တွင်လည်း ဘာစီလိုနာအသင်းက နာမည်ကျော် သတင်းဌာနတစ်ခုဖြစ်တဲ့ အေအက်စ်သတင်းဌာနရဲ့ ဖော်ပြချက်အရ နည်းပြ ဇာဗီရဲ့ ကစားကွက်တွင် အံဝင်မှုနည်းပါးနိုင်တဲ့ အဲလက်စ်ကိုလာဒို၊ ကက်ဆီနဲ့ ဆာဂျီနိုဒက်စ်တို့ကို ရောင်းထုတ်ရန် ပြင်ဆင်နေခဲ့တာလည်း ဖြစ်ပါတယ်။

နည်းပြ ဇာဗီရဲ့ ဘာစီလိုနာအသင်းက လန်ဂလက်ကို တော့တင်ဟမ်၊ ဆာဂျီနိုဒက်စ်ကို အေစီမီလန်၊ ဖရန့်ကက်ဆီကို ဆော်ဒီကလပ် အယ်ဟီလယ်၊ ကိုလာဒိုအား အယ်လ်ချီအသင်းတို့ ရောင်းချသွားနိုင်ကြောင်း ကြိုတင်သတင်းထွက်နေခဲ့ပြီး ဆော်ဒီကလပ် အယ်အာလီရဲ့ စိတ်ဝင်စားဖွယ်ရာ ကမ်းလှမ်းချက်ကြောင့် ကက်ဆီရဲ့ အပြောင်းအရွှေ့က သဘောတူညီမှုရရန် နီးစပ်လာတာပဲ ဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ ကန်ဆယ်လိုကို ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာအသင်းက နည်းပြ ဇာဗီရဲ့ ကစားကွက်တွင် အံဝင်မှုနည်းပါးနေတဲ့ ဖရန့်ကက်ဆီကို ရောင်းချရန် ပြင်ဆင်နေချိန် ဆော်ဒီကလပ် အယ်အာလီအသင်းက ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀ခန့် ပေးချေခေါ်ယူကာ ၃နှစ်စာချုပ် ချုပ်ဆိုရန် စီစဉ်နေတာပဲ ဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဇာဗီ #ကက်ဆီ