ရှေ့သို့
Image

ဟွိုက်လန်းထံကနေ ဘာတွေမျှော်လင့်လို့ ရနိုင်မလဲဆိုတာ ပြောပြလိုက်တဲ့ နည်းပြဟောင်း

2:24 PM, 3 August

အသက် ၂၀ နှစ်အရွယ် ဒိန်းမတ်တိုက်စစ်မှူး ဟွိုက်လန်းသည် အတ္တလန္တာမှ အိုးထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ကြေးကြီးကြီးမားမားဖြင့် ပြောင်းရွှေ့ရန် အလွန်နီးစပ်နေပြီး တန်ဟက်၏ လက်အောက်တွင် ယူနိုက်တက်အသင်းအား ဦးဆောင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

ဒိန်းမတ်စူပါလီဂါ၊ သြစတြီးယားဘွန်ဒက်လီဂါနဲ့ စီးရီးအေတွေမှာ လိဂ်ပွဲပေါင်း ၆၉ ပွဲသာ ကစားခဲ့တဲ့ ဟွိုက်လန်းအား ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်စေတာက ကြီးမားတဲ့တောင်းဆိုမှုတွေဖြစ်ပေမယ့် ယူနိုက်တက်က သူ့ရဲ့ အလားအလာရှိမှုကို အများကြီးမျှော်လင့်ထားကြောင်းသိရပါတယ်။ ၎င်းသည် သူ၏ကျွမ်းကျင်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးပြည့်စုံသော ကစားသမားတစ်ဦးဖြစ်ပြီး သူ့တွင် ယုံကြည်မှုရှိကြောင်း သြစတြီးယားရှိ ၎င်း၏နည်းပြ အယ်လ်ဇာက ပြောခဲ့ပါတယ်။

"ဟွိုက်လန်းဟာ အမြဲတမ်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ ကောင်လေးတစ်ယောက်ပါ။ မင်း သူ့ကို မသိရင်တောင် တော်တော် သတိထားရမယ့်တိုက်စစ်ကစားသမားပါ။ သူ့မှာ စွမ်းရည်၊ မြန်နှုန်းနဲ့ သာမန်ထက်သာလွန်တဲ့ ဘောလုံးဉာဏ်ရည်ရှိတယ်" လို့ အယ်လ်ဇာက ပြောကြားခဲ့ပါတယ်။

အတ္တလန္တာအသင်းမန်နေဂျာဖြစ်သူ ဂတ်စ်ပါရီနီကလည်း ဒိန်းမတ်တိုက်စစ်မှူးကို “သူ့မှာ ကောင်းမွန်တဲ့ အရည်အချင်းတွေရှိပြီး တိုးတက်ဖို့လုံလောက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေရှိပါတယ်။ သူက ဥရောပရဲ့ အသန်မာဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်ဖြစ်လာဖို့ အရေးကြီးတဲ့ လက္ခဏာတွေရှိလို့ သူအလုပ်လုပ်ရမှာပေါ့။ ပထမဆုံး လေ့ကျင့်ရေးစဥ်ကတည်းက သတိထားမိတာပါ။ အသက် ၁၉ နှစ်သာရှိသေးတဲ့ ကစားသမားတစ်ယောက်အတွက် ကောင်းမွန်တဲ့ လက္ခဏာတွေ ရှိတယ်လို့ ယုံကြည်ပါတယ်။ သူ့မှာ တောက်ပတဲ့ အနာဂတ်ရှိတယ်။ သူက အရမ်းထက်မြက်တယ်၊ သူ့ကို ဒီထက်ပိုပြီးတိုးတက်အောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်တယ်"လို့ ပြောကြားခဲ့ပါတယ်။

ယခုနှစ်အစောပိုင်းက လာဇီယိုအသင်းနှင့်ကစားခဲ့သည့်ပွဲစဉ်၌ အမှတ်ရဖွယ်ကောင်းသော စွမ်းဆောင်ရည်များအကြောင်းကို လည်း နည်းပြက "ဟွိုက်လန်းမှာ ဒီလိုစိတ်ဓာတ်၊ စွမ်းအင်၊ ပြင်းထန်မှုတွေအပြင် မှတ်သားလောက်စရာ နည်းစနစ်ပိုင်းဆိုင်ရာ အရည်အသွေးတွေလည်း ရှိပါတယ်။ သူ တိုးတက်ဖို့အတွက် အများကြီး ကျန်နေပါသေးတယ်။ သူက အရမ်းမြန်တယ်၊ သူက မီတာ ၁၀၀ ကျော် ၁၁ စက္ကန့်အောက်နဲ့ ပြေးနိုင်ပါတယ်။ သူ့ရဲ့ အရပ်အမြင့်ပေမယ် ပေါ့ပေါ့ပါးပါးခုန်နိုင်ပြီး သူ့ခြေထောက်တွေကလည်း အရမ်းမြန်တယ်။ သူ့က အရမ်းကောင်းတဲ့ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ဖြစ် လာမယ်လို့ ယုံကြည်ပါတယ်။ သူက နေ့တိုင်း ပိုသန်မာလာမှာပါ"လို့ ဂတ်စ်ပါရီနီက ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်သို့ ရောက်ရှိလာနိုင်ခြေရှိတဲ့ အဆိုပါ တိုက်စစ်မှူးဟာ ၎င်း၏သွင်းဂိုးများ မည်မျှ သွင်းယူနိုင်မည်မှန်း မသိသေးပေမယ့် သေချာတာတစ်ခုကတော့ ဟာလန်းနှင့် နှိုင်းယှဉ်ခံရမှာပဲဖြစ်ပါတယ်။ သို့သော် သူက ဟာလန်းနှင့် နှိုင်းယှဉ်ပြောဆိုခြင်းကို ကြောက်ရွံ့မနေပဲ "ကျွန်တော်နဲ့ ဟာလန်းတို့ ကြားက ပြိုင်ဆိုင်မှုကို မြင်မိပါတယ်။ သူက လျင်မြန်တယ်။ ဘယ်ခြေနဲ့ အဆုံးသတ်တာကောင်းတယ်၊ အရပ်ရှည်တယ်၊ ဂိုးသွင်းဖို့ ကောင်းတဲ့ နေရာယူပုံတွေရှိပြီး တကယ်အဆုံးသတ်ကောင်းတဲ့ ကစားသမားပါ။ သူ့စိတ်ဓာတ်ကလည်း လုံးဝ ရူးသွပ်တယ်"လို့ ဟာလန်းကို ချီးကျူးပြောဆိုခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒိန်းမတ် #အတ္တလန္တာ #အပြောင်းအရွှေ့ #အဲရစ်တန်ဟက် #ဟွိုက်လန်း