ရှေ့သို့
Image

ပီအက်စ်ဂျီနှင့် သတင်းထွက်နေတဲ့အပေါ် တုံ့ပြန်လိုက်တဲ့ ပက်ဒရီ

11:42 AM, 3 August

ဘာစီလိုနာ ကွင်းလယ်ကစားသမား ပက်ဒရီက ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ဖို့ အလားအလာရှိတဲ့ သတင်းတွေကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

သူ့အနေနဲ့ လာမယ့်ရာသီမှာ ဘာစီလိုနာအတွက် ပြင်ဆင်မှုတွေလုပ်ဖို့ အာရုံစိုက်နေပြီး အနာဂတ်နဲ့ပတ်သက်တဲ့ သတင်းတွေကို  ဂရုမစိုက်ပါဘူးလို့ စပိန်နိုင်ငံသားက ပြောကြားခဲ့ပါတယ်။ ပက်ဒရီက ဘာစီလိုနာကို သူ့ရဲ့အိပ်မက်အသင်းလို့ ခေါ်ဝေါ်ထားပြီး အလွန်ဆိုးရွားပြီး နှစ်လိုဖွယ်မကောင်းတဲ့ကိစ္စများဖြစ်ပေါ်နေသော်လည်း ကတ္တလန်ကလပ်မှာ နောက်ထပ်နှစ်ပေါင်းများစွာ ဆက်နေချင်ပါတယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။

၂၀၂၃-၂၄ရာသီပြီးသွားရင်လည်း ဘာစီလိုနာမှာ ဆက်နေမှာလားလို့ မေးတဲ့အခါ ပက်ဒရီက La Vanguardia သို့ "ဟုတ်ပါတယ်၊ သေချာတာပေါ့၊ ကျွန်တော်က ဒီမှာ အေးဆေးပါပဲ။ ရာသီကြိုခရီးစဉ်ကိုသာ အာရုံစိုက်ထားပြီး ကစားရန် အဆင်သင့်ဖြစ်ဖို့အတွက် အာရုံစိုက်ထားပါတယ်။ တခြားနေရာမှာ လူတွေပြောနေတာကို ကျွန်တော် ဂရုမစိုက်ပါဘူး။ ရာသီကြိုပြင်ဆင်မှုနဲ့ ဘာစီလိုနာနဲ့ အတူ ပျော်ရွှင်စွာဖြတ်သန်းဖို့ပဲ စဉ်းစားနေပါတယ်" လို့ ပြန်ဖြေထားပါတယ်။

ပီအက်စ်ဂျီရဲ့ စိတ်ဝင်စားတဲ့အကြောင်း မေးမြန်းရာတွင် ပက်ဒရီက "ကျွန်တော့်ဆီရောက်လာတဲ့ ကမ်းလှမ်းမှုတွေကို ကျွန်တော် စိတ်မ၀င်စားပါဘူး။ ကျွန်တော့်ရဲ့ ကိုယ်စားလှယ်တွေကသာ လက်ခံပါတယ်။ သူတို့ နားထောင်ချင်တယ်ဆိုရင် လုပ်ပါလို့ ကျွန်တော်ကပြောထားပါတယ်။ အဲ့ဒီနောက် သူတို့တွေက ကျွန်တော့်ကို ပြောကြမှာဖြစ်သော်လည်း လေ့ကျင့်ရေး ၊ ကစားဖို့နဲ့ အရေးကြီးတဲ့ အရာတွေကို အာရုံစိုက်နေပါတယ်။ ဒါပေမယ့် ဒီကလပ်ကနေ ထွက်ခွာဖို့အတွက်ကတော့ အများကြီး ဖြစ်ခဲ့ရပါတယ်။ မဖြစ်နိုင်ဘူးလို့တော့ ကျွန်တော်မြင်ပါတယ်၊ ဘာစီလိုနာက ကျွန်တော့်အိပ်မက်ကလပ်ဖြစ်ပြီး နောက်ထပ်နှစ်ပေါင်းများစွာ ဆက်နေချင်ပါတယ်" လို့ ပြန်ဖြေပါတယ်။

၂၀၂၃-၂၄ ရာသီ အသင်းခေါင်းဆောင်ရာထူးအတွက် ပက်ဒရီက ပါဝင်ယှဉ်ပြိုင်မည်လို့တော့ ထင်ရပါတယ်။ သို့သော်လည်း အဝတ်လဲခန်းတွင် မဲပေးရွေးချယ်ခဲ့ပြီးနောက် ရောဘတ်တို၊ တာစတီဂန်၊ အာရူဂျို နှင့် ဒီဂျောင်တို့က အသင်းခေါင်းဆောင် ၄ ဦး အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ အနာဂတ်မှာ ဘာစီလိုနာကို ဦးဆောင်လိုတယ်လို့ ပက်ဒရီက ဝန်ခံခဲ့သော်လည်း အဆိုပါတာဝန်အတွက် အဆင်သင့်မဖြစ်သေးကြောင်း ခံစားရပါတယ်ဆိုတဲ့ အသင်းဖော်တွေရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပါတယ်။

"ကျွန်တော်က ဒီဂျောင်နဲ့ အာရူဂျိုတို့ကို မဲပေးခဲ့ပါတယ်။ ပြီးတော့ သူတို့က အနိုင်ရရှိတဲ့သူတွေပါပဲ။ သူတို့ဟာ အခြားသူတွေထက် ပိုပြီးထိုက်တန်ပါတယ်။ ကလပ်မှာရှိနေတာကလည်း နှစ်အတော်ကြာနေပြီဖြစ်ပြီး အသင်းခေါင်းဆောင် တစ်ယောက်အဖြစ် ပေးအပ်သင့်တဲ့ ပုံရိပ်တွေကို ပြသနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ရဲ့ အိပ်မက်အသင်းမှာ အသင်းခေါင်းဆောင် မဖြစ်ချင်တဲ့သူ ဘယ်သူရှိမှာလဲ။ ကျွန်တော့်ကို မဲပေးခဲ့တဲ့ သူတွေကိုလည်း သိပါတယ်။ ဒါပေမယ့် ကျွန်တော်က အသက်ငယ်သေးတယ်လို့ ထင်ပါတယ်" လို့ ပက်ဒရီက ပြောပါတယ်။

ပက်ဒရီဟာ ဩဂုတ်လ ၈ ရက်နေ့ တော့တင်ဟမ်နှင့် ကစားမယ့် ဂျိုအန်ဂမ်ပါဖလား ဗိုလ်လုပွဲတွင် ပါဝင်ကစားရန် မျှော်လင့်ထားပြီး ၅ ရက်အကြာမှာတော့ ဘာစီလိုနာဟာ နောက်ဆုံးလာလီဂါ ကမ်ပိန်းကို ဂီတာဖေးနှင့် ယှဉ်ပြိုင်ကစားရန် စီစဉ်ထားပါတယ်။

#ဘာစီလိုနာ #ပီအက်စ်ဂျီ #အပြောင်းအရွှေ့ #ပက်ဒရီ