ရှေ့သို့
Image

မက်ဆီ၊ ဘက်စ်ကွက်တို့နဲ့ အင်တာမီယာမီမှာ ပေါင်းဆုံတော့မယ့် ဂျော်ဒီအယ်လ်ဘာ

1:57 PM, 21 July

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ ဂန္ဓဝင်ကစားသမား ဒေးဗစ်ဘက်ခမ်း ပိုင်ဆိုင်တဲ့ အမေရိကန် မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင်းက ရွှေဘောလုံး ၇ဆုရှင် မက်ဆီရဲ့ မိတ်ဆက်ပွဲတွင် ဘက်စ်ကွက်ကိုပါ တွဲဖက်မိတ်ဆက်ခဲ့တာဖြစ်ပြီး ယခုတစ်ခါမှာ ဂျော်ဒီအယ်လ်ဘာကိုပါ ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့အကြောင်း အတည်ပြုကြေငြာလိုက်တာပဲ ဖြစ်ပါတယ်။

ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်ထားတဲ့ အင်တာမီယာမီအသင်းက ဘာစီလိုနာအသင်းရဲ့ နာမည်ကျော် ကစားသမားအစုဖွဲ့ကို အမေရိကန်မြေမှာ ပြန်လည်ပုံဖော်ရန် အားထုတ်နေပြီး မက်ဆီအပါအဝင် ကစားသမား ၃ဦးအထိကို စုစည်းထားနိုင်ခဲ့တဲ့အပြင် အင်နီယေစတာနဲ့ ဆွာရက်ဇ်တို့ကိုပါ ချိတ်ဆက်နေတာလည်း ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ဂန္ဓဝင်ကစားသမားတွေနဲ့ စုဖွဲ့ရန်ပြင်ဆင်လာတဲ့ အင်တာမီယာမီအသင်းက လာလီဂါကလပ်ရဲ့ သက်တမ်းရှည်ကစားသမား ဂျော်ဒီအယ်လ်ဘာကို ၁နှစ်စာချုပ်ဖြင့် ခေါ်ယူထားခဲ့ပြီး ၁နှစ်သက်တမ်းတိုးခွင့်ပါ ထည့်သွင်းချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။

ဂျော်ဒီအယ်လ်ဘာက ဘာစီလိုနာအသင်းအတွက် ၂၀၁၂ခုနှစ်ကနေ ၂၀၁၃ခုနှစ်အထိ ဆယ်စုနှစ် ၁ခုအထက်တွင် ကစားပေးခဲ့ပြီး ချန်ပီယံလိဂ်ဖလားအပါအဝင် လာလီဂါအမှတ်ပေးဖလား ၆ကြိမ်အပြင် စပိန်လက်ရွေးစင်အသင်းနဲ့အတူ ယူရို ၂၀၁၂ပြိုင်ပွဲအတွင်း ခြေစွမ်းပြကာ ချန်ပီယံဆုရထားခဲ့တာကြောင့် ကစားသမားဘဝတွင် အတိုင်းအတာတစ်ခုအထိ အောင်မြင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဥရောပဘောလုံးလောကတွင် အောင်မြင်မှုအကြီးအကျယ်ရခဲ့တဲ့ ဘာစီလိုနာကြယ်ပွင့်တွေနဲ့ ဖွဲ့စည်းရန် ပြင်လာတဲ့ အင်တာမီယာမီအသင်းက လာမယ့် စနေနေ့ နံနက် ၆:၃၀ တွင် ကမ္ဘာ့ဖလားချန်ပီယံ မက်ဆီရဲ့ ပွဲဦးထွက်ပွဲစဉ်အဖြစ် မက္ကဆီကို ကလပ် ခရုဇ်အာဇူလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာပဲ ဖြစ်ပါတယ်။

#မက်ဆီ #ဘက်စ်ကွက် #ဂျော်ဒီ အယ်လ်ဘာ #အင်တာမီယာမီ