ရှေ့သို့
Image

ချဲလ်ဆီးအသင်းထံ ပြောင်းရွှေ့မည့်ကိစ္စနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချခဲ့တဲ့ ဂိုးသမားဆန်းချက်ဇ်

3:55 PM, 1 August

ချဲလ်ဆီးအသင်းသည် ဘရိုက်တန်ဂိုးသမား ဆန်းချက်ဇ်အား ချဲလ်ဆီးအသင်းသို့ ခေါ်ယူရန် ပုဂ္ဂိုလ်ရေးအရ သဘောသဘောတူညီခဲ့သော်လည်း ဘရိုက်တန်အသင်းနှင့် သဘောတူညီမှုရရှိရန် ခက်ခဲနေဆဲဖြစ်ကြောင်းသိရပါတယ်။


အရန်ဂိုးသမားဖြစ်သူ မန်ဒီ ထွက်ခွာသွားပြီးနောက် ပိုချက်တီနိုသည် ကီပါ၏ နေရာအား အရန်ဂိုးသမားတစ်ဦးထားရှိရန်အတွက် ဂိုးသမားသစ်တစ်ဦးကိုခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပါတယ်။


အက်သလက်တစ် ဘီဘာအိုမှ ပြောင်းရွှေ့လာချိန်မှစ၍ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၇၁.၆ သန်းဖြင့် ကီပါကို ခေါ်ယူမှုအပေါ် သိသာထင်ရှားသော သံသယများ ရှိခဲ့သော်လည်း နည်းပြသစ်က ၎င်းကိုသဘောကျနေကြောင်းသိရပါတယ်။


ပိုချက်တီနို သည် ကီပါအား နံပါတ်တစ် ဂိုးသမားအဖြစ် ထားရှိရန်စီစဉ်ထားသော်လည်း အရည်အသွေး ပိုမြင့်သော အရန်ဂိုးသမားတစ်ဦးကို လိုချင်ပြီး ဆန်းချက်ဇ်အပေါ် စိတ်ဝင်စားနေကြောင်းသိရပါတယ်။


အသက် ၂၅ နှစ်အရွယ်ကစားသမားသည် ပြီးခဲ့သည့်ရာသီက ဒီဇာဘီ၏လက်အောက်တွင် ဘရိုက်တန်အသင်း၌ မျက်နှာသာမရခဲ့ဘဲ စတီလီ ၏နောက်တွင်သာရှိခဲ့ပြီး ယခုအခါ ဗာဘရူဂန်ကို ခေါ်ယူခဲ့သော ဘရိုက်တန်အသင်းတွင် ပိုလျှံနေသူလည်းဖြစ်ပါတယ်။


စတန်းဖို့ဒ်ဘရစ်ချ်မှာ ပွဲထွက်ခွင့်ရဖို့ မသေချာပေမယ့် ဆန်းချက်ဇ်ဟာ ချဲလ်ဆီးအသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူထားပြီးဖြစ်ပြီး မီးစိမ်းပြထားတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။


ဘရိုက်တန် ဂိုးသမားဟောင်း ဘန်ရောဘတ်သည် ယခု ချဲလ်ဆီးတွင် ရှိနေကာ ဆန်းချက်ဇ်၏ ဖွံ့ဖြိုးတိုးတက်မှုတွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ၎င်းသည် ချဲလ်ဆီးအသင်း၏ လူသစ်စုဆောင်းရေးအသင်းသို့ ဆန်းချက်ဇ်အားခေါ်ယူရန်အကြံပြုခဲ့သည်ဟု ယုံကြည်ရပါတယ်။


ဆန်းချက်ဇ်သည် အသက် ၁၅ နှစ်အရွယ်တွင် စပိန်မှထွက်ခွာပြီးနောက် ဘရိုက်တန်၏ အကယ်ဒမီသို့ ရောက်ရှိလာသော ကစားသမားတစ်ဦးဖြစ်ပါတယ်။


သူ့ရဲ့ ဘောလုံးကစားပုံစွမ်းရည်ကို ဒီဇာဘီ က မလုံလောက်ဘူးလို့ ယူဆထားပေမယ့် သူ့ကို ချဲလ်ဆီးနည်းပြဟောင်း ဂရေဟမ်ပေါ်တာ က ပထမအသင်းမှာ ပါဝင်စေခဲ့ပါတယ်။


ဆန်းချက်ဇ်အတွက် ချဲလ်ဆီး၏ သဘောတူညီမှုသည် လက်ရှိတွင် ကလပ်အသင်းနှစ်သင်းကြား တင်းမာသောဆက်ဆံရေးကြောင့် ရှုပ်ထွေးနေပေမယ့် ကိုဝေးလ်နှင့် ကိုင်စီဒိုတို့ရဲ့ အပြောင်းအရွှေ့ထက်တော့ သာလွန်နေပါတယ်။


အနောက်လန်ဒန်သားတို့သည် ယခုအချိန်အထိ ကိုင်စီဒို အတွက် ဘရိုက်တန်အသင်းနှင့် သဘောတူညီမှုမရရှိသေးပဲ ပေါင်သန်း ၁၀၀ တောင်းခံဈေးကိုလည်း ချဲလ်ဆီးအသင်းမှ ပေးချေရန်ငြင်းဆိုထားကြောင်းသိရပါတယ်။ ထို့ပြင် ချဲလ်ဆီးအသင်း၏ နောက်ခံလူ ကိုဝေးလ်သည် ဘရိုက်တန်အသင်းထံ အငှားဖြင့် သွားရောက်ကစားနေသူဖြစ်ပြီး အပြီးသတ်ပြောင်းရွှေ့မည့် ကိစ္စနှင့်ပက်သက်၍ အခြေအနေများသည် ရှုပ်ထွေးနေဆဲဖြစ်ကြောင်းသိရပါတယ်။


ပိုချက်တီနိုသည် ဆန်းချက်ဇ်ကို ခေါ်ယူလိုသော်လည်း မကြာသေးမီက ကီပါ အကြောင်းကိုလည်း အမွှမ်းတင်ကာ ပြောဆိုခဲ့ပါသေးတယ်။ သူက "ကျွန်တော်တို့မှာ သူရှိနေတာ အရမ်းအဆင်ပြေပါတယ်။ သူဟာ နည်းပြတွေရဲ့ တောင်းဆိုချက်အသစ်တွေကို လိုက်လျောညီထွေဖြစ်အောင်လုပ်နိုင်တဲ့သူဖြစ်တဲ့အပြင် အခြားဝန်ထမ်းတွေ နဲ့သာမက ဟီလာရီယိုတို့နဲ့လည်း အလုပ်ဖြစ်နေပါပြီ။ သူနဲ့ ကျွန်တော်တို့အတူရှိရတာ အရမ်းပျော်နေပြီး သူက အရမ်းကောင်းတဲ့ ဂိုးသမားပါ။"လို့ ပိုချက်တီနိုက ပြောခဲ့ပါတယ်။

#ချဲလ်ဆီး #အပြောင်းအရွှေ့ #ဆန်းချက်ဇ် #ပရီးမီးယားလိဂ်