ရှေ့သို့
Image

လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ အသက် ၃၈အရွယ်ဖြစ်ပေမဲ့ အမေရိကန်အသင်းအတွက် ဝင်ကစားသွားချင်တဲ့အကြောင်း ဆိုလိုက်တဲ့ တင်ရီးမ်

11:30 AM, 8 July

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အမေရိကန်လက်ရွေးစင်အသင်းနဲ့ အတူ ခြေစွမ်းပြကစားရင်း ပြိုင်ဘက်တိုက်စစ်ကစားသမားတွေကို အကောင်းဆုံး ထိန်းချုပ် ပြနိုင်ခဲ့တဲ့ ဖူလ်ဟမ်နောက်တန်းကစားသမား တင်ရီးမ်က ရှေ့လာမယ့် ၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသက် ၃၈နှစ်အရွယ်ရောက်နေမှာဖြစ်ပေမဲ့ ဝင်ကစားသွားချင်တဲ့အကြောင်း ဖွင့်ဟလိုက်တာပဲ ဖြစ်ပါတယ်။

ဖူလ်ဟမ်အသင်းနဲ့အတူ ခြေစွမ်းကောင်းပြသထားနိုင်ဆဲဖြစ်တဲ့ အသက် ၃၅နှစ်အရွယ် ဝါရင့်ကစားသမား တင်ရီးမ်က အမေရိကန်မြေမှာ ကျင်းပမယ့် ၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် ပါဝင်ကစားခွင်ရရန် စိတ်အားထက်သန်နေတာလည်း ဖြစ်ပါတယ်။ တင်ရီးမ်က ၂၀၁၀ခုနှစ်တွင် အမေရိကန်လက်ရွေးစင်အသင်းအတွက် ပါဝင်ရွေးချယ်ခံခဲ့ရကာ တောင်အာဖရိကအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်တွင် လက်ရွေးစင်ကစားသမားဘဝ ပွဲဦးထွက်ပါဝင်ခွင့်ရထားခဲ့ပြီး ၂၀၁၄ခုနှစ်တွင် ရွေးချယ်ခြင်း မခံခဲ့ရသလို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း အမေရိကန်လက်ရွေးစင်အသင်းက ခြေစစ်ပွဲမအောင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲတွင်သာ ဝင်ရောက်ကစားခွင့်ရထားခဲ့တာ ဖြစ်ပါတယ်။

ရှေ့လာမယ့် ၂၀၂၆ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အမေရိကန်လက်ရွေးစင်အသင်းနဲ့အတူ ယှဉ်ပြိုင်ကစားချင်တဲ့အကြောင်းနဲ့ ပက်သက်လို့ တင်ရီးမ်က“ကျွန်တော် အမေရိကန်လက်ရွေးစင်အသင်းအတွက် ပွဲ ၅၀လောက် ကစားပေးခဲ့ရပြီးပါပြီ။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဝင်ရောက်ကစားပေးခွင့်ရထားခဲ့တာကြောင့် အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့သလိုပါပဲ” “ဒါကြောင့် ရှေ့လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပါဝင်ကစားချင်လားဆိုရင်တော့ ကစားချင်တယ်လို့ပဲ ဖြေရမှာပါ။ တစ်ခါတစ်ရံမှာ လူတွေက ကျွန်တော်ကို အနားယူစေ ချင်ကြပုံပါပဲ။ ဒါပေမဲ့ ကျွန်တော်က အနားယူဖို့ အဆင့်သင့်မဖြစ်သေးပါဘူး” လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#ဖူလ်ဟမ် #အမေရိကန် #တင်ရီးမ်