ရှေ့သို့
Image

ဆော်ဒီအာရေဗျဟာ ငွေကြေးနဲ့ ဘာမဆိုလုပ်နိုင်စွမ်းရှိတယ်လို့ အငြင်းပွားဖွယ်ရာပြောကြားလိုက်တဲ့ ဖူလ်ဟမ်ပိုင်ရှင် တိုနီခမ်း

8:59 AM, 21 July

ဖူလ်ဟမ်အသင်းပိုင်ရှင် တိုနီခမ်းက မီထရိုဗစ်အပြောင်းအရွှေ့မတိုင်ခင် ဆော်ဒီအာရေဗျဟာ ငွေကြေးနဲ့ ဘာမဆိုလုပ်နိုင်စွမ်းရှိတယ်လို့ အငြင်းပွားဖွယ်ပြောကြားလိုက်ပါတယ်။

မီထရိုဗစ်အတွက် အယ်လ်-ဟီလယ်အသင်းအတွက် ၂ ကြိမ်တိုင်ကမ်းလှမ်းခဲ့တာကို ပယ်ချခဲ့ပြီး ပြီးခဲ့တဲ့အပတ်တုန်းက ပေါင် ၃၅ သန်းနဲ့ နောက်ဆုံးကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဖူလ်ဟမ်အသင်းကတော့ သူတို့စတားအတွက် ပေါင် ၅၂ သန်းလောက်အလိုရှိနေပြီး သူ့ရဲ့အမျိုးတွေကို ဖူလ်ဟမ်အတွက် နောက်တစ်ကြိမ်ဘယ်တော့မှ မကစားပေးတော့ဘူးလို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ခမ်းကကတော့ သူတို့စတားအတွက် ဆော်ဒီအာရေဗျက ချဉ်းကပ်မှုတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “အဲ့တာက တကယ့်ကိုအံ့သြဖို့ကောင်းပါတယ်။ မင်းအနေနဲ့ ငွေရှိတယ်ဆိုရင် ဘာမဆိုလုပ်နိုင်စွမ်းရှိတယ်လို့ ငါထင်ပါတယ်။ လူသတ်မှုတွေ အပါအဝင်ပေါ့။ သူတို့ကမ္ဘာပေါ်က ထိပ်တန်းကစားသမားအားလုံးကို ခေါ်ယူနိုင်စွမ်းရှိပါတယ်”လို့ ခမ်းက ပြောကြားခဲ့ပါတယ်။

ခမ်းရဲ့ပြောကြားမှုက ဆော်ဒီအာရေဗျရဲ့လူ့အခွင့်အရေးမှတ်တမ်းမတိုင်ခင် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဆော်ဒီအာရေဗျဟာ ပြီးခဲ့တဲ့လတွေတုန်းက ထိပ်တန်းကစားသမားတော်တော်များများကို ခေါ်ယူခဲ့ပြီး ဒီဇင်ဘာတုန်းက အယ်လ်နာဆာက ရော်နယ်ဒိုကို ခေါ်ယူခဲ့ပါတယ်။ အဲ့နောက် အယ်လ်-အီတီဟက်အသင်းက ပြီးခဲ့တဲ့လတုန်းက ဘန်ဇီးမားကို ခေါ်ယူခဲ့ပါတယ်။ ကန်တီ၊ ကူလီဘာလေ၊ မန်ဒီတို့ကိုလည်း ဆော်ဒီအာရေဗျက ခေါ်ယူခဲ့ပြီး အခုလည်း မီထရိုဗစ်အသင်း အယ်လ်-ဟီလယ်အသင်းက ဆာဗစ်ကို ခေါ်ယူထားခဲ့ပါတယ်။

မီထရိုဗစ်ကတော့ ဆော်ဒီမြေကိုပြောင်းချင်နေပြီး ခမ်းကတော့ အသက် ၂၈ နှစ်သားကို ရောင်းချဖို့ အလိုမရှိဘူူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက မီထရိုဗစ်ဟာ ဖူလ်ဟမ်အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့ပြီး ပြိုင်ပွဲစုံ ၁၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သလို ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အလယ်အလတ်အဆင့်မှာ ရပ်တည်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဖူလ်ဟမ်အသင်းတန်းတက်အောင်လည်း ၄၃ ဂိုးအထိ သွင်းယူပြီး ကူညီပေးနိုင်ခဲ့ပါတယ်။

အဆိုပါအချက်အလက်ကြောင့် ဖူလ်ဟမ်က သူ့ကို ဆက်ထိန်းထားချင်နေတာဖြစ်ပါတယ်။ ဖူလ်ဟမ်အသင်းမှာ ကွင်းလယ်လူ ပယ်လင်ဟာကလည်း စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ပြီး ဝက်စ်ဟမ်းက စိတ်ဝင်စားနေကာ ပေါင်သန်း ၆၀ တန်ကြေးသတ်မှတ်ထားပါတယ်။

#အပြောင်းအရွှေ့ #မီထရိုဗစ် #ဖူလ်ဟမ် #တိုနီခမ်း