ရှေ့သို့
Image

ရမ်ဆေးနဲ့  ရာဘီယော့ကို အလွတ်ဖြင့် ခေါ်ယူပြီးနောက် မာတူဒီနဲ့  ခီဒီရာတို့ကို ရောင်းချဖို့ ပြင်နေတဲ့ ဂျူဗင်တပ်စ်

2:29 PM, 2 July

ဂျူဗင်တပ်စ်အသင်းဟာ အာရွန် ရမ်ဆေးနဲ့  အက်ဒရီယန် ရာဘီယော့တို့ကို အလွတ်ဖြင့် ခေါ်ယူနိုင်ခဲ့တဲ့နောက်တွင် အသင်းရှိ ဆမ်မီ ခီဒီရာနဲ့  ဘလိုင်စီ မာတူဒီတို့ကို ရောင်းချသွားဖို့ ပြင်ဆင်လျက် ရှိပါတယ်။

ပီအက်စ်ဂျီ ကွင်းလယ် ကစားသမားဟောင်း ရာဘီယော့ဟာ ဝေးလ်စ် ကစားသမားရဲ့ နောက်သို့  ပြောင်းရွေ့ကြေး အလွတ်ဖြင့် စီးရီးအေ ချန်ပီယံတွေဆီ ရောက်ရှိလာပါတယ်။

အလားတူ တူတိုစပေါ့တ်ရဲ့ ဖော်ပြချက်အရ အသက် ၃၂ အရွယ် ခီဒီရာဟာ မာတူဒီ ဂျူဗင်တပ်စ် အသင်းနဲ့ လမ်းခွဲတဲ့ နောက်သို့  လိုက်ဖွယ် ရှိနေကြောင်း ဆိုပါတယ်။

အသင်းကြီးတွေနဲ့  ချိတ်ဆက်ခဲ့ဖူးရှိတဲ့ ရာဘီယော့ဟာ ယခုအချိန်မှာတော့ အပြောင်းအရွေ့ သတင်းတွေ အဆုံးသတ်ကာ ဂျူဗင်တပ်စ်အသင်းထံ ရောက်ရှိလာမှုကြောင့် တူရင်ကလပ်ဟာ ရှိနေတဲ့ ကွင်းလယ်လူနှစ်ဦးကို ရောင်းချသွားဖို့ ရှိပါတယ်။

လိုင်ယွန်ဟာ ကွင်းလယ်လူ အမ်ဒွန်ဘီလီ ထွက်ခွာနိုင်မှုကြောင့် အသက်၃၂နှစ်အရွယ် မာတူဒီကို ခေါ်ယူဖို့  စိတ်ဝင်စား လာနိုင်ပါတယ်။

အလားတူ အသင်းဟောင်း ပီအက်စ်ဂျီအသင်းဟာလည်း ရာဘီယော့ကို ဆုံးရှုံးမှုကြောင့် မာတူဒီကို ပြန်လည်ခေါ်ယူဖို့ ရှိနေပါတယ်။

တစ်ဖက်မှာတော့ ချဲလ်ဆီးအသင်းနဲ့  စာချုပ်ထပ်မချုပ်တဲ့ ဟီဂူအင်ဟာ တူရင်ကို ပြန်လည်  ရောက်ရှိလာခဲ့ပါတယ်။

အာဂျင်တီးနားသားဟာ လက်ကျန် ၂နှစ်စာချုပ်အတွင်း နာပိုလီနဲ့  ချဲလ်ဆီးနည်းပြဟောင်း ဆာရီနဲ့  ဂျူဗင်တပ်စ်မှာ ပြန်လည် လက်တွဲသွားဖွယ် ရှိပါတယ်။

#စီးရီးအေ #မာတူဒီ # ခီဒီရာ #ရာဘီအော့