ရှေ့သို့
Image

တော့တင်ဟမ်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တဲ့ ပါရီဆစ်

3:08 PM, 7 July

ခရိုအေးရှားလက်ရွေးစင်ဟာ ပြီးခဲ့တဲ့နွေရာသီက တော့တင်ဟမ်သို့ရောက်ရှိလာခဲ့ပြီး အသင်းနဲ့စာချုပ်သက်တမ်း ၁ နှစ် ကျန်ရှိနေသေးတာဖြစ်ပါတယ်။ သို့သော်လည်း အဆိုပါကစားသမားဟာ အင်္ဂလန်၌ ခက်ခဲသော ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပြီး ယခုအခါ တော့တင်ဟမ်မှ ထွက်ခွာဖို့စီစဉ်နေပြီဖြစ်ပါတယ်။

Gianluca Di Marzio ၏အဆိုအရ ပါရီဆစ်ဟာ ခရိုအေးရှားရှိ ၎င်းရဲ့ပထမဆုံးကလပ်ဖြစ်တဲ့ HJK Split သို့ ပြန်သွားရန် နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ အပြောင်းအရွှေ့ကိုအပြီးသတ်ဖို့ မကြာမီမှာပဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပါရီဆစ်ဟာ သူ့ရဲ့ကစားသမားဘဝကို HJKk နဲ့စတင်ခဲ့ပေမယ့် ပွဲထွက်ပါ၀င်ခွင့်မရရှိခဲ့ဘဲ အသက်- ၁၇ နှစ်၌ ဆိုးချော့သို့ ပြောင်းရွှေ့မှသာ ပွဲထွက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

နိုင်ငံလက်ရွေးစင်အသင်းအတွက် ၁၂၇ ပွဲကစားပြီး ၃၃ ဂိုး အထိ သွင်းယူပေးခဲ့တဲ့ ပါရီဆစ်ဟာ နောက်ဆုံးကမ္ဘာ့ဖလား ၂ ကြိမ်တွင် ဒုတိယနှင့် တတိယရရှိခဲ့သည့် ခရိုအေးရှား အသင်း၌ အရေးပါတဲ့ အခန်းကဏ္ဍမှပါ၀င်ခဲ့ပါတယ်။ အသက်- ၃၄ နှစ်အရွယ်ရှိ ပါရီဆစ်ဟာ အင်တာမီလန်မှ တော့တင်ဟမ်သို့ ၂၀၂၂ ခုနှစ်က အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာသူဖြစ်ပြီး အသင်းအတွက် ၄၄ ပွဲ ကစားပေးထားပါတယ်။

သို့သော်လည်း ပြီးခဲ့တဲ့ရာသီ၌ တော့တင်ဟမ်အသင်းဟာ ပရီးမီးယားလိဂ်တွင် အဆင့် ၈ သာရရှိပြီး ဥရောပ၀င်ခွင့်နဲ့ လွဲချော်ခဲ့တဲ့အပြင် ပါရီဆစ်ကလည်း အသင်းအတွက် ၁ ဂိုးသွင်းပြီး ၈ ဂိုးသာ ဖန်တီးပေးထားနိုင်သူဖြစ်ပါတယ်။

ပါရီဆစ်သာမက တော့တင်ဟမ်မှထွက်ခွာရန်စီစဉ်နေတဲ့ကစားသမား များစွာကျန်ရှိနေပါသေးတယ်။ မန်နေဂျာသစ် ပိုစတီဂိုဂလူက အသင်းမှကစားသမား ၁၀ ဦးကို အပြောင်းအရွှေ့ကာလမကုန်ခင်မှာပဲ ရှင်းထုတ်လိုနေတာဖြစ်ပါတယ်။ အသင်းရဲ့ကွင်းလယ်ကစားသမား ဟယ်ရီဝင့်ခ်ကို လက်စတာစီးတီး အသင်းထံ ရောင်းချထားပြီး လူးကပ်စ်မော်ရာဟာလည်း စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အလွတ်ဖြင့် ထွက်ခွာသွားခဲ့ပါတယ်။

သို့သော် တော့တင်ဟမ်အသင်းဟာ ကစားသမားသစ်အဖြစ် ဂျိမ်းစ် မက်ဒီဆင်နဲ့ ဗီကာရီယိုတို့ကို ခေါ်ယူပြီးဖြစ်ပါတယ်။ ဒါ့အပြင် ဖူလ်ဟမ်သို့ အငှားချထားပြီး ခြေစွမ်းကောင်းပြသနေတဲ့ တိုက်စစ်မှူး  ဆော်လမွန်ကိုလည်း အသင်းထံ ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပါတယ်။

#တော့တင်ဟမ် #ပါရီဆစ် #ပရီးမီးယားလိဂ်