ရှေ့သို့
Image

ဂျူဗင်တပ်စ်အသင်းရဲ့ဒုတိယလုပ်ခလစာအများဆုံး ကစားသမားဖြစ်လာဖွယ်ရှိနေတဲ့ ရာဘီအော့

1:12 PM, 1 July

ပီအက်စ်ဂျီကွင်းလယ်ကစားသမား ရာဘီအော့ဟာ စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းထံပြောင်းရွှေ့ဖြစ်ပါက တိုက်စစ်မှူး ရော်နယ်ဒိုပြီးနောက် ဒုတိယလုပ်ခလစာ အများဆုံး ကစားသမားဖြစ်လာဖွယ်ရှိနေပါတယ်။

အဆိုပါအသက် ၂၄နှစ်အရွယ်ကစားသမား ပြင်သစ်ချန်ပီယံကလပ်အသင်းနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်ပြီးနောက် ပြင်သစ်မြေမှာဆက်ရှိနေဖို့မသေချာတော့တာဖြစ်ပါတယ်။

သတင်းတွေအရတော့ ကွင်းလယ်ကစားသမား ရာဘီအော့ဟာ အီတလီမြေကိုပြောင်းရွှေ့ဖို့နီးစပ်နေပြီး ပြောင်းရွှေ့ဖြစ်ပါက တစ်နှစ်လုပ်ခလစာ ယူရို ၉သန်းနဲ့ ရော်နယ်ဒိုပြီးနောက် ဒုတိယမြောက်လုပ်ခလစာ အများဆုံး ကစားသမားဖြစ်လာဖွယ်ရှိနေပါတယ်။

လက်ရှိအချိန်မှာတော့ တိုက်စစ်မှူး ရော်နယ်ဒိုက ဂျူဗင်တပ်စ်အသင်းမှာ ယူရို ၃၁ သန်းနဲ့လုပ်ခလစာအများဆုံး ကစားသမားအဖြစ်ရပ်တည်နေပြီး ရာဘီအော့သာပြောင်းရွှေ့လာပါက ယူရို ၉သန်းနဲ့ဒုတိယနေရာ၊ တိုက်စစ်မှူး ဟီဂူအင်က ယူရို ၈.၅သန်း နဲ့တတိယနေရာ ၊ ဒိုင်ဘားလားက ယူရို ၇သန်းနဲ့ စတုတ္ထနေရာတို့မှာအသီးသီး ရပ်တည်နေပါတယ်။

အာဆင်နယ်သင်းကနေပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်ကစားသမား ရမ်ဆေးကတော့ တစ်နှစ်လုပ်ခ ယူရို ၆.၉သန်းရရှိဖွယ်ရှိနေပြီး ပဉ္စမနေရာမှာရပ်တည်နေကာ ဒီနှစ်နွေရာသီကမှ လန်ဒန်ကလပ်ကနေ တူရင်ကလပ်ထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ပြောင်းရွှေ့လာခဲ့ပြီး အသင်းနဲ့ ၄နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရရှိတဲ့သတင်းတွေအရတော့ ကွင်းလယ်ကစားသမား ရာဘီအော့ဟာ ဂျူဗင်တပ်စ်အသင်းထံ ပြောင်းရွှေ့ဖို့သဘောတူညီရရှိခဲ့ပြီဖြစ်တယ်လို့သတင်းတွေကဖော်ပြနေကြပါတယ်။

အဆိုပါပြင်သစ်သားကိုတော့ မန်ယူ၊ ဘာစီလိုနာအသင်းတို့ကခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ဂျူဗင်တပ်စ်အသင်းကခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။

#စီးရီးအေ #ရာဘီအော့