ရှေ့သို့
Image

ယူနိုက်တက်အား ပေါင် ၆ ဘီလီယံဖြင့် ကမ်းလှမ်းမှုအထိ စောင့်ကာ ရောင်းချလိုနေတဲ့ ဂလေဇာမိသားစု

12:51 PM, 6 July

ဂလေဇာမိသားစုဟာ ကလပ်ကို ရောင်းချမည်ကို မသေချာကြောင်း ရှိတ်ဂျက်ဆင်က ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ယူနိုက်တက်ပရိသတ်တွေအတွက် စိတ်ပျက်ဖွယ်ရာတစ်ခုလာခဲ့ပါတယ်။

ယူနိုက်တက်ကို လွှဲပြောင်းတဲ့လုပ်ငန်းစဉ်က ရှည်ကြာနေတာကြောင့် ရှိတ်ဂျက်ဆင်က စိတ်ပျက်လာကာ ဂလေဇာမိသားစုဟာ ကလပ်ကို ရောင်းချရန် အလေးအနက်ထားသလားဟု စတင်တွေးတောလာခဲ့ပါတယ်။ ကာတာဟာ သူတို့ရဲ့ ၅ ကြိမ်မြောက်ကမ်းလှမ်းမှုကို ဇွန်လအစောပိုင်းတွင် ပြုလုပ်ခဲ့ပြီး အကြောင်းပြန်ကြားမှု မရရှိခဲ့သေးကြောင်း The Guardian ကဖော်ပြထားပါတယ်။

ကာတာဝန်ကြီးချုပ်ဟောင်း၏သားဖြစ်သူ ရှိတ်ဂျက်ဆင်ဟာ ယူနိုက်တက်ရဲ့ ရှယ်ယာအများစုကိုသာ ဝယ်ယူဖို့လုပ်ဆောင်နေတဲ့ INEOS အမှုဆောင်အရာရှိချုပ် ဆာဂျင်မ်ရိုက်ကလစ်ဖ်နှင့်မတူဘဲ ကလပ်၏ ၁၀၀% အား ဝယ်ယူရန်သာ စိတ်ဝင်စားနေပါတယ်။ သူ့ရဲ့နောက်ဆုံးကမ်းလှမ်းမှုမှာ ပေါင် ၆ ဘီလီယံ နီးပါးရှိပြီး Raine Group မှသတ်မှတ်ထားသော နောက်ဆုံးရက်အပြီးတွင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်လို့ သိရပါတယ်။

ယူနိုက်တက်ပရိသတ်တွေဟာ ဂလေဇာမိသားစုရဲ့ ရောင်းချခြင်းလုပ်ငန်းစဉ်အား အချိန်ဆွဲထားခြင်းအပေါ် ဒေါသပိုထွက်ကာ ဧပြီလ ၃၀ ရက်နေ့တွင် အက်စတွန်ဗီလာကို ၁-၀ ဂိုး ဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမတိုင်မီ ဆန္ဒပြပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ The 1958 အဖွဲ့မှ ပရိသတ်သတ်တွေဟာ အိုးလ်ထရက်ဖို့ဒ်ကွင်းအပြင်ဘက်တွင် ပြီးခဲ့သည့်လက ကလပ်၏ဝတ်စုံအသစ်ကို စတင်မိတ်ဆက်သည့်အချိန်တွင် ဆန္ဒပြခဲ့ကြပါတယ်။ ယခုအခါ အသင်းအားရောင်းချမှုတွင် ရှင်းလင်းပြတ်သားမှုမရှိသည့်အတွက် စိတ်ပျက်နေကြပုံရပါတယ်။

ဂလေဇာမိသားစုဟာ ပြင်ပရင်းနှီးမြှုပ်နှံမှု သို့မဟုတ် အကြွင်းမဲ့ရောင်းချခြင်း အပါအဝင် "မဟာဗျူဟာမြောက် အခြားရွေးချယ်စရာများကို ရှာဖွေနေပါတယ်" လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလတွင် ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ၈ လ အကြာမှာတော့ ကလပ်ရဲ့ ပိုင်ဆိုင်မှု အနာဂတ်က သိပ်မရှင်းလင်းတော့ပါဘူး။

ယူနိုက်တက်ဟာ လာမည့်ရက်သတ္တပတ်တွင် ရာသီကြိုအတွက်စတင်မျာဖြစ်ပြီး နော်ဝေမှာ လိဒ်အသင်းနှင့် ခြေစမ်းပွဲ ကစားမှာဖြစ်ပါတယ်။ ဒါပေမယ့် ဂလေဇာမိသားစုက ကလပ်ကို လုံးဝရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ရာသီမစခင်အထိ ပိုင်ရှင်ပြောင်းလဲမှုက ပြီးမြောက်ဖို့ မျှော်လင့်လို့မရပါဘူး။

#မန်ချက်စတာယူနိုက်တက် #ဂလေဇာ #ပရီးမီးယားလိဂ် #ရှိတ်ဂျက်ဆင်