ရှေ့သို့
Image

စိတ်ကြိုက်ဈေးနဲ့ ကမ်းလှမ်းမှုကို ဂလေဇာက ပယ်ချခဲ့ပြီးနောက် ယူနိုက်တက်ကို ဝယ်ယူရေးကြိုးပမ်းမှုကနေ နောက်ဆုတ်လိုက်တဲ့ ရှိတ်ဂျာဆင်

9:04 AM, 15 October

ရှိတ်ဂျာဆင်ဟာ ယူနိုက်တက်အသင်းကို ဂလေဇာမိသားစုထံကနေ ခေါ်ယူရေးအစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

ကာတာဘဏ်လုပ်ငန်းရှင်ဟာ ယူနိုက်တက်ကို ဝယ်ယူဖို့ ဒေါ်လာ၆ဘီလီယံကျော်အထိပေးကာ ကမ်းလှမ်းခဲ့ပေမယ့် ဂလေဇာမိသားစုက လက်ခံခဲ့ခြင်းမရှိပါဘူး။

ဂလေဇာတွေဟာ ၂၀၀၅ခုနှစ်က ယူနိုက်တက်ကို ဒေါ်လာ ၉၅၈သန်းနဲ့ ဝယ်ယူခဲ့ပြီး ၂၀၂၂ခုနှစ် နိုဝင်ဘာလမှာ အသင်းကို ရောင်းချဖို့ စဉ်းစားနေကြောင်း အတည်ပြုခဲ့ပါတယ်။

တစ်နှစ်နီးပါးအကြာမှာတော့ ရှိတ်ဂျာဆင်နဲ့ ဗြိတိန်လုပ်ငန်းရှင် ဆာဂျင်မ်ရက်ကလစ်ဖ်တို့နစ်ဦးသာ အတည်တကျ ကမ်းလှမ်းမယ့်သူတွေအဖြစ် ကျန်ခဲ့ပါတယ်။

မတ်လက ဘဏ္ဍာရေးစာရင်းတွေအရ ယူနိုက်တက်အသင်းရဲ့ ချေးငွေပမာဏဟာ ဒေါ်လာ ၁.၁၈ဘီလီယံနားအထိ ရောက်လာပြီလို့ သိရပါတယ်။

ရက်ကလစ်ဖ်ကတော့ ယူနိုက်တက်ရဲ့ ရှယ်ယာအနည်းငယ်ကို ဝယ်ယူရေးကြိုးပမ်းမှုမှာ အဆင်ပြေနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

ရှိတ်ဂျာဆင်ဟာ ယူနိုက်တက်အသင်းကို ဒေါ်လာ၆ဘီလီယံကျော်နဲ့ ဝယ်ယူမှာဖြစ်တဲ့အပြင် အသင်းရဲ့ကြွေးမီတွေကိုပါ ရှင်းပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့ပေမယ့် ဂလေဇာက လက်မခံခဲ့တာကြောင့် ယခုလိုမျိုး ဝယ်ယူရေး ကြိုးပမ်းမှုကနေ နောက်ဆုတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဂလေဇာ #ပရီးမီးယားလိဂ် #ရှိတ်ဂျက်ဆင်