ရှေ့သို့
Image

ဂျော်ဒီအယ်လ်ဘာကို ခေါ်ယူနိုင်မယ်လို့ အင်တာမီယာမီယုံကြည်နေ

10:54 AM, 6 July

သတင်းတွေအရ အင်တာမီယာမီအသင်းဟာ မက်ဆီနဲ့ ဘက်စ်ကွက်တို့ရဲ့ အသင်းဖော်ဟောင်း ဂျော်ဒီအယ်လ်ဘာကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။ အက်သလက်တစ်ရဲ့အဆိုအရ ဘာစီလိုနာ ဘယ်နောက်ခံလူဟောင်းဟာ ဘက်ခမ်းရဲ့အသင်းဖြစ်တဲ့ အင်တာမီယာမီကို ပြောင်းဖို့ နီးစပ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အယ်လ်ဘာဟာ ဘာစီလိုနာအတွက် ပွဲပေါင်း ၄၅၀ ကျော် ပါဝင်ကစားခဲ့ပြီး စပိန်လာလီဂါ ၆ ကြိမ်နဲ့ ချန်ပီယံလိဂ်တစ်ကြိမ် ရယူနိုင်ခဲ့ကာ အခုနွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာကြောင့် ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။ အင်တာမီယာမီဟာ  ဘက်စ်ကွက်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေသလို အခုလည်း အယ်လ်ဘာကို ချိတ်ဆက်နေကာ မက်ဆီနဲ့ ပြန်လည် တွဲဖက်ပေးချင်နေပါတယ်။

အင်တာမီယာမီဒုဥက္ကဌ ဂျော့ချ်မက်စ်ကလည်း မိမိတို့ဟာ အနည်းဆုံး ၂ ဦး ဒါမှမဟုတ် ၃ ဦးကို ခေါ်ယူမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရီးရဲလ်နောက်ခံလူဟောင်း ရာမို့စ်ကိုလည်း ခေါ်ယူချင်နေကာ ပီအက်စ်ဂျီကနေ ထွက်ခွာခဲ့ပြီဖြစ်ပါတယ်။ အခြားတစ်ဖက်မှာလည်း အင်တာမီယာမီဟာ အင်နီယေစတာကိုလည်း ချိတ်ဆက်နေပြီး ဂျပန်ကလပ် ကိုဘေးအသင်းထံကနေ ထွက်ခွာလာခဲ့ပြီဖြစ်ပါတယ်။

အင်တာမီယာမီ အနေနဲ့ ရာသီကြိုခြေစစ်ပွဲမှာ ပါဝင်ကစားနိုင်ဖို့ ပြင်ဆင်နေကာ နောက်ဆုံး ၂ ပွဲမှာတော့ သရေကျထားခဲ့ပါတယ်။ လာမယ့်အပတ်မှာတော့ အင်တာမိုင်ယာမီဟာ ရွန်းနီရဲ့ ဒီစီယူနိုက်တက်နဲ့ ကစားရမှာဖြစ်ပါတယ်။

#ဘာစီလိုနာ #အပြောင်းအရွှေ့ #ဂျော်ဒီ အယ်လ်ဘာ #အင်တာမီယာမီ