ရှေ့သို့
Image

အင်တာမီယာမီမှာ မက်ဆီနှင့် အတူ ပူးပေါင်းဖို့ သဘောတူခဲ့တဲ့ ဂျော်ဒီအယ်လ်ဘာ

11:25 AM, 19 June

အင်တာမီယာမီသို့ ပြောင်းရွှေ့ဖို့ ညှိနှိုင်းမှုတွေက ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး စာချုပ်ပါအချက်အလက်တွေအတွက် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်လို့ Mundo Deportivo က ဖော်ပြထားပါတယ်။ လစာကတော့ MLS ရဲ့ ပြောင်းရွှေ့လာသူတွေရဲ့ လစာဖြစ်တဲ့ ဒေါ်လာ ၂ သန်း (ပေါင် ၁.၅သန်း) ရရှိမှာဖြစ်ပြီး အပြောင်းရွှေ အပြီးသတ်ခဲ့မယ်ဆိုရင် ဘာစီလိုနာ အသင်းဖော်ဟောင်း မက်ဆီနှင့် ပြန်လည်ပေါင်းစည်းရတော့မှာဖြစ်ပါတယ်။

စာချုပ်ကအပြီးသတ်တော့မှာဖြစ်ပြီး အင်တာမီယာမီဟာ သူ့ကိုခေါ်ယူဖို့ အခြားကလပ်တွေနဲ့ ပြိုင်ဆိုင်ခဲ့ရတာကို သတိပြုမိထားတာကြောင့် ၂၀၂၆ခုနှစ် ယူအက်စ်၊ မက္ကဆီကိုနှင့် ကနေဒါတို့မှာ ကျင်းပမယ့်ကမ္ဘာ့အတွက် သံတမန်ဖြစ်လာခြင်းအပါအဝင် လစာတိုးပေးဖို့ နောက်ထပ် ဝင်ငွေရလမ်းအတွက် ရှာဖွေဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

အယ်လ်ဘာကိုခေါ်ယူဖို့ ဆော်ဒီကလပ်တွေက စိတ်ဝင်စားနေကြပြီး အင်တာမီလန်၊ အက်သလက်တီကိုမက်ဒရစ်တို့ကလည်း သူ့ကို ဥရောပမှာ ဆက်ထိန်းထားလိုတာဖြစ်ပါတယ်။ သို့သော်လည်း ခရိုအေးရှားနှင့် ကစားမယ့် နေးရှင်းလိဂ်ဖိုင်နယ်မတိုင်ခင် ဆုံးဖြတ်ချက်ချသေးမှာမဟုတ်ပါဘူး။

ဘယ်နောက်တန်း ကစားသမားဟာ မီယာမီသို့ ပြောင်းရွှေ့ဖို့နီးစပ်နေပါတယ်လို့ သတင်းတွေက ဖော်ပြထားပြီး ဘာစီလိုနာကနေ Free Agent နှင့် ထွက်ခွာကြောင်းကို ကြေညာခဲ့တာလည်းဖြစ်ပါတယ်။ စောင့်ကြည့်ရမှာဖြစ်သော်လည်း အခြားကလပ်တစ်ခုကိုရှာဖွေဖို့ အယ်လ်ဘာက ဆုံးဖြတ်ချက်ချရမှာဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #မက်ဆီ #ဂျော်ဒီ အယ်လ်ဘာ #အင်တာမီယာမီ