ရှေ့သို့
Image

နုရင်ဘတ်နဲ့ ရာသီကြိုခြေစမ်းပွဲမှာ ထရိုဆက်ကို နေရာသစ်မှာ ထားကစားဖို့ ပြင်ဆင်နေတဲ့ အာတီတာ

10:02 AM, 6 July

အာဆင်နယ်အသင်းနည်းပြ အာတီတာတစ်ယောက် လာမယ့်အပတ်မှာကစားမယ့် နုရင်ဘတ်အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲမှာ ထရိုဆက်ကို နေရာသစ်ထားကစားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အာဆင်နယ်ဟာ သူတို့ရဲ့ရာသီကြိုခြေစမ်းပွဲအတွက် ဂျာမနီမြေမှာ လေ့ကျင့်ခန်းဆင်းနေပြီး အဲ့နောက် အမေရိကမြေကို ဆက်သွားမှာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်တွေအပြီးမှာ အာဆင်နယ်ဟာ အင်္ဂလန်ကိုပြန်လာမှာဖြစ်ပြီး အမ်းမရိတ်ဖလားပွဲအဖြစ် မိုနာကိုအသင်းနဲ့ ကစားမှာဖြစ်ကာ အဲ့နောက်မှာ မန်စီးတီးနဲ့ ကွန်မြူနတီဖလားပွဲကစားမှာ ဖြစ်ပါတယ်။

ဂျာမနီမှာ ကစားသမားအခြေအနေကန့်သတ်မှုရှိနေတာကြောင့် နိုင်ငံအသင်းပွဲစဉ်ကစားထားတဲ့ ကစားသမားတွေကို အသင်းနဲ့ နောက်ကျမှပူးပေါင်းခွင့်ပေးထားတာဖြစ်ပါတယ်။ သတင်းတွေအရ အိုဒီဂတ် ၊ ဆာကာ ၊ ဂျော်ဂျင်ဟို ၊ ရမ်စ်ဒဲလ် နဲ့ ခီဗီယောတို့ဟာ စီနီယာအသင်းမှာ မပါဝင်နိုင်သေးဘူးလို့ သိရပါတယ်။

အာဆင်နယ်ဟာ ဇူလိုင်လ ၁၃ ရက်နေ့မှာ နုရင်ဘတ်အသင်းနဲ့ ကစားမှာဖြစ်ပြီး ကစားသမားတွေပြန်လာမယ့်အပေါ် မူတည်ပြီး ဆက်လက်ကစားမှာဖြစ်ပါတယ်။ အဆိုပါပွဲဟာ ကစားသမားအင်အားအပြင် အချို့ကစားသမားတွေ တိုးတက်လာဖို့ အခွင့်အရေးတစ်ရပ်ပေးနိုင်တာဖြစ်ပါတယ်။

အာတီတာကတော့ ကစားသမားအချို့နဲ့အသစ်အဆန်းတွေလုပ်ဆောင်ဖို့ ပြင်ဆင်နေပြီး ထရိုဆက်ကို နေရာပြောင်းကစားဖို့ ပြင်ဆင်နေပါတယ်။ ဘယ်လ်ဂျီယံသားဟာ အိုဒီဂတ် နဲ့ ကိုင်ဟာဗက်ဇ်တို့မရှိချိန် ကွင်းလယ်နေရာမှာ ကစားရဖို့ များနေတယ်လို့ သိရပါတယ်။

ထရိုဆက်ဟာ စွယ်စုံရကစားသမားဖြစ်သလို တောင်ပံ ၂ ဖက်အပြင် အထောင်တိုက်စစ်နေရာမှာလည်း ကစားနိုင်စွမ်းရှိတာဖြစ်ပါတယ်။ ဆာလီဘာကတော့ ပြန်လာနိုင်ခဲ့ပြီဖြစ်ကာ ဘရာဇီးစတား မာကွင်ဟို့စ်လည်း အသင်းနဲ့ ပူးပေါင်းခဲ့ပြီဖြစ်ပါတယ်။

#အာတီတာ #အာဆင်နယ် #ထရိုဆက် #ခြေစမ်းပွဲ