ရှေ့သို့
Image

ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် (၆) မှ ကိုပင်ဟေဂင် - ဂါလာတာစာရေး ပွဲကြိုခန့်မှန်းချက် (နံနက် ၂း၃၀)

1:30 PM, 12 December

ကိုပင်ဟေဂင် ဒဏ်ရာရလူစာရင်း -  ဘာဂါ၊ ကလမ်၊ ဒါဗစ်ခိုချိုလာဗာ (သေချာပေါက်လွဲ)၊ နိုအာဆာဆာ၊ ဘာဘာကာ(မသေချာ)
ဂါလာတာစာရေး ဒဏ်ရာရလူစာရင်း -  ဒါဗင်ဆန်ဆန်းချက်ဇ်(သေချာပေါက်လွဲ)၊ ဇီယက်ရှ်(မသေချာ)

ထူးခြားချက်များ
========
မရှိ

ခန့်မှန်းချက်
======
နှစ်သင်းလုံးရမှတ်တူညီကြသလို ပထမအကျော့မှာလည်း နှစ်ဂိုးစီသရေကျထားတာကြောင့် အခုပွဲစဉ်မှာ အနိုင်ရလဒ်ဖော်ဆောင်နိုင်တဲ့အသင်းက ဘိုင်ယန်မြူးနစ်နဲ့အတူ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်မှာပါ။ အခုပွဲစဉ်မှာ ကိုပင်ဟေဂင်က အိမ်ရှင်ဖြစ်နေလို့ အနည်းငယ်အသာစီးရနိုင်ပေမယ့် ဂါလာတာစာရေးရဲ့ရုန်းအားကိုလည်း လျှော့တွက်လို့ မရပါဘူး။ ကိုပင်ဟေဂင်က ချန်ပီယံလိဂ်နောက်ဆုံးပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကို အဝေးကွင်းသရေကစားပြီး သူတို့ရဲ့နောက်တစ်ဆင့်တက်ရောက်နိုင်ရေးအိပ်မက်ကို အသက်သွင်းခဲ့ပါတယ်။

ပြည်တွင်းလိဂ်ချန်ပီယံဆုအတွက် ဖီနာဘာချီနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်နေတဲ့ ဂါလာတာစာရေးအတွက် နောက်ထပ်စမ်းသပ်မှုတစ်ခုဖြစ်ပါတယ်။ ဂါလာတာစာရေးက အုပ်စုတွင်းအဝေးကွင်းပွဲစဉ်တွေမှာ မန်ချက်စတာယူနိုက်တက်ကို အနိုင်ရပြီး ဘိုင်ယန်မြူးနစ်ကို အရေးနိမ့်ခဲ့ပေမယ့် ဒီပွဲစဉ်တွေမှာ တူရကီထိပ်သီးကလပ်ရဲ့သွင်းဂိုးတွေ မြင်တွေ့ခဲ့ရပါတယ်။ သွင်းဂိုး၊ပေးဂိုးတွေ မြိုင်ဆိုင်လေ့ရှိတဲ့ အသင်းနှစ်ခု ထိပ်တိုက်တွေ့ဆုံချိန်မှာ ဂိုးပေါ်ကို ပိုကြိုက်မိတယ်။


ကိုပင်ဟေဂင် - ဂါလာတာစာရေး ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၃) ကြိမ်
------------------------------------------------------
ဂါလာတာစာရေး ၂ - ၂ ကိုပင်ဟေဂင် (၂၀-စက်တင်ဘာ-၂၀၂၃)
ကိုပင်ဟေဂင် ၁ - ၀ ဂါလာတာစာရေး (၆-နိုဝင်ဘာ-၂၀၁၃)
ဂါလာတာစာရေး ၃ - ၁ ကိုပင်ဟေဂင် (၂၄-အောက်တိုဘာ-၂၀၁၃)
.
ကိုပင်ဟေဂင် နောက်ဆုံး (၅) ပွဲရလဒ်
-------------------------------------
ကိုပင်ဟေဂင် ၁ - ၂ အာဟက်ခ် (၃-ဒီဇင်ဘာ-၂၀၂၃)
ဘိုင်ယန်မြူးနစ် ၀ - ၀ ကိုပင်ဟေဂင် (၃၀-နိုဝင်ဘာ-၂၀၂၃)
ဗိုင်ဘော့ ၂ - ၁ ကိုပင်ဟေဂင် (၂၆-နိုဝင်ဘာ-၂၀၂၃)
ကိုပင်ဟေဂင် ၀ - ၀ ဘရွန်ဘီ (၁၂-နိုဝင်ဘာ-၂၀၂၃)
ကိုပင်ဟေဂင် ၄ - ၃ ယူနိုက်တက် (၉-နိုဝင်ဘာ-၂၀၂၃)
.
ဂါလာတာစာရေး နောက်ဆုံး (၅) ပွဲရလဒ်
-----------------------------------
ဂါလာတာစာရေး ၃ - ၁ အဒါနာဒီမီစပေါ (၈-ဒီဇင်ဘာ-၂၀၂၃)
ပန်ဒစ်စပေါ ၀ - ၂ ဂါလာတာစာရေး (၂-ဒီဇင်ဘာ-၂၀၂၃)
ဂါလာတာစာရေး ၃ - ၃ ယူနိုက်တက် (၃၀-နိုဝင်ဘာ-၂၀၂၃)
ဂါလာတာစာရေး ၄ - ၀ အန်တေယာစပေါ (၂၅-နိုဝင်ဘာ-၂၀၂၃)
ဟတ်တေယာစပေါ ၂ - ၁ ဂါလာတာစာရေး (၁၁-နိုဝင်ဘာ-၂၀၂၃)

#ပွဲကြိုသုံးသပ်ချက် #ဂါလာတာစာရေး #ချန်ပီယံလိဂ် #ကိုပင်ဟေဂင်