ရှေ့သို့
Image

ရာဘီအော့ကို စာချုပ်သက်တမ်း တိုးနိုင်ကြောင်း ဂျူဗင်တပ်စ် ကြေညာ

9:17 AM, 28 June

ဂျူဗင်တပ်စ် အသင်းကတော့ ကွင်းလယ်လူ ရာဘီအော့ကို စာချုပ်သက်တမ်း တိုးနိုင်ကြောင်း တရားဝင်ကြေညာလိုက်ပါတယ်။

အသက် ၂၈ နှစ်သားရဲ့စာချုပ်သက်တမ်းက ဇွန်လ ၃၀ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပြီး အလွတ်နဲ့ထွက်ခွာရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ ဂျူဗင်တပ်စ်အသင်းဟာ ၂၀၂၃ - ၂၄ ရာသီကုန်အထိ ဆက်ထိန်းထားနိုင်ခဲ့တာဖြစ်ပါတယ်။ ရာဘီအော့ကို ယူနိုက်တက်အသင်းက ချိတ်ဆက်ခဲ့သေးတာဖြစ်ပြီး အခုတော့ ဂျူဗင်တပ်စ်မှာပဲ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။

ပြင်သစ်သားဟာ ဂျူဗင်တပ်စ်အသင်းထံ ၂၀၁၉ နွေရာသီတုန်းက ပီအက်စ်ဂျီကနေ ပြောင်းလာခဲ့တာဖြစ်ပြီး  အသင်းနဲ့အတူ ဆုဖလား ၃ လုံးရယူနိုင်ခဲ့ပါတယ်။ သူရောက်လာပြီးကတည်းက ဂျူဗင်တပ်စ်ကစားသမားတွေထဲမှာ သူ့လောက်စီနီယာပွဲထွက်ခွင့်များတဲ့သူမရှိတာာဖြစ်ပါတယ်။

“စတိုရီက ဆက်လက်ရှိနေပြီး အသင်းနဲ့ ၂ ဦး ၂ ဖက်ဆက်သွားတော့မှာပါ။ပြီးတော့ အတူတူအောင်မြင်မှုတွေ ယူဖို့ အသင့်ဖြစ်နေပါပြီ။  ဂုဏ်ယူပါတယ် အက်ဒရီယန်”လို့ အင်္ဂါနေ့တုန်းက အသင်းဝက်ဘ်ဆိုက်ကနေ တင်ခဲ့ပါတယ်။

#စီးရီးအေ #ရာဘီအော့ #ဂျူဗင်တပ်စ်