ရှေ့သို့
Image

တိုမီနေးရဲ့ ဂိုးဖြင့် ဗီလာကို အနိုင်ယူပြီး ယူနိုက်တက် နောက်ဆင့်တက်

7:54 AM, 11 January

မန်ချက်စတာယူနိုက်တက် ၁ - ၀ အက်စတွန်ဗီလာ (FT)


တိုမီနေး ၈’


အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်တွင် ယူနိုက်တက်တို့ ဂျာရတ်ရဲ့ ဗီလာအသင်းအား ကွင်းလယ်လူ တိုမီနေးရဲ့ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ယူကာ နောက်တဆင့်တက်ခဲ့ပါတယ်။

ဗီလာဘက်က ဒန်နီအင့်စ် ချေပဂိုး ပြန်သွင်းပေမယ့် VAR က ဂိုးဖြစ်လာရာတွင် ကာဗာနီကို ဗီလာကစားသမား ရမ်ဆေးက ဖောင်းဘောကျူးလွန်တယ်ဆိုပြီး  ဂိုးမပေးခဲ့ပါဘူး။ အလားတူ ဝက်ကင်စ်ရဲ့ ဂိုးဟာလည်း လူကျွံဘော ဖြစ်နေခဲ့တဲ့အတွက် ရှုံးခဲ့ရပါတယ်။


ပွဲအတွင်းမှာလည်း  အက်စတွန်ဗီလာနည်းပြ စတီဗင်ဂျရတ်ဟာ ယူနိုက်တက်ပရိသတ်တစ်ချို့ရဲ့ လှောင်ပြောင်ခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဗီလာ #မက်တိုမီနေး #အက်ဖ်အေ