ရှေ့သို့
Image

ယူနိုက်တက် ချိတ်ဆက်နေတဲ့ မူအာနီကို တန်ကြေးသတ်မှတ်လိုက်တဲ့ ဖရန့်ဖတ်

9:08 AM, 28 June

ယူနိုက်တက်အသင်းဟာ နွေရာသီမှာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ ပြင်ဆင်နေပြီး ကိန်းကို အဓိကပစ်မှတ်ထားနေတာဖြစ်ပါတယ်။

တန်ဟက်ကတော့ အခုနွေရာသီမှာ တိုက်စစ်မှူးနေရာကို အဓိကအားဖြည့်ချင်နေတာဖြစ်ပြီး ရက်ရှ်ဖို့ဒ်က ပြီးခဲ့တဲ့ရာသီတုန်းက ၅၆ ပွဲမှာ ၃၀ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ မာရှယ်က ဒဏ်ရာပြဿနာတွေနဲ့သာ နပန်းလုံးနေရတာကြောင့် တန်ဟက်က အသင်းတိုက်စစ်မှာ နောက်ထပ်တစ်ဦး ထပ်မံအားဖြည့်ချင်နေတာ ဖြစ်ပါတယ်။

ကိန်းကို ခေါ်ယူဖို့ အဓိကပစ်မှတ်ထားနေပေမယ့် တော့တင်ဟမ်က သူတို့အဓိက ကစားသမားကို ပြည်တွင်းပြိုင်ဘက် အသင်းထံ ရောင်းချလိုခြင်းမရှိတာဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်အနေနဲ့ တိုက်စစ်အတွက် အခြားကစားသမားတစ်ဦးကို ခေါ်ယူရဖွယ်ရှိနေပါတယ်။

သတင်းတွေအရ ယူနိုက်တက်ဟာ ဖရန့်ဖတ်တိုက်စစ်မှူး မူအာနီကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ အသက် ၂၄ နှစ်သားရဲ့ပြီးခဲ့တဲ့ရာသီက စွမ်းဆောင်ရည်ကို အသင်းကင်းထောက်တွေက သဘောကျနေတာဖြစ်ပါတယ်။ မူအာနီဟာ နေရာယူပုံ ၊ နည်းစနစ် နဲ့ ဂိုးသွင်းစွမ်းဆောင်ရည်တွေမှာ ကောင်းမွန်တာဖြစ်ပါတယ်။

ဖရန့်ဖတ်ဘက်က သူတို့စတားအတွက် ပေါင် ၈၅ သန်းတန်ကြေး သတ်မှတ်ထားကာ ဘိုင်ယန်က ကိန်းကို ခေါ်ယူဖို့ လုပ်ဆောင်နေပါတယ်။ ဘိုင်ယန်က ကိန်းကို ခေါ်ယူနိုင်ခဲ့ရင် ယူနိုက်တက်က မူအာနီကို ခေါ်ယူဖို့ လုပ်ဆောင်ဖွယ်ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖရန့်ဖတ် #အပြောင်းအရွှေ့ မူအာနီ