ရှေ့သို့
Image

တူရကီနိုင်ငံရှိ အေကေပါတီတွင် ပါလီမန်အမတ်လောင်းတစ်ဦးဖြစ်လာတဲ့ အိုဇေးလ်

12:12 PM, 18 April

ပြီးခဲ့သည့်လများအတွင်း ဘောလုံးလောကမှ ထွက်ခွာခဲ့သော အိုဇေးလ်သည် နိုင်ငံရေးလောကထဲသို့ ဝင်ရောက်လာမည်ဟု အကြံပြုထားကြောင်းသိရပါတယ်။

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂျာမန်လက်ရွေးစင်အသင်းနှင့်အတူ ချန်ပီယံဆုရရှိခဲ့သည့် အိုဇေးလ်သည် ရီးရဲလ်မက်ဒရစ်၊ ဖီနာဘာချီနှင့် အာဆင်နယ် တို့လို ထိပ်တန်းအသင်းတွေမှာ ကစားခဲ့တဲ့ ဂျာမနီကွင်းလယ်ကစားသမား အိုဇေးလ်ဟာ တူရကီနိုင်ငံရှိ အေကေပါတီမှာ လွှတ်တော်အမတ်လောင်း ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

မကြာသေးမီက တူရကီကလပ် ဘဆက်ဆီဟာ အသင်းအတွက် ကစားပေးခဲ့သော အိုဇေးလ်သည် ၎င်း၏ ကစားသမားဘဝအနားယူပြီးနောက် နိုင်ငံရေးလောကထဲဝင်ရောက်လာတာဖြစ်ပြီး အဆိုပါသတင်းကိုတော့ Haber 7 ဝက်ဘ်ဆိုက်မှထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဗဟိုရွေးကောက်ပွဲ ဘုတ်အဖွဲ့ထံ တင်သွင်းမည့် စာရင်းများ၏ နောက်ဆုံးနေ့တွင် ပါလီမန် ကိုယ်စားလှယ်လောင်းများထဲတွင် အိုဇေးလ်လည်း ပါဝင်ကြောင်း သိရှိရပါတယ်။

စာရင်းတွင် အံ့အားသင့်ဖွယ်အမည်များ ပါ၀င်မည်ဟု ယခင်က ကြေညာခဲ့သော သမ္မတ ရီဆက်တေယစ် အာဒိုဂန်က အိုဇေးလ်ကို ညွှန်ပြခဲ့သည်ဟု ဆိုကြောင်းမီဒီယာများကလည်းဖော်ပြခဲ့ကြပါတယ်။

စပိန်နိုင်ငံ ရီးရဲလ်မက်ဒရစ်မှာ ကစားခဲ့တဲ့ အိုဇေးလ်ဟာ ၂၀၁၃-၂၀၁၄ ရာသီအစမှာ အာဆင်နယ်ကို ယူရိုသန်း ၅၀ နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဂျာမန်အမျိုးသားအသင်းတွင် လူမျိုးရေးခွဲခြားမှုခံခဲ့ရကြောင်း နောက်ပိုင်းတွင် ကြေညာခဲ့သည့် အိုဇေးလ် သည် "ဂျာမန်အနိုင်ရသောအခါ၊ တူရကီရှုးသောအခါ" ဟူသောစကားလုံးဖြင့် နိုင်ငံရေးလောကထဲဝင်ရောက်လာကြောင်းသိရပါတယ်။

သမ္မတအာဒိုဂန်နှင့် ရင်းနှီးသောဆက်ဆံရေးရှိသည့် တူရကီကြယ်ပွင့်သည် ဂျာမန်လက်ရွေးစင်အသင်းမှ ထွက်ခွာခဲ့ပြီး ၂၀၂၀-၂၀၂၁ ရာသီအတွင်း ဖီနာဘာချီသို ပြောင်းရွှေ့ခဲ့ပါတယ်။

အတွေ့အကြုံရင့်ကစားသမားသည် ဖီနာဘာချီအသင်း အုပ်ချုပ်သူများနှင့် သဘောထားကွဲလွဲပြီးနောက် ၂၀၂၂-၂၀၂၃ နွေရာသီအပြောင်းအရွှေ့ကာလတွင် ဘဆက်ဆီဟာသို့ ပြောင်းရွှေ့လာသော်လည်း ၎င်း၏ဒဏ်ရာကြောင့် မျှော်လင့်ထားသည့်ခြေစွမ်းကိုမတွေ့ခဲ့ရကြောင်းသိရပါတယ်။

ခါးမှာရရှိထားတဲ့ ပြင်းထန်တဲ့ ဒဏ်ရာတွေကြောင့် အနားယူခဲ့တဲ့ အိုဇေးလ် ဟာ ဘဆက်ဆီဟာအသင်းအတွက်  ၇ ပွဲသာ ကစားခဲ့ရပြီး စုစုပေါင်းပွဲကစားချိန် ၁၄၂ မိနစ်အထိသာရှိခဲ့ပါတယ်။

#အိုဇေးလ်