ရှေ့သို့
Image

ဘက်စ်ကွက်စ်နေရာကို အစားထိုးဖို့ ဖူလ်ဟမ်က ပယ်လင်ဟာကို စောင့်ကြည့်နေတဲ့ ဘာစီလိုနာ

11:15 AM, 26 June

ဥရောပကနေထွက်ခွာကာ အသင်းဖော်ဟောင်း မက်ဆီရှိရာ အင်တာမိုင်ယာမီသို့ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်တဲ့ ဝါရင့်ကွင်းလယ်ကစားသမား ဘက်စ်ကွက်စ်ရဲ့နေရာကို အစားထိုးရန် လာလီဂါချန်ပီယံတွေဟာ အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားသစ်ရှာဖွေနေတာဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းက စိတ်ဝင်စားမှုရှိနေပြီး သတ်မှတ်ထားတဲ့ ပေါင်သန်း ၉၀ ကိုသာ ပေးချေမယ်ဆိုပါက ပယ်လင်ဟာက ထွက်ခွာခွင့်ရရှိမှာဖြစ်ပါတယ်လို့ Mail Sportက ဖော်ပြထားပါတယ်။

ဝက်စ်ဟမ်းဟာ ဒီကလန်ရိုက်စ်ကို ရောင်းချဖို့ နီးစပ်နေပြီး မန်စီးတီးနှင့် အာဆင်နယ်တို့ဟာ အင်္ဂလန်သားကို ရရျိဖို့ ပြိုင်ဆိုင်နေကြတာဖြစ်ပါတယ်။ သူ့ကို ရောင်းချမှုမှ ရရှိလာတဲ့ ငွေကြေးများဖြင့် ကွင်းလယ်ကစားသမားသစ် တစ်ဦးကို ဝက်စ်ဟမ်းက ခေါ်ယူမှာဖြစ်ပါတယ်။

ဘာစီလိုနာဟာ ပယ်လ်ဟင်ဟာကို ကြားဖြတ်ခေါ်ယူချင်နေပြီး ကလပ်ရဲ့အားကစားဒါရိုက်တာဖြစ်သူ ဒေကိုက ခံစစ်ပါရမီရှိတဲ့ သူကိုနှစ်သက်နေပါတယ်လို့ စပိန်သတင်းစာဖြစ်တဲ့ Sport က ဖော်ပြထားပါတယ်။ နည်းပြဇာဗီကလည်း အသင်းရဲ့ကွင်းလယ်ကို ပြင်ဆင်မှုအား ဦးစားပေးအဖြစ် ထားရှိထားကာ ဂန်ဒိုဂန်ရဲ့ မန်စီးတီးကနေ ပြောင်းရွှေ့လာမှုက ပြန်လည်တည်ဆောက်မှုရဲ့အစဖြစ်ကာ ပယ်လင်ဟာကလည်း ပြောင်းရွှေ့လာဖွယ်ရှိနေတာဖြစ်ပါတယ်။
အသက် ၂၇နှစ်အရွယ် ကစားသမားရဲ့ ဘောလုံးထိန်းသိမ်းမှု၊ ဖြန့်ဝေမှု၊ တိုက်စစ်ရဲ့အရန်အဖြစ်လိုက်ပါကစားနိုင်မှုတွေကို စပိန်အသင်းကြီးက သဘောကျနှစ်သက်နေတာဖြစ်ပါတယ်။ ကာရာဗန်ကော့တေ့ချ်မှာ ခြေစွမ်းပြသခဲ့ပြိးနောက် ဖူလ်ဟမ်စတားကိုခေါ်ယူပေးရန် ဒေကိုက အသင်းကို ထောက်ခံတင်ပြခဲ့တာဖြစ်ပါတယ်။

အဆိုပါကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းကနေ ပေါင် ၁၅ သန်းဖြင့် ရောက်လာခဲ့သူဖြစ်ပြီး မြန်မြန်ဆန်ဆန် ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အပြောင်းရွှေ့ကြေးက မြင့်တက်သွားပုံရပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီမှာ အခြားပရီးမီးယားလိဂ်က ကစားသမားတွေထက် ဘောလုံးဖြတ်ထုတ်မှု အကြိမ်ရေပိုများခဲ့ပြီး ၁၄၇ ကြိမ်အထိရှိခဲ့ကာ ဖူလ်ဟမ်က အမှတ်ကွာဟချက်ကျဉ်းမြောင်းစွာဖြင့် ဥရောပဝင်ခွင့်နှင့် လွဲချော်ခဲ့ရတာဖြစ်ပါတယ်။

သို့သော်လည်း သူဟာ အခြားကစားသမားတွေထက် အဝါကဒ်ပြခံရတဲ့ အကြိမ်ရေ ပိုများခဲ့ပြီး ၁၄ ကြိမ်အထိ ပြသခြင်းခံခဲ့ရပါတယ်။ ကစားသမားဟာ ဖူလ်ဟမ်မှာ နောက်ထပ် တစ်နှစ် သက်တမ်းတိုးခွင့်ပါရှိတဲ့ ၄ နှစ် သက်တမ်းရှိ စာချုပ်ရှိနေပြီး ငွေအလုံးအရင်းအသုံးပြုရမှာကတော့ ဘာစီလိုနာအတွက် အတားအဆီးဖြစ်နေပါတယ်။

အသင်းရဲ့ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ရန်ပုံငွေရရှိရန် ကစားသမားတွေကို ရောင်းချဖို့ လိုအပ်နေတာဖြစ်ပြီး ဖူလ်ဟမ် တောင်းဆိုထားတဲ့ ပေါင်သန်း ၁၀၀ နီးပါးကို ပေးဖို့ဆိုတာက မဖြစ်နိုင်နေတာဖြစ်ပါတယ်။ ဘာစီလိုနာ ဘုတ်အဖွဲ့သို့ ဒေကို တင်ပြထားတဲ့ ဘင်ဖီကာက ဖလော်ရန်တီနို လူးဝစ်ကသာ ဈေးသက်သာတဲ့ ရွေးချယ်မှုအဖြစ်ရှိနေပါတယ်။

#ဘာစီလိုနာ #အပြောင်းအရွှေ့ #ဘက်စ်ကွက် #ဖူလ်ဟမ် #ဂျာအိုပယ်လင်ဟာ