ရှေ့သို့
Image

နွေရာသီမှာ ယူနိုက်တက်က ဘယ်လိုတိုက်စစ်မှုးမျိုး ခေါ်ယူသင့်သလဲဆိုတာ ပြောကြားလိုက်တဲ့ ဘာဘာတော့ဗ်

10:42 AM, 18 May

ယူနိုက်တက်ဟာ လီဗာပူးနှင့် ဘရိုက်တန်တို့လိုပဲ ပရီးမီးယားလိဂ်တွင် ထိပ်ဆုံး ၄ သင်းအတွင်း ဝင်ရောက်နိုင်ဖို့အတွက် ကြိုးစားနေတာဖြစ်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့အတွက် လက်ကျန် ၃ ပွဲကို အနိုင်ရရှိဖို့ လိုအပ်နေတာဖြစ်ပါတယ်။

လက်ရှိရာသီမှာ တန်ဟက်ရဲ့ ယူနိုက်တက်အတွက် ဂိုးသွင်းမှုက စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့ပြီး နိုဝင်ဘာလတွင် ရော်နယ်ဒိုထွက်ခွာသွားခဲ့သလို မာရှယ်ကလည်း ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

ဇန်နဝါရီမှာ ဝက်ဂ်ဟော့ကို အငှားဖြင့်ခေါ်ယူခဲ့သော်လည်း နယ်သာလန်သားက ၂ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီဂိုးတွေက လိဂ်ပွဲစဉ်တွေမှာ သွင်းယူခဲ့ခြင်းမဟုတ်ဘဲ ယူနိုက်တက်ဟာ ၃၅ ပွဲမတွင် ၅၁ ဂိုးသာ သွင်းယူထားနိုင်ကာ အခြားသွင်းတွေထက် သွင်းဂိုးနှုန်း နိမ့်ပါးနေတာဖြစ်ပါတယ်။

လာမယ့်ဈေးကွက်မှာ ယူနိုက်တက်အနေနဲ့ အထောင်တိုက်စစ်မှုးကို ခေါ်ယူဖို့လိုအပ်ပြီး တော့တင်ဟမ်က ဟယ်ရီကိန်းထက် နာပိုလီက အိုဆီမန်ကို ဦးစားပေး ပစ်မှတ်အဖြစ်ထားသင့်တယ်လို့ ဘာဘာတော့ဗ်က 90min သို့ ပြောကြားလိုက်ပါတယ်။

"ယူနိုက်တက် လိုအပ်နေတာက ဂိုးတွေသွင်းယူပေးမယ့် ကစားသမားဖြစ်ပါတယ်။ ဒီနေ့ခေတ် တိုက်စစ်မှုးတွေရဲ့ အလုပ်က အနည်းငယ်လောက် ပြောင်းလဲသွားပြီး ဂိုးသွင်းဖို့လိုအပ်ချက်ကသာ အဓိကပဲဖြစ်ပါတယ်" "ဝက်ဂ်ဟော့က ခံစစ်ပိုင်းသို့ လိုက်ပါကစားရာမှာ ကောင်းကောင်းလုပ်နိုင်ပါတယ်။ ဒါပေမဲ့ သူက ဂိုးမသွင်းနိုင်တာကြောင့် ပရိသတ်တွေက အဲ့ဒီအပေါ်မှာ အကဲဖြတ်ကြမှာပါ"

"ယူနိုက်တက်ဝယ်ယူလိုက်တဲ့ တိုက်စစ်မှုးက ဂိုးပေါင်း ၂၀ နှင့်အထက် သွင်းယူနိုင်တဲ့ တိုက်စစ်မှုးမျိုးဖြစ်ရမှာပါ" "ဒီလိုတိုက်စစ်မှုးမျိုးက နာပိုလီက အိုဆီမန်ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ့ရဲ့ဂိုးသွင်းပုံက အရမ်းကိုကောင်းပါတယ်။ ယူနိုက်တက်အနေနဲ့ တိုက်စစ်မှုးဝယ်တော့မယ်ဆိုရင် ကျွန်တော့်ရဲ့စာရင်းရှိ ထိပ်ဆုံးကတော့ အိုဆီမန်ပဲဖြစ်ပါတယ်" လို့ ဘာဘာတော့ဗ်က ပြောပါတယ်။

အိုဆီမန်နဲ့ ကိန်းတို့ဟာ ယူနိုက်တက်ရဲ့ ဦးစားပေးစာရင်းထဲမှာရှိနေပြီး ကလပ်ဟာ ဈေးသက်သာတဲ့ သူကိုဝယ်ယူဖို့အတွက် ချိန်ဆနေသလို နောက်ထပ် ရွေးချယ်စရာတစ်ခုကတော့ တန်ဟက်ရဲ့ကစားပုံနဲ့ ကိုက်ညီမယ့် ကစားသမားပဲဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ထိပ်ဆုံး ၄ သင်းအတွင်း ဝင်ရောက်ဖို့အတွက် လုပ်ဆောင်နေတုန်းဖြစ်တာကေကာင့် ဆုံးဖြတ်ချက်က မချရသေးသလို အသင်းပိုင်ရှင် ပြောင်းလဲရေး ကိစ္စကလည်း မပြီးပြတ်သေးတာဖြစ်ပါတယ်။

အသင်းပိုင်ရှင် လီဗိုင်းနျင့် ရက်သတ္တပတ်အတော်အတန်ကြာ ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် ၂၀၀၈ခုနှစ်တွင် အိုးထရက်ဖို့ဒ်သို့ ပြောင်းလာခဲ့တဲ့ ဘာဘာတော့ဗ်က ယူနိုက်တက်အနေနဲ့ ကိန်းအား အလွယ်တကူ ခေါ်ယူ၍ရမှာမဟုတ်ပါဘူးလို့ထင်နေပါတယ်။ ဒါ့အပြင် ကိန်းကရော သူ့ရဲ့ငယ်ဘဝကလပ်ကနေ ထွက်ခွာချင်ရဲ့လားဆိုတဲ့အပေါ် ဘာဘာတော့ဗ်က မေးခွန်းထုတ်လိုက်ပါတယ်။

"နွေရာသီမှာ ကိန်းက ဘယ်အသင်းကိုပြောင်းမှာလဲဆိုတဲ့ ဇာတ်လမ်းကြီး နောက်တစ်ကြိမ်ပေါ်လာအုံးမှာပါ" လို့ A TV soap opera သို့ ဘာဘာတော့ဗ်က ပြောပါတယ်။

ဘယ်လိုတိုက်စစ်မှုးမျိုးကို ခေါ်ယူသည်ဖြစ်စေ တောင်ပံမှာတော့ မကြာသေးခင်ကမှ ၂၀၂၈ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားတဲ့ လူငယ်ကစားသမားလေး ဂါနာချို ရှိနေပါတယ်။ အာဂျင်တီးနားသားဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီး စနေနေ့က ပွဲတွင်လူစားဝင်ရောက်ခဲ့ပြီး နာကျင်အချိန်ပိုတွင် အသင်းအတွက် အနိုင်ဂိုးကို သွင်ယူပေးခဲ့တာဖြစ်ပါတယ်။ အသက် ၁၈နှစ်အရွယ် ကစားသမားလေးဟာ လမ်းကြောင်းမှန်ပေါ်သို့ ရောက်နေပြီဖြစ်တယ်လို့ ဘာဘာတော့ဗ်က ပြောထားပါတယ်။

"သူက နေရာမှန် အချိန်မှန်မှာရှိနေတာဖြစ်ပါတယ်။ သူ့ရဲ့အနာဂတ်က တောက်ပနေပြီဖြစ်ပါတယ်။ လူငယ်ကစာသမားတွေက ပထမအသင်းသို့ ရောက်လာတဲ့အခါ သူ့ကို တစ်ဦးတည်းထားသင့်ပါတယ် အဝေးသို့ရောက်သွားစေမယ့် အာရုံစိုက်မှုတွေ အများကြီးမလုပ်သင့်ပါဘူး။ သူက ဘယ်လောက်အထိ ကောင်းသလဲဆိုတဲ့ မီဒီယာတွေရဲ့ ဖန်တီးလုပ်ယူတဲ့ သတင်းတွေလည်းမရှိဖို့လိုပါတယ်။ မက်ဆီ ရော်နယ်ဒိုတို့နဲ့ မနှိုင်းယှဉ်ဘဲ သူ့ကို ဒီအတိုင်းထားသင့်ပါတယ်" " သူ့ကို အချိန်မှန် နေရာမှန်မှာ ထည့်သွင်းကစားဖို့အတွက် တန်ဟက်ကလည်း တွက်ချက်နေမှာပါ။ ဝုဗ်နဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးက အရမ်းကိုကောင်းပါတယ်" လို့ သူက ပြောပါတယ်။

ယူနိုက်တက်အတွက် ထိပ်ဆုံး ၄ သင်းအတွင်း ဝင်ရောက်ဖို့ ဂါနာချိုက ကူညီပေးဖို့ရှိနေတာဖြစ်ပြီး အက်ဖ်အေဖလား ဖိုင်နယ်အဖြစ် မန်စီးတီးနှင့် မကစားမီ ဘုန်းမောက်၊ ချဲလ်ဆီးနှင့် ဖူလ်ဟမ်တို့နှင့် ကစားရမယ့် ပွဲစဉ်တွေက ကျန်ရှိနေပါတယ်။

"လက်ရှိရာသီမှာ ဆုဖလား ၁ လုံးက ရရှိပြီးဖြစ်သလို ထိပ်ဆုံး ၄သင်းလည်း ဝင်ခဲ့သလို အက်ဖ်အေဖလားပါ ရရှိခဲ့မယ်ဆိုရင်တော့ အရမ်းအရမ်းကို ကောင်းမွန်တဲ့ ရာသီတစ်ခုဖြစ်သွားမှာပါ။ အက်ဖ်အေဖလားကို မရရှိဘဲ ထိပ်ဆုံး ၄ သင်းအတွင်း ဝင်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ထိပ်ဆုံး ၄ သင်းအတွင်းလည်း မဝင်ဘူး အက်ဖ်အေဖလားလည်း မရဘူးဆိုရင်တော့ ဆိုးရွားတဲ့ရာသီဖြစ်သွားမှာပါ"

"ကျွန်တော့်ရဲ့အတွေးထဲမှာ ယူနိုက်တက်ကို အဆင့်မြင့်မြင့်သာ သတ်မှတ်ထားတာပါ။ ဒါ့ကြောင်ပဲ အချိန်တိုင်း ကျွန်တော့်ရဲ့အတွေးထဲမှာ ယူနိုက်တက်က အားလုံးရဲ့ရှေ့မှာရှိဖို့ ယှဉ်ပြိုင်သင့်တယ်လို့ ပြောနေတာပါ။ ဖာဂူဆန်ရဲ့ နောက်ဆုံးရာသီပြီးကတည်းက ပရီးမီးယားလိဂ်ဆုဖလားကို မရရှိခဲ့တာကြောင့် အမြဲတမ်းတော့ ခက်ခဲပါတယ်။ သို့သော်လည်း ယူနိုက်တက်အနေနဲ့ ဖြစ်နိုင်တဲ့ ဆုဖလားတွေအားလုံးကို ပြိုင်ဆိုင်သင့်ပါတယ်"

"ယူရိုပါလိဂ် ဆီမီးဖိုင်နယ်သို့ မရောက်နိုင်ခဲ့တဲ့အပေါ် အရိုးသားဆုံးပြောရရင် စိတ်ပျက်မိပါတယ်။ ကျွန်တော့်ရဲ့ အသင်းဟောင်းတွေဖြစ်တဲ့ လေဗာကူဆင်နဲ့ ယူနိုက်တက်တို့က ဖိုင်နယ်မှာ တွေ့ရမယ်လို့ ကျွန်တော်မျှော်လင့်ထားတာပါ။ အဲ့လိုဆိုရင် အရမ်းကိုကောင်းသွားမှာပါ" လို့ ဘာဘာတော့ဗ်က ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘာဘာတော့ဗ် #ပရီးမီးယားလိဂ်