ရှေ့သို့
Image

ဂလေဇာမိသားစုကို မဝေဖန်ဖို့ ဖာဂူဆန်က သူ့ကိုတားခဲ့ပါတယ်လို့ ပြောကြားလိုက်တဲ့ နဗီးလ်

4:14 PM, 25 June

အသင်းအတွက် ကစားခဲ့တဲ့တုန်းက ဂလေဇာမိသားစုကို ဘာကြောင့် မဝေဖန်ခဲ့ရတာလဲဆိုတာကို မန်ချက်စတာ ယူနိုက်တက်ဂန္တဝင် ဂယ်ရီနဗီးလ်က ဖွင့်ဟပြောကြားခဲ့ပါတယ်။ အမေရိကန်မိသားစုဟာ ၂၀၀၅ ခုနှစ်ကစပြီး သရဲနီတို့ကို တောက်လျှောက် တာဝန်ယူခဲ့ပါတယ်။ ယခုဆိုလျှင် ၁၈ နှစ်မျှကြာခဲ့ပြီဖြစ်ပြီး သူတို့ရဲ့ပိုင်ရှင်အဖြစ်ရှိမှုကလည်း မကြာခင်မှာ ပြီးဆုံးတော့မှာဖြစ်ပါတယ်။


ဂလေဇာမိသားစုက ကလပ်ကို ဝယ်ယူခဲ့တုန်းက နဗီးလ်ဟာ ယူနိုက်တက်ရဲ့ကစားသမားတစ်ဦးနေပါတယ်။


ပရိတ်သတ်များစွာက အသင်းပိုင်ရှင်ကို အစကတည်းက ဆန့်ကျင်နေပေမယ့် အသင်းမှာရှိနေစဉ်ကာလမှာ နဗီးလ်က အဆိုပါမိသားစုကို ဆန့်ကျင်ခဲ့ခြင်းမရှိခဲ့ပါဘူး။


နဗီးလ်က Manchtester Evening News သို့ ပြောကြားရာမှာ သူ့ရဲ့စိတ်ပျက်စရာတွေကို လူသိရှင်ကြား ထုတ်ပြောရင် ဆာအဲလက်စ်ဖာဂူဆန်က သူ့ကို ရောင်းမှာကို စိုးရိမ်တယ်လို့ ပြောဆိုခဲ့ပါတယ်။


"ဂလေဇာမိသားစုက ကလပ်ကိုဝယ်လိုက်တဲ့အချိန်မှာ မန်ချက်စတာယူနိုက်တက်ဟာ အကောင်းဆုံး အသင်း၊ အကောင်းဆုံး ကွင်းနဲ့ အကောင်းဆုံး လေ့ကျင့်ရေးကွင်းတွေ ရှိခဲ့ပါတယ်"


"အခုတော့ ကျွန်တော်တို့က အဲ့ဒီအရာတွေအားလုံးမှာ  ဒုတိယအဆင့်သို့ရောက်နေပြီး အဲဒါနဲ့ အနီးဆုံးမှာ မရှိတော့ဘူး"


"ကျွန်တော်က သူဆီကနေ ပိုက်ဆံယူတယ်လို့ လူတွေက ပြောကြပါတယ် ကျွန်တော်ဟာ သူတို့ဆီကနေ ပိုက်ဆံတစ်ပြားမှ မယူခဲ့ပါဘူး။ ၁၉၈၆ ခုနှစ် ကလေးဘဝကတည်းက ယူနိုက်တက်ရှိ အကယ်ဒမီမှာ ကစားခဲ့တယ်"


"သူတို့က ၂၀၀၄ ခုနှစ်မှာ ရောက်လာခဲ့ပြီး ကလပ်အတွက်ရင်းနှီးမြှပ်နှံမှုကို ဘယ်တုန်းကမှမလုပ်ခဲ့ပါဘူး"


"ကျွန်တော်ဟာ ဘောလုံးကစားဖို့အတွက်သာ အာရုံစိုက်ခဲ့ပြီး အသင်းပိုင်ရှင်းအကြောင်း ပြောတဲ့သူဆိုရင် ဖာဂူဆန်က ရောင်းထုတ်ကောင်း ရောင်းထုတ်မှာပါ"


"ကျွန်တော်တို့ အဲ့ဒီလိုမလုပ်ခဲ့ပါဘူး။ ကျွန်တော်က ဝန်ထမ်းတွေပဲဖြစ်ကြပါတယ်"


"သူတို့က လေ့ကျင့်ရေးသို့ တစ်ကြိမ်နှင့် အနည်းငယ်လောက်သာရောက်လာခဲ့ဖူးပြီး လိဂ်ဖလားရရှိပြီးနောက် အဝတ်လဲခန်းအတွင်းသို့ ဝင်လာခဲ့ပါတယ်"


"သူတို့နဲ့ စကားအကြာကြီး စကားမပြောဖူးဘူး" လို့ နဗီးလ်က ပြောပါတယ်။


နဗီးလ်က ဒါနဲ့ပတ်သက်ပြီးရှင်းပြတာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။


ပြီးခဲ့တဲ့နှစ် ရာသီအစောပိုင်းတုန်းက ယူနိုက်တက်ဟာ ရုန်းကန်ခဲ့ရတာကြောင့် နဗီးလ်က ဂလေဇာမိသားစုကို အပြစ်တင်ခဲ့ပါတယ်။


ကစားသမားဘဝတုန်းက ဘာကြောင့် မဝေဖန်သလဲလို့မေးမြန်းတဲ့အခါ နီးဗီးလ်က "ကျွန်တော့်မှာ ထုတ်ဖော်ပြောစရာ မရှိခဲ့ပါဘူး"


"အခုတော့ ဘောလုံးသမားတွေမှာ သူတို့နဲ့ ပတ်သက်တဲ့ စရိုက်လက္ခဏာတွေ အများကြီးရှိလာပါတယ်"


"ဒါပေမယ့် မင်းခေါင်းတစ်ဝိုက်မှာ သွေးစွန်းနေတဲ့ ပတ်တီးနဲ့ ကစားတာထက် စရိုက်လက္ခဏာက ပိုရှိပါသေးတယ်"


"ယနေ့ခေတ် ကစားသမားတွေဟာ စိတ်ဓာတ်ကြံ့ခိုင်ပြီး လွန်ခဲ့တဲ့ ၂၅ နှစ်က ကစားသမားတွေထက် ကိုယ်ရည်ကိုယ်သွေး ပိုရှိတယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်"


"သူတို့တွေက ဘောလုံးထက်ကျော်လွန်ပြီး ရပ်တည်ခဲ့မှုတွေရှိပါတယ်။ ရက်ချ်ဖို့ဒ်ဆိုရင် ကလေးဆင်းရဲမွဲတွေမှု၊ စတာလင်နဲ့ တိုင်ရွန်မင်းတို့ဆိုရင် လူမျိုးရေးခွဲခြားမှုတို့အတွက် ရပ်တည်ခဲ့ကြပါတယ်"


"ကျွန်တော်ဟာ စိတ်ဓာတ်ပြင်းထန်တဲ့ ဘောလုံးသမားတစ်ယောက်ဖြစ်ပြီး တစ်ခါတစ်ရံမှာ Red Nev လို့ ရည်ညွှန်းချင်ပါတယ်။ ကျွန်တော်ဟာ သမဂ္ဂကိုယ်စားလှယ်ဖြစ်ခဲ့ပြီး အဲဒီ့ငယ်ရွယ်စဉ်မှာ အခြေခံစီးပွားရေးလုပ်ငန်းကို နားလည်ခဲ့ပါတယ်။ အက်ဖ်အေဖလားကို ကိုင်မြှောက်ပြီး သပိတ်မှောက်မယ်လို့လည်း ခြိမ်းခြောက်ခဲ့ဖူးပါတယ်"


"ဒါပေမယ့် ယူနိုက်တက်မှာ၊ ကွင်းပြင်ပ ပြဿနာတွေကို ဘောင်ကျော်ခဲ့တာ မဟုတ်ပါဘူး"


"ပြီးတော့ ကျွန်တော်ခေါင်းထဲမှာ ဂလေဇာမိသားစုရဲ့ အစီအစဥ်ကို အကြောင်းပြလို့ရတယ်" လို့ နဗီးလ်က ပြောပါတယ်။


အခုကနေ မြန်မြန်ဆန်ဆန်နဲ့ ဂလေဇာမိသားစုက ယူနိုက်တက်ကနေ ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေလောက်ပါပြီ။


ရှိတ်ဂျက်ဆင်ဟာ ကလပ်ကိုလက်လွှဲယူဖို့ ရှေ့ကပြေးနေတာဖြစ်ပြီး ယခုအချိန်အထိ ငါးကြိမ်တိုင်တိုင် ကမ်းလှမ်းမှု ပြုလုပ်ထားပါတယ်။


သို့သော် INEOS အကြီးအကဲဖြစ်တဲ့ ဆာဂျင်ရိုက်ကလစ်ကလည်း အသင်းကိုရရှိဖို့ ဆက်လက် လုပ်ဆောင်နေပါတယ်။


#မန်ချက်စတာယူနိုက်တက် #ဂယ်ရီနဗီးလ် #ဂလေဇာ #ပရီးမီးယားလိဂ်