ရှေ့သို့
Image

အဲဗာတန်ကြယ်ပွင့် အိုနာနာကို ကန်တီရဲ့နေရာမှာ အစားထိုးဖို့စီစဉ်နေတဲ့ ချဲလ်ဆီးအသင်း

9:36 AM, 17 June

ချဲလ်ဆီးအသင်းရဲ့ကွင်းလယ်ကစားသမား ကန်တီဟာ လက်ရှိအချိန်မှာ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်ပြီး ၎င်းအနေဖြင့် ချဲလ်ဆီးအသင်းအတွက် ၇ ရာသီကြာ ကစားပြီးနောက် ဆော်ဒီကလပ် အယ်လ်အီတီဟတ်သို့ ပြောင်းရွှေ့ရန် နီးစပ်နေပြီဖြစ်ပါတယ်။ ၎င်းရဲ့နေရာကို အစားထိုးဖို့အတွက် နည်းပြသစ်ပိုချက်တီနိုက အသက် ၂၁ နှစ်အရွယ် အဲဗာတန်ကွင်းလယ်ကစားသမား အမ်မာဒူအိုနာနာက ချဲလ်ဆီးရဲ့ ရေဒါထဲမှာရှိနေပါတယ်။

အဆိုပါဘယ်လ်ဂျီယံလက်ရွေးစင်သည် ပြီးခဲ့သည့်နွေရာသီက လိုင်လီအသင်းမှ အဲဗာတန်သို့ ပေါင် ၃၄ သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီး ၎င်း၏ပထမဆုံးရာသီတွင် ၃၅ ပွဲကစားပေးနိုင်ခဲ့ပါတယ်။ သို့သော် အဲဗာတန်သည် မာဆေးဆိုက်တွင် အိုနာနာကိုတစ်ရာသီသာ အသုံးပြုပြီးနောက် ငွေကြေးဆိုင်ရာပြဿနာများရဲ့ဖိအားများအောက်မှာ ၎င်းကိုရောင်းထုတ်ရန်ရှိနေပါတယ်။

ယခုအခါ ချဲလ်ဆီးအသင်းသည် အိုနာနာကို ပစ်မှတ်ထားနေသည်ဟု The Guardian က ယုံကြည်နေပြီး ကွင်းလယ်ကစားသမား အန်ဂိုလို ကန်တေအတွက် ရေရှည်အစားထိုးမှုအဖြစ် ရှုမြင်နေကြောင်းသိရပါတယ်။
ဒီအပြောင်းအရွှေ့ဈေးကွက်မှာ ချဲလ်ဆီးအသင်းက အိုနာနာကို ခေါ်ယူဖို့ ပထမဆုံး ချိတ်ဆက်ခဲ့တာတော့ မဟုတ်ပါဘူး၊ နောက်ထပ် အိုနာနာတစ်ယောက်လည်းရှိနေပါသေးတယ်။ သူက အင်တာမီလန်မှ ဂိုးသမား အန်ဒရီ အိုနာနာဖြစ်ပြီး ချဲလ်ဆီးအနေနဲ့ ခေါ်ယူရန် စောင့်ကြည့်နေကြောင်းသိရပါတယ်။

၂၀၂၁ ခုနှစ်တွင် ကိုးလကြာ မူးယစ်ဆေးဝါးမှုကြောင့် ပွဲကစားခွင့် ပိတ်ပင်ခံခဲ့ရသော အသက် ၂၇ နှစ်အရွယ် ကင်မရွန်းဂိုးသမားသည် အင်တာမီလန်အား ဖိုင်နယ်သို့ တက်ရောက်ရန်စွမ်းဆောင်နိုင်ခဲ့သဖြင့် ယခုနှစ်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအပြီးတွင် ဥရောပ၏ အလိုအရှိဆုံး ပစ်မှတ်များထဲမှ တစ်ဦးဖြစ်လာခဲ့ပါတယ်။

ချဲလ်ဆီးအသင်းသည် မန်နေဂျာ သုံးဦးနှင့် အခြား လွဲချော်မှုများကြောင့် ၎င်းတို့ကိုင်တွယ်ခဲ့သည့် ပရီးမီးယားလိဂ် ရာသီတွင် ၎င်းတို့၏ အဆင့် ၁၂ နေရာတွင် ပြီးဆုံးခဲ့ပြီး လာမယ့်ရာသီမှာ အသင်းကိုအဆင့်မြှင့်တင်ရန် ကြိုးပမ်းနေပါတယ်။ ပိုချက်တီနိုသည် လာမည့်လတွင် ချဲလ်ဆီးအသင်းကို စတင်တာဝန်ယူရန် စီစဉ်ထားပြီး ကစားသမားများကို သိသိသာသာ ပြန်လည်ပြင်ဆင်မှာဖြစ်ကြောင်းသိရပါတယ်။

အဲဗာတန်သည် ၃ နှစ်တာကာလအတွင်း ပေါင်သန်း ၃၇၀ ကျော် အရှုံးပေါ်ပြီးနောက် ပရီးမီးယားလိဂ်တွင် ရေရှည်တည်ရှိနိုင်ရန်အတွက် အထူးအစီအမံများ ဆောင်ရွက်လျက်ရှိနေပါတယ်။ အန်တိုနီဂေါ်ဒွန်ကို ဇန်နဝါရီတွင် နယူးကာဆယ်သို့ ပေါင် ၄၅ သန်းဖြင့် ရောင်းချလိုက်တဲ့အပြင် သူတို့ဟာ အခြားကစားသမားများကို ရောင်းချရန် လိုအပ်နေပါတယ်။

အဲဗာတန်အသင်းအတွက် အိုနာနာက ငွေပြန်ရှာနိုင်ဖို့အတွက် ကြီးမားသော အလားအလာရှိတဲ့ တစ်ဦးတည်းသောသူဖြစ်ပြီး ပြီးခဲ့သည့်ရာသီက ၎င်းတို့၏ ပေါင် ၃၄ သန်းဖြင့် ၎င်းအားဝယ်ယူမှုတွင် ငွေပြန်ရရန် အခွင့်အရေးတစ်ရပ်ဖြစ်နေပါတယ်။

အဲဗာတန်သည် ပရီးမီးယားလိဂ် FFP ၏ ချိုးဖောက်မှုများအတွက် စုံစမ်းစစ်ဆေးမှုကို လွတ်လပ်သောကော်မရှင်က စစ်ဆေးနေချိန်တွင် အဲဗာတန်သည် ပရီးမီးယားလိဂ်နှင့် အဓိကငွေကြေးလွှဲပြောင်းမှုအားလုံးကို ပြန်လည်တင်ပြရမှာဖြစ်ကြောင်းသိရပါတယ်။ နှစ်ရာသီဆက်တိုက် အင်္ဂလိပ်ဘောလုံးလောကရဲ့ ဒုတိယအဆင့်ကို မကျဆင်းသွားအောင် တွန်းလှန်နိုင်ခဲ့ပေမယ့် သူတို့ရဲ့ ကံကြမ္မာတွေကို ဒီထက်ပိုကောင်းအောင်လည်း ကြိုးစားရပါမယ်။

#ချဲလ်ဆီး #အဲဗာတန် #အပြောင်းအရွှေ့ #ကန်တီ #အိုနာနာ