ရှေ့သို့
Image

စပီဇီယာကို ဂိုးပြတ်အနိုင်ယူကာ စီးရီးအေမှာ တန်းတင်ကျန်ရစ်ခဲ့တဲ့ ဗီရိုနာ

8:44 AM, 12 June

ဗီရိုနာအသင်းဟာ ယမန်နေ့ညက စပီဇီယာကို တန်းဆင်းဇုန်ပလေးအော့ဖ်မှာ ၃-၁ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူကာ စီးရီးအေကစားခွင့်လက်မှတ်ကို ဆက်လက်ကိုင်စွဲနိုင်ခဲ့ပါတယ်။

စပီဇီယာနဲ့ဗီရိုနာတို့ဟာ ယခုနှစ်ရာသီ စီးရီးအေမှာ ရမှတ်၃၁မှတ်စီရရှိခဲ့ပြီး အမှတ်တူနေတာကြောင့် ဆက်ဆူအိုလိုအသင်းရဲ့ကွင်းမှာ ပလေးအော့ဖ်အဖြစ် ကစားခဲ့ရပါတယ်။

ဖာရာအိုနီက ပွဲချိန်၅မိနစ်မှာတင် ဗီရိုနာအတွက် ဦးဆောင်ဂိုးသွင်းခဲ့ပြီး ၁၀မိနစ်အကြာမှာ အမ်ပါဒူက စပီဇီယာအတွက် ချေပဂိုးပြန်သွင်းသွားခဲ့ပါတယ်။

၂၆မိနစ်မှာ အန်ဂွန်ဂီက ဗီရိုနာအတွက် ဦးဆောင်ဂိုးထပ်သွင်းခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာ ဗီရိုနာအတွက် ပြတ်သားတဲ့နိုင်ပွဲရစေမယ့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

စပီဇီယာတို့ ချေပဂိုးပြန်ရဖို့ နီးစပ်ခဲ့ပြီး ဖာရာအိုနီက လက်နဲ့ဖျက်ထုတ်သွားတာကြောင့် အနီကတ်ပြခံရကာ စပီဇီယာအသင်း ပင်နယ်တီကန်ခွင့်ရခဲ့ပေမယ့် အန်ဇိုလာ အသုံးမချနိုင်ခဲ့တာကြောင့် တန်းဆင်းခဲ့ရပါတယ်။

တစ်ဖက်မှာတော့ ရာနီရေးရီရဲ့ ကက်ဂလီယာရီအသင်းက ဘာရီကို နှစ်ကျော့ပေါင်းရလဒ် ၂-၁ဂိုးနဲ့အနိုင်ယူကာ တန်းပြန်တက်လာနိုင်ခဲ့ပါတယ်။


#စီးရီးအေ #ဗီရိုနာ #စပီဇီယာ