ရှေ့သို့
Image

အပြောင်းအရွှေ့ ကောလာဟလတွေနဲ့ ပတ်သက်ပြီး ပြောကြားလိုက်တဲ့ အေစီမီလန်စတား လီယာအို

1:41 PM, 5 March

ချဲလ်ဆီးနှင့် ပီအက်စ်ဂျီတို့ရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့အချိန် အပြောင်းအရွှေ့ကောလာလတွေနဲ့ ပတ်သက်ပြီး လီယာအိုက ပြောကြားလိုက်ပါတယ်။

ဒီနွေရာသီမှာ စီးရီးအေကလပ်ကနေ ထွက်ခွာမယ်လို့ ကောလာဟလထွက်နေတဲ့အချိန် ပေါ်တူဂီနိုင်ငံသားကတော့ အေစီမီလန်ကိုသာ သစ္စာရှိမယ်လို့ ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးနှင့် ပီအက်စ်ဂျီတို့ဟာ ၂၀၂၄-၂၅ ရာသီမတိုင်မီ သူ့ကို ခေါ်ယူချင်နေကြတာ ဖြစ်သော်လည်း လီယာအိုကတော့ အေစီမီလန်မှာသာ ဆက်ရှိမယ်လို့ ပြောကြားလိုက်ပါတယ်။

Corriere della Sera နှင့် အင်တာဗျူးမှာ လီယာအိုက "ကျွန်တော့်ရဲ့အနာဂတ်က မီလန်မှာသာရှိမှာပါ။ ကျွန်တော်က ဒီမှာရှိနေပြီး စာချုပ်သက်တမ်းလည်း ၄ နှစ် ကျန်ပါသေးတယ်။ ကျွန်တော် အရမ်းခက်ခဲနေတဲ့အချိန်မှာ မီလန်က အနီးကပ် ကူညီပေးခဲ့တာပါ။ ဒါတွေကို ကျွန်တော် မမေ့ပါဘူး။ ကျွန်တော် သစ္စာရှိသွားမှာပါ။ ကျွန်တော်က ဒီကို ကလေးဘဝကလည်းက ရောက်လာခဲ့ပြီး လူကြီးတစ်ယောက် ဘောလုံးသမားတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့ရတာပါ။ နောက်ထပ်နိုင်ပွဲတွေ ရယူချင်နေပြီး ကျွန်တော့်အတွေးကတော့ ဒီမှာပဲရှိနေပါတယ်" လို့ ဖြေပါတယ်။

လက်ရှိရာသီကုန်မှာ အသင်းကနေ ထွက်ခွာပြီး ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့တော့မယ် အမ်ဘာပေရဲ့ နေရာကို အစားထိုးမယ့်ကစားသမားအဖြစ် ပီအက်စ်ဂျီဟာ လီယာအိုကို သတ်မှတ်ထားတာဖြစ်ပါတယ်။ ပေါ်တူဂီနိုင်ငံသားအပြင် ပြင်သစ်ကလပ်ဟာ နာပိုလီစတား အိုဆီမန်ကိုလည်း စိတ်ဝင်စားနေပါတယ်။

ဆိုးရွားတဲ့ ကာလတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် အသင်းရဲ့တိုက်စစ်အင်အားကို ဖြည့်တင်းဖို့ ချဲလ်ဆီးကလည်း အသက် ၂၄နှစ်အရွယ် ကစားသမားကို ချဉ်းကပ်နေပါတယ်။ တိုက်စစ်မှူးဟာ ကြာသပတေးနေ့တွင် အီတလီကလပ်အတွက် ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့အဖြစ် ဆလာဗီယာပရာဟာနှင့် ကစားရမှာဖြစ်ပါတယ်။

#စီးရီးအေ #အေစီမီလန် #လီယာအို