ရှေ့သို့
Image

ရွှေဘောလုံးဆုဆိုတာ ရူးသွယ်ဖွယ်ရာ အိပ်မက်တစ်ခုပါလို့ ဆိုလာတဲ့ ပက်ဒရီ

7:02 PM, 3 June

အချိန်ကာလအားဖြင့် အတိုင်းအတာတစ်ခု ကြာမြင့်စွာ လာလီဂါ ချန်ပီဆုနဲ့ အလှမ်းကွာနေခဲ့ရာမှ နည်းပြ ဇာဗီရဲ့ ဦးဆောင်မှုနဲ့အတူ တစ်ဖန်ပြန်လည် ဆွတ်ခူးနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ လာမာစီယာအကယ်ဒမီထွက် စပိန်လက်ရွေးစင် ကွင်းလယ်လူ ပက်ဒရီက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုဖြစ်တဲ့ ရွှေဘောလုံးဆုဆိုတာ ရူးသွပ်ဖွယ်ရာ အိပ်မက်တစ်ခုဖြစ်တဲ့အကြောင်း ဖွင့်ဟလိုက်တာပဲ ဖြစ်ပါတယ်။

ပက်ဒရီရဲ့ဘာစီလိုနာအသင်းအနေဖြင့် ပြင်ဆင်မှုတွေပြုလုပ်နေပြီး ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီမတိုင်မီ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဝါရင့်တိုက်စစ်မှုး လီဝန်ဒေါ့စကီး၊ လိဒ်ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား  ရာဖင်ဟာတို့ အပါအဝင် ထိပ်တန်းကစားသမားအချို့အား ခေါ်ယူထားခဲ့ပေမဲ့ အူဆူမန်ဒမ်ဘီလီရဲ့ အနာဂတ်မရေရာချိန်မှာ ရာသီကြိုအပြောင်း အရွှေ့ကာလ အတွင်းမှာ ကစားသမားအင်အားဖြည့်တင်းရန် ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာအသင်း လာလီဂါချန်ပီယံဆုရရေးအတွက် အဓိက နေရာမှ ပါဝင် ကူညီပေးနိုင်ခဲ့အပြီးမှာ ဆုတံဆိပ်တွေနဲ့ ပက်သက်လို့ ကွင်းလယ်ဖန်တီးရှင် ပက်ဒရီက “ချန်ပီယံလိဂ်မှာ အုပ်စုမကျော်ခဲ့ဘူးဆိုတာက ကျွန်တော်တို့အတွက် ဆိုးရွားတဲ့ ရလဒ်တစ်ခုဖြစ်စေခဲ့ပါတယ်” “ရွှေဘာလုံးဆု ရရေးဆိုတာ ကျွန်တော့်အတွက် ရူးသွပ်ဖွယ်ရာ အိပ်မက်တစ်ခုမျှသာပါ။ တကယ်ကို မြင့်မားလွန်းတဲ့ ဆုတစ်ခု ဖြစ်နေလို့ပါ” “ကျွန်တော်အနေနဲ့ ဘာစီလိုနာအသင်းအပြင် နိုင်ငံလက်ရွေးစင်အသင်းနဲ့ပါ ဆုဖလားအောင်မြင်မှုတွေကို တက်နိုင်သလောက် ရယူချင်ပါတယ်။ တစ်ကိုယ်ရေ တကာရ အနေနဲ့က ဆုတံဆိပ်ကြီးတွ ရဖို့ထက် တစ်နေ့ထက်တစ်နေ့ တိုးတက်လာရန် အဓိက အာရုံစိုက်ကြိုးစားသွားမှာပါ” “ဒီဘက်ခေတ်မှာ လူငယ်ကြယ်ပွင့်တွေအနေနဲ့ စီနီယာအသင်းတွေမှာ ကစားခွင့် ရလာကြပါပြီ။ ဒါပေမဲ့ အသက် ၁၇နှစ်အရွယ်လောက်မှာ ပါဝင်ကစားရဖို့ကာ အတော်လေး ရှုပ်ထွေးပြီး မလွယ်ကူတဲ့ အရာပါ။ ဘောလုံးပရိသတ်ပေါင်း ၈၀၀၀၀လောက်အားပေးနေကြတဲ့ ကွင်းကြီးအတွင်းမှာ ကစားနိုင်ရန် သင်ယူမှုတွေ အဆက်မပြတ် ပြုလုပ်ခဲ့ရတာပါ” လို့ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ပက်ဒရီ