ရှေ့သို့
Image

သူ့ကိုသရော်ခဲ့တဲ့ ဝီလ်ဆင်နဲ့ အန်တိုနီယိုတို့ကို ပြန်လည်တုံ့ပြန်လိုက်တဲ့ တော့တင်ဟမ်စတား ရစ်ချာလီဆန်

8:54 AM, 3 June

တော့တင်ဟမ်တိုက်စစ်မှူး ရစ်ချာလီဆန်တစ်ယောက် ဝီလ်ဆင်နဲ့ အန်တိုနီယိုတို့ သူ့ရဲ့ဂိုးသွင်းစွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့တာကို ပြန်လည်တုံ့ပြန်ခဲ့ကာ ကမ္ဘာ့ဖလားမှာ သူတို့ ဂိုးဘယ်လောက်သွင်းခဲ့လဲလို့ မေးမြန်းလိုက်ပါတယ်။

ဝီလ်ဆင်နဲ့ အန်တိုနီယိုတို့က ရစ်ချာလီဆန်တစ်ယောက် လီဗာပူးနဲ့ပွဲမှာ ချေပဂိုး သွင်းယူပြီးနောက် အကျီချွတ်အောင်ပွဲခံခဲ့တာနဲ့ ပတ်သက်ပြီး သရော်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးသားဟာ တော့တင်ဟမ်မှာ ခြေစွမ်းပြဖို့ရုန်းကန်နေရတာဖြစ်ပြီး ဒီရာသီတစ်ရာသီလုံးမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

“ဒီရာသီမှာ သူ ၄ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ၃ ကြိမ်က လူကျွံတာပါ”လို့ အန်တိုနီယိုက ပြောကြားခဲ့ပါတယ်။ “သူ အဝါကတ် ၄ ကတ်ပြသခံထားရရပါတယ်။ ပြီးတော့ ပွဲပယ်ခံရလုနီးပါးဖြစ်ခဲ့ပါတယ်”လို့ ဝီလ်ဆင်က ပြောကြားခဲ့ပါတယ်။ ရစ်ချာလီဆန်က သူတို့ ၂ ဦးရဲ့ပြောကြားချက်ကို “ကမ္ဘာ့ဖလားမှာ သူတို့ဘယ်နှစ်ဂိုးသွင်းယူခဲ့လဲ”ဆိုပြီး ပြန်လည် တုံ့ပြန်ဃဲ့ပါတယ်။

ရစ်ချာလီဆန်ဟာ ကာတာကမ္ဘာ့ဖလားမှာ ၄ ပွဲအတွင်း ၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ထဲက ၁ ဂိုးကို ဆားဘီးယားနဲ့ပွဲမှာ နောက်ပြန်ကန်ချက်နဲ့သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲရဲ့အကောင်းဆုံး သွင်းဂိုးဆုကို ရယူနိုင်ခဲ့ပါတယ်။
အန်တိုနီယိုကတော့ ဂျမေကာ အသင်းနဲ့အတူ ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်မရခဲ့ပဲ ဝီလ်ဆင်ကတော့ ကာတာကမ္ဘာ့ဖလားမှာ အရန်ခုံကနေ လူစားဝင်ခွင့်ရခဲ့ပြီး ဂိုးပေါက်တော့  မတွေ့ခဲ့တာဖြစ်ပါတယ်။

#တော့တင်ဟမ် #ရစ်ချာလီဆန် #ဝီလ်ဆင် #ပရီးမီးယားလိဂ် #အန်တိုနီယို