ရှေ့သို့
Image

ပြီးခဲ့တဲ့နွေရာသီကတည်းက ယူနိုက်တက်ကနေ ထွက်ခွာခဲ့သင့်တယ်လို့ ကာဗာနီဆို

12:23 PM, 6 May

အီဒင်ဆင် ကာဗာနီက ခရစ္စတီယာနို ရော်နယ်ဒိုသာ အသင်းကို ပြန်လည်မယ်ဆိုတာ ကြိုသိခဲ့ရင် ယူနိုက်တက်မှာ ဆက်နေမှာ မဟုတ်ဘူးလို့ ဖွင့်ဟသွားခဲ့ပါတယ်။

ကာဗာနီဟာ အိုးထရက်ဖို့ဒ်မှာ ဒုတိယရာသီ ဆက်နေဖို့အတွက် ဘိုကာဂျူနီယာရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပေမဲ့ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ယူနိုက်တက်က ရော်နယ်ဒိုကို ပြန်ခေါ်လိုက်တဲ့အပေါ် အံ့အားသင့်ခဲ့ရပါတယ်။ ပေါ်တူဂီသားဟာ ယူနိုက်တက်ကို ရောက်လာပြီးနောက် အဓိက တိုက်စစ်မှူး ဖြစ်လာသလို ကာဗာနီရဲ့ ကျောနံပါတ် ၇ဂျာစီကိုပါ ယူခဲ့ပြီး ယခုနှစ်ရာသီ အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ၂၄ဂိုးနဲ့ ဦဆောင်နေခဲ့ပါတယ်။

ကာဗာနီကတော့ စိတ်ပျက်စရာ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပြီး ပွဲထွက်ခွင့် ၇ကြိမ်သာ ရခဲ့ကာ ၂ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဒဏ်ရာတွေနဲ့ တစ်နှစ်လုံး ရုန်းကန်ခဲ့ရသလို တနင်္လာနေ့က ဘရန့်ဖို့ဒ်နဲ့ အိမ်ကွင်းနောက်ဆုံးပွဲမှာမှ ပြန်ပါလာနိုင်ခဲ့ပြီး ရာသီကုန် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားဖို့ ရှိနေပါတယ်။ ဥရုဂွေးသားက ရော်နယ်ဒိုသာ ယူနိုက်တက် ပြန်လာမယ်ဆိုတာ သိရင် အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

ကာဗာနီက “အခုတော့ ဒီလိုပဲ ဖြစ်သွားပါတယ်။ ယူနိုက်တက်က ခရစ္စတီယာနိုကို ခေါ်လိုက်တာ ကောင်းတယ်လို့ ထင်ပါတယ်။ ဒီခေတ် ဘောလုံးလောကအကြောင်း နည်းနည်းလေးပဲ သိတာကြောင့် ကျွန်တော် ပထမဆုံးလုပ်လိုက်တာက ညီဖြစ်သူကို ဖုန်းခေါ်ပြီး “ဖာနန်ဒိုရေ။ ငါသာ ဒီကိစ္စ စောစောသိရင် မင်းကို အသင်းသစ် ရှာခိုင်းတာပေါ့” ဆိုပြီးတော့ပါ”“ကျွန်တော် အခြေအနေကို သဘောပေါက်တာထက် ပိုပါတယ်။ ခုခေတ် ဘောလုံးလောက က အရင်နှစ်တွေတုန်းကလို မဟုတ်တော့တဲ့ကိစ္စအများကြီးပါ”လို့ ဆိုခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ကာဗာနီ #ရော်နယ်ဒို