ရှေ့သို့
Image

ရှစ်နှစ်အတွင်း ချန်ပီယံဆု ၇ကြိမ်ရရှိခဲ့တဲ့ ထူးခြားတဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောကြားလိုက်တဲ့ အီဒါဆန်

2:12 PM, 1 June

မန်စီးတီးဂိုးသမားဖြစ်သူ အီဒါဆန်က သူ့ကို ရှစ်နှစ်အတွင်း ချန်ပီယံဆု ၇ကြိမ် ဆွတ်ခူးနိုင်ခဲ့တယ်လို့ ယုံကြည်ထားတဲ့ သူ့ရဲ့ ထူးထူးဆန်းဆန်း အယူသီးမှုတစ်ခုကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ အီဒါဆန်ဟာ ၎င်း၏ ကစားသမားဘဝတစ်လျှောက်တွင် မန်စီးတီး၊ ဘင်ဖီကာနှင့် ဘရာဇီးလက်ရွေးစင်အသင်းတို့နှင့်အတူ ဆုဖလားများ ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ဒီအောင်မြင်မှုတွေ ရယူနိုင်တဲ့နေရာမှာ သူ့ကိုတိုင် ဒါမှမဟုတ် အသင်းဖော်တွေနဲ့ နည်းပြတွေရဲ့ အရည်အချင်းထက် ပိုသာတဲ့ အရာတစ်ခုရှိနေတယ်လို့ သူယုံကြည်နေပါတယ်။ အဲ့တာကတော့ ရာသီတစ်ခုလုံးမှာ တူညီတဲ့ အတွင်းခံဘောင်းဘီကို ၀တ်ဆင်ထားတာပဲဖြစ်ပါတယ်။

TNT Sports နှင့် အင်တာဗျူးမှာ အီဒါဆန်က ၎င်းရဲ့ ထူးခြားသော ဇာတ်လမ်းကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

သူက ရယ်မောနေပြီး “ကျွန်တော့်ဆီမှာ ဂိမ်းတိုင်းမှာ တူညီတဲ့ အတွင်းခံ ၀တ်တတ်တဲ့ အယူသည်းမှုတစ်ခု ရှိတယ်။ အမြဲတမ်းအတူတူပါပဲ! အိမ်ကလူတွေတောင်သိတယ်၊ သူတို့ကအဲ့တာတွေကို အိမ်ရဲ့ ထောင့်တစ်နေရာမှာ သိမ်းထားခဲ့ပြီးပါပြီ။ တစ်ရာသီကိုတစ်ခုနှုန်းနဲ့ဆိုတော့ များနေတာပေါ့။ ဒါဟာ ကျွန်တော့်ရဲ့အယူသီးမှု တစ်ခုပဲ။ ဘင်ဖီကာမှာ ကစားနေကတည်းက ရှိခဲ့တာ။ ပထမနှစ် ကစားတုန်းကတော့ ဒီအတိုင်းပါပဲ။ ဒါကြောင့် ပြီးခဲ့တဲ့ ရှစ်နှစ်အတွင်းမှာ ကျွန်တော် နိုင်ငံလုံးဆိုင်ရာ ချန်ပီယံဆု ခုနစ်ခု ရခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ မန်စီးတီးကိုရောက်လာကတည်းက အီဒါဆန်ဟာ ရွှေလက်အိတ်ကို သုံးကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ နောက်ခံလူအသင်းဖော်တွေရဲ့နောက်ကနေ ကစားရတဲ့ သူ့ရဲ့ ကျွမ်းကျင်မှုပါပဲ။ ဒီရာသီ လိဂ်မှာ ၁၁ ကြိမ် ဂိုးမပေးခဲ့ရတဲ့ စံချိန်ပြန်ရခဲ့ပေမယ့် ယူနိုက်တက် အတွက် ဒီဂီယာက ၁၇ ကြိမ်ထိ စွမ်းဆောင်နိုင်ခဲ့တာကြောင့် ရွှေလက်အိတ်ဆုနဲ့ လွဲချော်ခဲ့ပါတယ် ။

ဒါ့ကြောင့် စနေနေ့ အက်ဖ်အေဖလား ဖိုင်နယ်မှာ မန်စီးတီးနဲ့ ရင်ဆိုင်ရတဲ့အခါ ဒီဂီယာနဲ့ ယူနိုက်တက် အသင်းတို့က သူ့ရဲ့ ဘောင်းဘီကို ချွတ်မထားဖို့ မျှော်လင့်နေပါလိမ့်မယ်။

#မန်စီးတီး #အီဒါဆန် #ပရီးမီးယားလိဂ်