ရှေ့သို့
Image

ပရိသတ် ကလေးမလေးတစ်ဦးရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ပေးခဲ့တဲ့ ကာဗာနီ

3:47 PM, 4 May

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးကြီး အက်ဒီဆင်ကာဗာနီတစ်ယောက် ဘရန့်ဖို့ဒ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဒီရာသီရဲ့ ကြည်နူးစရာအကောင်းဆုံး အခိုက်အတန့်လေးတစ်ခုကို ဖန်တီးသွားခဲ့ပါတယ်။ လိုလာအိစ်ဝုဒ်လို့ခေါ်တဲ့ ၁၄ နှစ်အရွယ် ကလေးမလေးဟာ ဥရုဂွေးတိုက်စစ်မှူးကြီး အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ပြောင်းရွှေ့လာကတည်းက အမာခံပရိသတ်တစ်ယောက် ဖြစ်ခဲ့ပါတယ်။

လိုလာလေးက သူနဲ့ကာဗာနီတို့ရဲ့ ဗီဒီယိုက ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားပြီးနောက် “အက်ဒီကလေ တကယ့်ဘောလုံး ဂန္တဝင်ကြီးပါ။ သူယူနိုက်တက်ကို ရောက်လာတာအရမ်း အံ့သြဖို့ကောင်းခဲ့တယ်။ ပွဲကစားတဲ့အချိန် သူ့ရဲ့စိတ်ဓာတ်ကလည်း အရမ်းကောင်းတယ်”လို့ ပြောခဲ့ပါတယ်။ ကာဗာနီဟာ ဒီနွေရာသီမှာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ပြည့်ပြီဖြစ်လို့ အသင်းကနေ ထွက်ခွာဖို့များနေပါတယ်။

တနင်္လာနေ့ညက ပွဲပြီးဆုံးချိန်မှာတော့ သူမရဲ့ idol ကို အိုးလ်ထရက်ဖို့ဒ်မှာ နောက်ဆုံးမြင်တွေ့ရတော့မှာ ဖြစ်တာကြောင့် လိုလာတစ်ယောက် မျက်ရည်မဆည်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။ လိုလာက “ပွဲပြီးတော့ သူကပရိသတ်တွေကိုကြည့်ပြီး လက်ပြလိုက်နဲ့ fly kiss ပေးလိုက် လုပ်နေတာကို မြင်ရတာ တကယ်ရင်တွေကွဲရပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ သူနောက်ဆုံးအကြိမ် ကစားခဲ့တဲ့ပွဲကို ကြည့်ခွင့်ရတာ အရမ်းဂုဏ်ယူဖို့ ကောင်းပေမယ့် စိတ်ထဲမှာတော့ ထိန်းမရအောင် ဝမ်းနည်းနေတာပါ”လို့ ပြောခဲ့ပါတယ်။

ပွဲပြီးလို့ ကားပါကင်မှာ စောင့်နေတုန်း ၃၅ နှစ်အရွယ် တိုက်စစ်မှူးကြီးကလည်း တိုက်တိုက်ဆိုင်ဆိုင် ကွင်းထဲကနေ ထွက်လာတာကြောင့် လိုလာတစ်ယောက် သူ့ရဲ့ idol ကြီးကို တွေ့ဆုံစကားပြောခွင့်ပါ ရရှိခဲ့ပါတယ်။ ကာဗာနီကလည်း လိုလာလေးကို ဖက်လှဲတကင်းနှုတ်ဆက်ခဲ့ပြီး လိုလာတစ်ယောက် ကာဗာနီကို မြင်တာနဲ့ ရှိုက်ကြီးတငင် ငိုပါတော့တယ်။

လိုလာက သူ့ရဲ့ခံစားချက်နဲ့ ပက်သက်လို့ “သူနဲ့ တွေ့ခွင့်ရတာ တကယ့်ကိုဘဝမှာ တန်ဖိုးအရှိဆုံး အခိုက်အတန့်ပါပဲ။ အထူးသဖြင့် သူသာတောင်အမေရိကကို ပြန်သွားခဲ့ရင် လူချင်းတွေ့ဖို့ မဖြစ်နိုင်တော့ဘူးလေ။ ထင်ထားတာထက်တောင် ပိုကောင်းနေခဲ့ပါတယ်။ သမီးတို့ကိုကျော်သွားပေမယ့် သူပြန်လှည့်လာပြီး ပွေ့ဖက်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ပိုငိုချင်သွားတာပါ။ MISS KICK ခေါင်းစီးလေး ထုတ်ပေးခဲ့ပါတယ်၊ တွေ့တုန်းလေး ပေးရတာမလို့ ပေးလိုက်တာပါ။  MK က သမီးအကြိုက်ဆုံး တံဆိပ်ပါ။ ဒီအမှတ်တံဆိပ်ကနေ ဘောလုံးကစားတဲ့ အမျိုးသမီးအတွက် သီးသန့်ပစ္စည်းတွေ ထုတ်နေပါတယ်။ သမီးကလည်း ဒီတံဆိပ်ရဲ့ ကိုယ်စားလှယ်တစ်ယောက်ပါ ဒီတံဆိပ်နဲ့လက်တွဲခဲ့တာ ၃ နှစ်ရှိပါပြီ။ အခုဆိုရင်အသင်းမှာတောင် အသင်းခေါင်းဆောင်ဖြစ်နေပြီ။ ကာဗာနီကို ဒီခေါင်းစည်းလေး ဝတ်ကြည့်ပါလားဆိုတော့ သူကလည်း တန်းဝတ်ပေးပြီး သူ့ပိုသမီးတို့ group chat ထဲမှာတောင် တင်လိုက်သေးတယ်။ ကာဗာနီ့ပုံတွေချည့်ပဲ တင်တဲ့ group chat တစ်ခုပါ။ သူတို့လည်း အရမ်းကြိုက်ပြီး MISS KICK ခေါင်းစည်းတွေကို လိုချင်နေကြပါတယ်” ဆိုပြီး ပြောပြခဲ့ပါတယ်။

MISS KICK ဟာ အမျိုးသမီးဘောလုံးသမားဟောင်း ဂရေ့စ်ဗယ်လာ ဖန်တီးခဲ့တဲ့ အားကစားထုတ်ကုန် အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ဈေးကွက်ထဲမှာ နည်းပါးတဲ့ အမျိုးသမီးတွေအတွက် အားကစားထုတ်ကုန်တွေကို ထုတ်လုပ်လျက်ရှိပါတယ်။ လိုလာဟာ ကာဗာနီကို ယူနိုက်တက်ကနေ ထွက်မသွားဖို့လည်း အကြိမ်ကြိမ် ပြောခဲ့ပြီး လိုလာရဲ့ စကားတွေကို နားထောင်ပြီး ကာဗာနီတစ်ယောက် အားရပါးရရယ်မောနေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

#မန်ချက်စတာယူနိုက်တက် #ကာဗာနီ