ရှေ့သို့
Image

ခြေစွမ်းပြသနေတဲ့ အာဆင်နယ်စတားအား ခေါ်ယူနိုင်မယ့်အခွင့်အရေး ငြင်းပယ်ခဲ့တဲ့ တူချယ်အား အံ့အားသင့်ခဲ့တဲ့ ဘိုလီ

1:07 PM, 1 June

ဂျီးဆပ်ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက မန်စီးတီးကနေထွက်ခွာခဲ့ပြီး လက်ရှိရာသီ အာဆင်နယ်မှာ အထူးခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ လန်ဒန်ပြိုင်ဘက်နှင့်အပြိုင် တိုက်စစ်မှုးကို ဈေးပေါပေါဖြင့် ခေါ်ယူဖို့အတွက် အခွင့်အရေးရရှိခဲ့တယ်လို့ သိရှိရပါတယ်။ သို့သော်လည်း တူချယ်က ငြင်းပယ်ခဲ့တဲ့တာကြောင့် ဂျာမန်သားရဲ့ ဆုံးဖြတ်ချက်အပေါ် ဘုတ်အဖွဲ့က အံ့ဩခဲ့တာဖြစ်ကြောင်း Guradian က ဖော်ပြထားပါတယ်။

လက်ရှိရာသီမှာ ချဲလ်ဆီးဟာ ဂိုးရရှိဖို့ ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်မှာ ၃၈ ဂိုးသာ သွင်းယူထားနိုင်တာဖြစ်ပါတယ်။ တစ်ရာသီလုံး တိုက်စစ်မှုးပြဿနာတက်ခဲ့တဲ့ချဲလ်ဆီးမှာ အူဘာမီယန်းနှင့် ဟာဗက်ဇ်တို့ကလည်း အကောင်းဆုံးအနေအထားမှာ မရှိခဲ့ပါဘူး။

ဂျီးဆပ်ကတော့ အာဆင်နယ်ရဲ့ ဒုတိယနေရာမှာ ရပ်တည်မှုတွင် ဦးဆောင်ခဲ့ပြီး ဒူးဒဏ်ရာကို ခွဲစိတ်မှုခံယူခဲ့ရတာကြောင့် လတော်တော်များများ လွဲချော်ခဲ့သော်လည်း လိဂ်ဂိုး ၁၁ ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီတုန်းက ချဲလ်ဆီးအနေနဲ့ တူချယ်ရဲ့ဆန္ဒသဘောထားကို နားထောင်ခဲ့တာဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။
ရူဒီဂါ၊ ခရစ္စတီယန်ဆန်တို့ကို ဆုံးရှုံးခဲ့သလို ရီစီဂျိမ်းစ်နှင့် ဘန်ချီဝဲလ်တို့ရဲ့ ကြံ့ခိုင်မှုပြဿနာကြောင့် တူချယ်ဟာ နောက်တန်းအတွက်သာ အားဖြည့်လိုခဲ့တာဖြစ်ပါတယ်။ တူချယ်ဟာ ဖိုဖာနာ၊ ကူကူရယ်လာ၊ ကူလီဘာလေတို့အတွက် ပေါင်သန်း ၁၆၀ အထိ အသုံးပြုခဲ့ပါတယ်။

လက်ရှိဘိုင်ယန်မြူးနစ်နည်းပြဖြစ်နေတဲ့ တူချယ်ဟာ ဘုတ်အဖွဲ့နှင့် ဆက်ဆံရေး အဆင်မပြေဖြစ်ပြီးနောက် ထုတ်ပယ်ခြင်းခံခဲ့ရပြီး သူ့ရဲ့နေရာမှာ ပေါ်တာရောက်လာခဲ့ကာ အဆိုပါနည်းပြကလည်း နောက် ၇လ အကြာမှာ ထုတ်ပယ်ခြင်းခံခဲ့ရပြန်ပါတယ်။ လမ်းပတ်ရဲ့ ယာယီနည်းပြတာဝန်ကုန်ဆုံးပြီးနောက် အခုတော့ လာမယ့်ရာသီအတွက် ပိုချက်တီနိုက ချဲလ်ဆီးကို ကိုင်တွယ်တော့မှာ ဖြစ်ပါတယ်။

ဘိုလီကတော့ ကွင်းအတွင်း ရလဒ်များ ဆိုးရွားခြင်းကြောင့်မဟုတ်ဘဲ အမြဲတမ်း အစီစဉ်တကျ လုပ်ခဲ့တဲ့ ကလပ်ကို ကောင်းကောင်း လုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

#ချဲလ်ဆီး #အပြောင်းအရွှေ့ #တူချယ် #ဘိုလီ #တော့ဘိုလီ