ရှေ့သို့
Image

လီဗာပူး ချဲလ်ဆီးတို့နဲ့ အပြောင်းအရွှေ့အပေါ် တုံ့ပြန်လိုက်တဲ့ ဖိုဖာနာ

10:10 AM, 20 May

ဖိုဖာနာကို အသင်းတော်တော်များများက လိုချင်နေကြတာဖြစ်ပြီး လီဗာပူး ချဲလ်ဆီးတို့နဲ့ ချိတ်ဆက်နေတဲ့ ကစားသမားက ဒီနွေရာသီမှာ မိုနာကိုကနေ ထွက်ခွာရန် နီးစပ်မှုမရှိနေတာဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ ၂၀၂၀ ခုနှစ်တွင် မိုနာကိုသို့ ရောက်လာကတည်းက ခြေစွမ်းပြသခဲ့ကာ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားမတိုင်ခင်မှာ ချက်ခြင်းဆိုသလို စီနီယာလက်ရွေးစင်အသင်းကြီးရဲ့ ရွေးချယ်ခြင်းကို ခံခဲ့ရပါတယ်။ ဖိုဖာနာဟာ ကာတာတွင် ပြင်သစ်အတွက် ပွဲထွက်ကစားခဲ့ပြီး မက်ဆီနှင့် အာဂျင်တီးနားတို့နဲ့ပွဲမှာ အရန်ခုံကနေ ပွဲထွက် ကစားခဲ့ကာ ကလပ်တော်တော်များများရဲ့ မျက်စိကျခြင်းကိုခံခဲ့ရပါတယ်။ အခုတော့ သူဟာ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကြေးအများအပြားဖြင့် ပြောင်းရွှေ့ဖို့ သတင်းထွက်နေပါတယ်။

လီဗာပူး ချဲလ်ဆီးတို့နဲ့ သတင်းထွက်နေတဲ့အပေါ် မေးမြန်းရာတွင် ဖိုဖာနာက Evening Standard သို့ "မိုနာကိုဆိုတာက ပြင်သစ်နဲ့ ဥရောပမှာ ကြီးမားတဲ့ကလပ်တစ်ခုဖြစ်ပါတယ်။ အသင်းကြီးတော်တော်များများက ကစားသမားတွေရှာဖို့ ဒီကိုလာကြတာကို ကျွန်တော်တို့ သတိထားမိပါတယ်။ အသင်းကနေထွက်ခွာဖို့ ကောင်းတဲ့အခွင့်အရေးလားဆိုတာကို ကျွန်တော်လည်း မပြောနိုင်သေးပါဘူး။ ကျွန်တော်သေချာမသိသော်လည်း လက်ရှိအချိန်မှာ လမ်းမှန်အတိုင်းလုပ်နေပါတယ်။ ကျွန်တော်က ထိပ်တန်းကစားသမားတွေနဲ့ တွဲကစာဖူးပါတယ်။ တစ်နေ့ နာမည်ကြီး ကစားသမားအများအပြားနဲ့ တွဲကစားရမယ်ဆိုရင် ပိုပြီးကျေနပ်ဖို့ကောင်းမှာပါ ကျွန်တော်ရဲ့ ကစားပုံလည်း ကောင်းလာမှာပါ" ပြောပါတယ်။

ဖိုဖာနာဟာ မိုနာကိုနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းရှိတာဖြစ်ပြီး နောက်ထပ် ၁၂ သက်တမ်းတိုးဖို့ သဘောတူညီချက်လည်းရှိနေပါတယ်။ သူဟာ ကမ္ဘာ့ဖလားဖိုင်နယ်မှာ ကစားဖူးတဲ့ အတွေ့အကြုံလည်းရှိကာ အင်္ဂလန်ကို အနိုင်ရရှိကာ ဖိုင်နယ်သို့ တက်ရောက်လာခြင်းဖြစ်ပါတယ်။

"အင်္ဂလန်နဲ့ပွဲက ပြင်ဆင်ဖို့အတွက် အခက်ခဲဆုံးလို့ ထင်ပါတယ်။ ယူရိုရဲ့ ဒုတိယဆုရှင်နဲ့ ရင်ဆိုင်ရမှာဖြစ်တဲ့ အတွက် စိုးရိမ်မိတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့အသင်းတိုင်းအပေါ် လေးစားမှုရှိပါတယ်။ အင်္ဂလန်ဆိုတာ ကျွန်တော်တို့လို အသင်းဖြစ်ပြီး ခံစစ်နဲ့ တိုက်စစ်ပိုင်းမှာ အရည်အချင်းရှိတဲ့ အသင်းဖြစ်တာကြောင့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ ကိန်းသာ ပင်နယ်တီကို ဝင်အောင်ကန်သွင်းနိုင်ခဲ့မယ်ဆိုရင် ပွဲအပေါ် အကျိုးသက်ရောက်မှုရှိသွားမှာပါ" လို့ ကစားသမားက ပြောပါတယ်။

လက်ရှိရာသီမှာ ဖိုဖာနာဟာ မိုနာအတွက် ၄၄ ပွဲ ကစားပေးထားပြီး ၂ ဂိုး သွင်းယူကာ ဘောလုံးရယူနိုင်တဲ့ အရည်အချင်းကောင်းရှိနေတာကြောင့် အန်ဖီးလ်နှင့် စတန်းဖို့ဒ်ဘရစ်ချ်တို့မှာ အင်အားဖြည့်တင်းလိုနေတဲ့ လီဗာပူးနှင့် ချဲလ်ဆီးတို့အတွက် အသုံးဝင်စေမှာဖြစ်ပါတယ်။

#လီဗာပူး #ချဲလ်ဆီး #အပြောင်းအရွှေ့ #ဖိုဖာနာ