ရှေ့သို့
Image

ယူနိုက်တက်အား ရောင်းချဖို့ ဂလေဇာမိသားစုကို တိုက်တွန်းလိုက်တဲ့ ဘက်ခမ်း

9:50 AM, 29 July

ယူနိုက်တက်အားရောင်းချဖို့ ဂလေဇာမိသားစုကို ဘက်ခမ်းက ပြောကြားထားတာဖြစ်ပြီး ပြောင်းလဲမှုရှိတယ်လို့ဆိုထားကာ မကြာသေးမီက ဝိန်းရွန်းနီဟာ အသင်းပိုင်ရှင်တွေက ချီးကျူးဖို့ထိုက်တန်တယ်လို့ အကြံပြုပြောထားပါတယ်။

ကံမကောင်းတာက ယူနိုက်တက်ကို လွဲပြောင်းတဲ့ လုပ်ငန်းစဉ်က ကြန့်ကြာနေပါတယ်။ နှောင့်နှေးတဲ့ ဆုံးဖြတ်ချက်ကြောင့် မကြာမီအချိန်မှာ ၉ လမြောက်တဲ့အချိန်သို့ ရောက်ရှိတော့မှာဖြစ်ပါတယ်။ အပြိုင်ဈေးပေးထားသူ ၂ ဦးရှိပြီး ကာတာဘဏ်လုပ်ငန်းရှင် ရှိတ်ဂျက်ဆင်နှင့် ဆာဂျင်မီရိုက်ကလစ်တို့ဟာ ပရီးမီးယားလိဂ်ရဲ့ အကြီးဆုံးကလပ်ကို ထိန်းချုပ်ရန် စိတ်အားထက်သန်နေကြပါတယ်။

ဂလေဇာမိသားစုအနေနဲ့ ရောင်းချသင့်သလားလို့ မေရာတွင် ဘက်ခမ်းက The Athletic သို့ "ရောင်းသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ပရိသတ်တွေ လိုချင်တာ သက်သက်ကြောင့်လို့ ထင်မိပါတယ်။ အထူးသဖြင့် ယူနိုက်တက်လိုကလပ်မှာ ပရိသတ်တွေကို ဆုံးရှုံးလိုက်တဲ့အခါ ပြန်ရဖို့ဆိုတာ ခက်ပါတယ်" "ဂလေဇာမိသားစုက ငွေကြေးအရရော တော်တော်များများ အောင်မြင်ခဲ့ပြီးပါပြီ၊ ယူနိုက်တက်ကို ရောင်းချမယ့် ပမာဏနဲ့ ပတ်သက်ပြီး ပြောနေတာတောင် သူတို့ရရှိထားတဲ့ အောင်မြင်မှုတွေကို ပြသနေပါတယ်" "ဒါပေမယ့် အပြောင်းအလဲတော့ ရှိဖို့လိုတယ်။ အဲဒါကို ငါတို့အားလုံး မြင်ဖူးခဲ့သလို အားလုံးလည်းသိပါတယ်"

ဘက်ခမ်းက "ကွင်းပြင်ပက ပရိသတ်နဲ့ ကစားသမားဟောင်းတစ်ယောက်အနေနဲ့ ဒါကိုပဲ ဖြေရှင်းသွားစေချင်ပါတယ်။ ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခုရှိရမှာပါ" "ကလပ်အတွက်လုပ်ဆောင်ပေးနေတဲ့ ဘယ်သူပဲဖြစ်ဖြစ် စိတ်အားထက်သန်ပြီး ပါဝင်ဖို့၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချဖို့၊ မှန်ကန်တဲ့ ကစားသမားတွေကို ခေါ်ယူပြီး ကလပ်မှာ ရင်းနှီးမြှုပ်နှံစေချင်ပါတယ်" “ဘာလို့လဲဆိုတော့ ကလပ်က လေ့ကျင့်ရေးကွင်းပဲဖြစ်ဖြစ်၊ ကွင်းကြီးမှာပဲဖြစ်ဖြစ် ရင်းနှီးမြုပ်နှံမှုတွေ လိုအပ်နေတာကြောင့် ဒီလိုမျိုးကြီးကြီးမားမားတွေ လုပ်ဖို့လိုပါတယ်၊ အထူးသဖြင့် မန်စီးတီးနဲ့ သူတို့ကြိုက်တဲ့အရာတွေကို မြင်တဲ့အခါ အပြောင်းအလဲတွေ ဖြစ်လာဖို့ လိုပါတယ်"လို့ ပြောပါတယ်။

အဆိုပါအင်တာဗျူးမှာပဲ ယခုနွေရာသီတွင် မက်ဆီအား အမေရိကသို့ ခေါ်ဆောင်လာခဲ့တဲ့ အင်တာမီယာမီရှိ ဘက်ခမ်းရဲ့ လက်ရှိအခန်းကဏ္ဍနှင့် ပတ်သက်၍ ပြောဆိုမှုများလည်း ပါဝင်ခဲ့ပါတယ်။ ဖီးလ်နဗီးလ်အတွက် ဘယ်လို ဆုံးဖြတ်ချက် ချခဲ့တာလဲလို့ မေးရာတွင် "ဒါက လာမယ်ဆိုတာ သူလည်းသိပြီး လူကြီးလူကောင်းတစ်ယောက်လို တာဝန်ယူခဲ့တာပါ" လို့ ဘက်ခမ်းကပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒေးဗစ်ဘက်ခမ်း #ဂလေဇာ #ပရီးမီးယားလိဂ်