ရှေ့သို့
Image

နည်းပြ ပိုချက်တီနိုအတွက် တန်းကြေးမြင့် ကစားသမားတစ်ဦး ထပ်ခေါ်ပေးရန် ပြင်ဆင်နေတဲ့ တော့ဒ်ဘိုလီ

4:25 PM, 17 May

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ရလဒ်ပိုင်းအားနည်းကာ အမှတ်ပေးဇယားအလယ်ပိုင်းတွင်သာ  ရပ်တည်နေတာကြောင့် ဖိအားများစွာဖြင့် ကြုံတွေ့နေရတဲ့ ချဲလ်ဆီးအသင်းရဲ့ ပိုင်ရှင် တော့ဒ်ဘိုလီက ယခုနှစ်ဘောလုံးရာသီအတွင်းမှာ နည်းပြ အပြောင်းအလဲအချို့ ပြုလုပ်ထားခဲ့တာဖြစ်ပြီး မကြာသေးမီကာလတွင် ခန့်အပ်ထားတဲ့ နည်းပြ ပိုချက်တီနိုကိုလည်း ထိပ်တန်း ကစားသမား တစ်ဦးဝယ်ယူပေးရန် ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက ယခုနှစ်ဘောလုံးရာသီမတိုင်မီ ရာသီကြို အပြောင်းရွှေ့ကာလအတွင်းမှာ ပရီးမီးယားလိဂ် အတွေ့အကြုံရှိ ထိပ်တန်းကစားသမား အချို့ကို ခေါ်ယူအားဖြည့်ထားခဲ့သလို ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းရွှေ့အတွင်းမှာလည်း ဥရောပထိပ်တန်းကစားသမားအချို့ကို အားဖြည့်ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

ကလပ်အသင်းပိုင်ရှင် တော့ဒ်ဘိုလီအနေဖြင့် စိတ်ကြိုက်ကစားသမားစာရင်းကို ဖန်တီးပြီး အကောင်းဆုံး တည်ဆောက်နေပေမဲ့ ရလဒ်မကောင်းခဲ့တာကြောင့် နည်းပြ သောမက်စ်တူချယ်ကို ထုတ်ပယ်ကာ နည်းပြ အပြောင်းအလဲတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး တော့တင်ဟမ်အသင်းနဲ့ အတူ ပရီးမီးယားလိဂ် ပြိုင်ပွဲအတွင်းမှာ အသိအမှတ်ပြုဖွယ် မှတ်တမ်းကို ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ အာဂျင်တီးနားလူမျိုး နည်းပြ ပိုချက်တီနိုအား ခန့်ထားခဲ့တာလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်အသင်းတို့ရဲ့ ပစ်မှတ် ကစားသမားဖြစ်တဲ့ ဝက်စ်ဟမ်း ကွင်းလယ်ကစားသမား ဒီကလန်ရိုက်စ် အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၉၀ အသုံးပြုကာ တော့ဒ်ဘိုလီအနေဖြင့် ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက ယခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ရလဒ်မကောင်းခဲ့တာကြောင့် လာမယ့်နှစ်ဘောလုံးရာသီတွင် နည်းပြ ပိုချက်တီနိုရဲ့ ဦးဆောင်မှုနဲ့အတူ အရည်အသွေး ပြည့်မီတဲ့ ကစားသမား ၃၀ဦးခန့်ဖြင့် ခရီးဆက်ရန် လုပ်ဆောင်နေပြီး ဝန်ထုပ်ဝန်ပိုး ဖြစ်နေတဲ့ ကစားသမားချို့ကို ရောင်းချသွားရန် ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။

#ပိုချက်တီနို #တော့ဘိုလီ #ပရီးမီးယားလိဂ်