ရှေ့သို့
Image

ဘယ်လ်ဂျီယံ တတိယတန်းကလပ် ဗာတွန်အသင်းကို ဝယ်ယူလိုက်တဲ့ ကန်တီ

9:03 AM, 30 June

ချဲလ်ဆီးကွင်းလယ်လူဟောင်း ကန်တီတစ်ယောက် ဘယ်လ်ဂျီယံတတိယတန်းကလပ် ဗာတွန်အသင်းကို ဝယ်ယူလိုက်ပါတယ်။ ကြာသပတေးနေ့တုန်းက ဘီကာက အသက် ၃၂ နှစ်သားထံအသင်းကို ရောင်းချတယ်လို့ အတည်ပြုခဲ့ပြီး ဆော်ဒီအသင်းထံ ကန်တီက ကြီးမားတဲ့ငွေကြေးတစ်ရပ်နဲ့ပြောင်းခဲ့တာ ဖြစ်ပါတယ်။

“ဘီကာအနေနဲ့ ကန်တီလက်ထဲကို အသင်းထည့်လိုက်ရလို့ အရမ်းပျော်နေပါတယ်။ တကယ့်ထိပ်တန်းကစားသမားပါ။ ဘောလုံးတင်မဟုတ်ပဲ လူသားတစ်ဦးအနေနဲ့ပါ အရည်အချင်းပြည့်ဝတဲ့သူပါ။ ဘောလုံးကို သူ့ရဲ့စိတ်အားထက်သန်မှုနဲ့ မောင်းနှင်ပါတယ်။ ကန်တီက အသင်းကို အောက်ခြေကနေ တည်ဆောက်ချင်တာပါ။ ဗာတွန်လူငယ်အကယ်ဒမီကနေ ဝန်ထမ်းအထိ တည်ငြိမ်ချင်တာပါ။  ပြီးတော့ အသင်းကလည်း အကောင်းဆုံးအနေအထားနဲ့ ပြန်လာနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်” လို့ ဗာတွန်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဗာတွန်ဟာ ဘယ်လ်ဂျီယံဒုတိယတန်းလိဂ်ကနေ တန်းဆင်းခဲ့ရပြီး ၂၀၂၂ - ၂၃ ရာသီမှာ အကြွေးအားလုံးကင်းရှင်းခဲ့ပါတယ်။ ကန်တီကတော့ ဘောလုံးအသင်းပိုင်ဆိုင်တဲ့ နောက်ဆုံးဆယ်လီတစ်ဦးဖြစ်လာခဲ့ကာ ဇာဟာကလည်း တစ်ပတ်ထဲမှာပဲ ခရိုင်ဒွန်အသင်းကို ဝယ်ယူခဲ့ပါတယ်။

ဘက်ခမ်းကတော့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းနဲ့အတူ လူသိများတဲ့ ကစားသမားဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

#ချဲလ်ဆီး #ကန်တီ #ပရီးမီးယားလိဂ် #ဗာတွန်